တာခ်ီလိတ္၌ ျမန္မာ - ထိုင္း ေငြလဲေစ်းႏႈန္း ႐ုတ္တရက္ က်ဆင္း

တာခ်ီလိတ္၌ ျမန္မာ - ထိုင္း ေငြလဲေစ်းႏႈန္း ႐ုတ္တရက္ က်ဆင္း
ဖေဖော်ဝါရီ 10, 2016
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ၿမိဳ႕ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလ ေနာက္ဆုံးအပတ္မွ ေဖေဖာ္၀ါရီလ ဒုတိယအပတ္အတြင္း ျမန္မာက်ပ္ေငြ တစ္သိန္းလွ်င္ ထိုင္းဘတ္ (၂၇၇၅)ဘတ္ မွ (၃၀၀၀)ဘတ္ထိ ျမင့္တက္လာၿပီး ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔တြင္ ရုတ္တရက္ ေငြေစ်းက်ဆင္းသြားေၾကာင္း သိရသည္။

"ျမန္မာ - ထိုင္း ေငြေစ်းက မေန႔က က်ပ္တစ္သိန္းကို ဘတ္(၃၀၀၀)ေက်ာ္ထိရွိခဲ့တယ္။ ဒီေန႔ ေတာ့ (၂၉၀၀)ေက်ာ္ပဲ ရွိေတာ့တယ္၊ ေငြေစ်းက တက္လိုက္၊ က်လိုက္ပါပဲ၊ မနက္ျဖန္လည္း က်ႏိုင္တယ္လို႔ ထင္တယ္၊"ဟု ကိုသူရက ေျပာသည္။

ေဖေဖာ္၀ါရီလ(၉)ရက္ေန႔ အထိ က်ပ္ေငြေစ်း ျပန္လည္ ဦးေမာ့လာသျဖင့္ ေဒသတြင္းသို႔ ျပည္တြင္းမွ အေျခခံ စားေသာက္ကုန္ပစၥည္းမ်ား တင္သြင္းသည့္ ကုန္သည္မ်ား ပိုမိုအဆင္ေျပလာႏိုင္ေၾကာင္း ကုန္သည္ အသိုင္းအ၀ိုင္းမွ ခန္႔မွန္းၾကေသာ္လည္း ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔တြင္ က်ပ္တစ္သိန္းလွ်င္ ထိုင္းဘတ္ (၂၉၅၀) မွ (၂၉၀၀)၀န္းက်င္အထိ က်ဆင္းသြားသည့္ အတြက္ က်ပ္ေငြကိုင္ေဆာင္သူမ်ား အၾကား ကေမာက္ကမ ျဖစ္သြားေစခဲ့ေၾကာင္း ကုန္သည္မ်ားက ဆိုသည္။

ေငြလဲႏႈန္းမွာ ဇန္န၀ါရီလ ၂၉ ရက္က က်ပ္တစ္သိန္းလွ်င္ ထိုင္းဘတ္ေငြ (၂၇၇၅) ဘတ္ရွိၿပီး၊ ေဖေဖာ္၀ါရီလ (၁)ရက္ေန႔မွစ၍ က်ပ္တစ္သိန္းလွ်င္ ထိုင္းဘတ္ေငြ (၂၇၈၀)ဘတ္ သို႔ ေစ်းႏႈန္း စတင္တက္လာၿပီးေနာက္ ေဖေဖာ္၀ါရီလ (၉)ရက္ေန႔တြင္ က်ပ္တစ္သိန္းလွ်င္ ထိုင္းဘတ္ေငြ (၃၀၀၀)ဘတ္သို႔ ေရာက္လာၿပီး ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔တြင္ ထိုင္းဘတ္ေငြ (၂၉၀၀)၀န္းက်င္အထိ က်ဆင္းသြားခဲ့သည္။
********************

( unicode )

ထိုင်း - မြန်မာနယ်စပ်မြို့ တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် (၂၇၇၅)ဘတ် မှ (၃၀၀၀)ဘတ်ထိ မြင့်တက်လာပြီး ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ရုတ်တရက် ငွေဈေးကျဆင်းသွားကြောင်း သိရသည်။

"မြန်မာ - ထိုင်း ငွေဈေးက မနေ့က ကျပ်တစ်သိန်းကို ဘတ်(၃၀၀၀)ကျော်ထိရှိခဲ့တယ်။ ဒီနေ့ တော့ (၂၉၀၀)ကျော်ပဲ ရှိတော့တယ်၊ ငွေဈေးက တက်လိုက်၊ ကျလိုက်ပါပဲ၊ မနက်ဖြန်လည်း ကျနိုင်တယ်လို့ ထင်တယ်၊"ဟု ကိုသူရက ပြောသည်။

ဖေဖော်ဝါရီလ(၉)ရက်နေ့ အထိ ကျပ်ငွေဈေး ပြန်လည် ဦးမော့လာသဖြင့် ဒေသတွင်းသို့ ပြည်တွင်းမှ အခြေခံ စားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့် ကုန်သည်များ ပိုမိုအဆင်ပြေလာနိုင်ကြောင်း ကုန်သည် အသိုင်းအဝိုင်းမှ ခန့်မှန်းကြသော်လည်း ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် (၂၉၅၀) မှ (၂၉၀၀)ဝန်းကျင်အထိ ကျဆင်းသွားသည့် အတွက် ကျပ်ငွေကိုင်ဆောင်သူများ အကြား ကမောက်ကမ ဖြစ်သွားစေခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

ငွေလဲနှုန်းမှာ ဇန်နဝါရီလ ၂၉ ရက်က ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၂၇၇၅) ဘတ်ရှိပြီး၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၂၇၈၀)ဘတ် သို့ ဈေးနှုန်း စတင်တက်လာပြီးနောက် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၃၀၀၀)ဘတ်သို့ ရောက်လာပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ထိုင်းဘတ်ငွေ (၂၉၀၀)ဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~