ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ထား၍ စကားသံမပီသသော ကလေးငယ်များ အတွက် စကားပြောလေ့ကျင့်ပေးမည့် သင်တန်းပေးရန် တာချီလိတ်ရှိ မူလတန်းကလေးငယ် (၆၀)အား ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် ( NWDF - Northern Women's Development Foundation )မှ စစ်တမ်းကောက်ယူနေကြောင်း သိရသည်။
"မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးတွေက ခွဲစိတ်ပြီးလည်း စကားသံ ပီပီသသ မပြောတတ်ဘူး။ ဒါကြောင့် သူတို့ စကားပြောတဲ့အခါ အသံပီသဖို့အတွက် Training ပေးဖို့ သင့်တော်တဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲရမှာဖြစ်တဲ့အတွက် စစ်တမ်းကောက်မှာပါ"ဟု (NWDF)myanmar project coordinator နန်းအိအိဖြူက ပြောသည်။
သင်တန်းအတွက် လိုအပ်သော သင်ရိုးညွှန်းတမ်းများရေးဆွဲရန် ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း တာချီလိတ်မြို့ပေါ်ရှိ အသက်(၆)နှစ်မှ အသက်(၁၃)နှစ်အရွယ်ရှိကလေး အယောက်(၆၀)အား စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။
ရှမ်းပြည်နယ်အတွင်း(NWDF - Northern Women's Development Foundation)၏ စစ်တမ်းများအရ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များပေါင်း (၂၅၈)ဦးခန့်ရှိနေကြောင်း သိရသည်။