ကျိုင်းတုံ - တောင်ကြီးသို့ သွားသည့်ခရီးသည်ဦးရေ တရုတ်နှစ်သစ်ကူး ကာလအတွင်း ပုံမှန်သာရှိ

ကျိုင်းတုံ - တောင်ကြီးသို့ သွားသည့်ခရီးသည်ဦးရေ တရုတ်နှစ်သစ်ကူး ကာလအတွင်း ပုံမှန်သာရှိ
ဖေဖော်ဝါရီ 11, 2016
By Tachileik News Agency

တရုတ်နှစ်သစ်ကူးကာလအတွင်း ကျိုင်းတုံ - တောင်ကြီးသို့ သွားသည့် ခရီးသည်ဦးရေမှာ ထူးထူးခြားခြား မြင့်တက်လာခြင်းမရှိဘဲ ပုံမှန်သာရှိကြောင်း ကျိုင်းတုံ - တောင်ကြီးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

"ကျွန်တော်တို့ရဲ့ကားဂိတ်က တစ်နေ့ကို ကားနှစ်စီးပုံမှန်ထွက်ဖြစ်ပါတယ်။ နှစ်သစ်ကူးကာလမို့ ခရီးသည်ဦးရေ တိုးလာတယ်လို့ မရှိပါဘူး"ဟု ကျိုင်းတုံ ချမ်းသာအောင်ကားဂိတ်မှ ဂိတ်မှူး ဦးမော်က ပြောသည်။

နှစ်သစ်ကူးကာလအတွင်း ခရီးသည်ဦးရေ တိုးမလာသော်လည်း ရှမ်းအရှေ့တွင် လာရောက် အလုပ်လုပ်ကိုင်ကြသူများသည် ဇာတိမြို့များဖြစ်သော ပျော်ဘွယ်နှင့် မိတ္ထီလာမြို့များသို့ ပြန်ကြသူ များကြောင်းသိရသည်။

ကျိုင်းတုံ - တောင်ကြီးသို့ သွားသော ကားများတွင် ခရီးသည်(၁၅)ဦးဆန့်ပြီး ခရီးသည်တစ်ဦးလျှင် (၂၅၀၀၀)ကျပ်နှုန်းကျသင့်ပြီး ကျိုင်းတုံမှ တောင်ကြီိးသို့ သွားရန် ဆင်မောင်းမြို့တွင် တစ်ညအိပ်ရကြောင်း သိရသည်။

ကျိုင်းတုံ ရမ်းခမ်းကားကြီးကွင်းတွင် ယာဉ်လိုင်း (၁၈)လိုင်းရှိပြီး အဓိကအားဖြင့် တောင်ကြီး - ကျိုင်းတုံသို့ ပုံမှန် ပြေးဆွဲလျှက်ရှိပြီး ယာဉ်လိုင်းဂိတ်တစ်ခုလျှင် တစ်နေ့ (၂)ကြိမ်ပြေးဆွဲကြောင်း သိရှိရသည်။

သတင်း။  ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~