ႏိုင္ငံတကာ သတၱဳေစ်းႏႈန္းမ်ား သံုးႏွစ္ဆက္တိုက္ ထိုးက်ေနသျဖင့္ မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္သတၱဳမ်ား ႏိုင္ငံျခားသို႔ တင္ပို႔ႏိုင္ျခင္းမရွိေၾကာင္း စိုင္းေလာင္ဟိန္း သတၱဳထုတ္လုပ္ေရးကုမၸဏီမွ သိရသည္။
"ႏိုင္ငံတကာ သတၱဳေစ်းကြက္ကလည္း က်ေနတယ္။ ၀ယ္လက္လည္း မရွိဘူး။ တူးေဖာ္ထားတာေတြလည္း ဒီအတိုင္းပံုထားရေတာ့ ရင္းႏွီးျမႇဳပ္ႏွံထားတာေတြ ျပန္မရေသးဘူး။ ႏိုင္ငံေတာ္က အခ်ိဳးက် ေတာင္းေနျပန္ေတာ့ ပိုဆိုးၿပီ"ဟု စိုင္းေလာင္ဟိန္း သတၱဳတူးေဖာ္ေရးကုမၸဏီမွ အုပ္ခ်ဳပ္မႈ ဒါရိုက္တာ ဦးတင္ႏြယ္က ေျပာသည္။
မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္သတၱဳ၏ ေစ်းႏွဳန္းမွာ ၂၀၁၂ ခုနွစ္တြင္ တစ္တန္လွ်င္ ေဒၚလာ(၁၀၀)ခန္႔ရွိခဲ့ေသာ္လည္း ယခုလက္ရွိ တစ္တန္လွ်င္ ေဒၚလာ(၄၀)ခန္႔သာရွိေၾကာင္း သိရသည္။
မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္ သတၱဳတူးေဖာ္မႈမွာ ၂၀၁၀ ခုႏွစ္တြင္ တန္ခ်ိန္ တစ္ေသာင္းထုတ္လုပ္ႏိုင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ တန္ခ်ိန္(၇၅၀)သာ ထုတ္လုပ္ႏိုင္ေၾကာင္း သတၱဳေစ်းႏႈန္းက်ဆင္းေနသျဖင့္ ထုတ္လုပ္ၿပီးသတၱဳမ်ားကို စုပံုထားရေၾကာင္း ၎ထံမွ သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ တူးေဖာ္ရရိွေသာ မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္သတၱဳကို အဆင့္္မီ ထုတ္လုပ္ႏိုင္ရန္ သတၱဳသန္႔စင္ေရးအတြက္ လွ်ပ္စစ္မီးႏွင့္ စက္ပစၥည္းမ်ား၊ ယႏၱရားမ်ား လိုအပ္လွ်က္ရွိေၾကာင္း သတၱဳတူးေဖာ္ေရးလုပ္ငန္းရွင္မ်ားထံမွသိရသည္။
***************
( unicode )
နိုင်ငံတကာ သတ္တုဈေးနှုန်းများ သုံးနှစ်ဆက်တိုက် ထိုးကျနေသဖြင့် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်သတ္တုများ နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း စိုင်းလောင်ဟိန်း သတ္တုထုတ်လုပ်ရေးကုမ္ပဏီမှ သိရသည်။
"နိုင်ငံတကာ သတ္တုဈေးကွက်ကလည်း ကျနေတယ်။ ဝယ်လက်လည်း မရှိဘူး။ တူးဖော်ထားတာတွေလည်း ဒီအတိုင်းပုံထားရတော့ ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်မရသေးဘူး။ နိုင်ငံတော်က အချိုးကျ တောင်းနပြေန်တော့ ပိုဆိုးပြီ"ဟု စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်နွယ်က ပြောသည်။
မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်သတ္တု၏ ဈေးနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် တစ်တန်လျှင် ဒေါ်လာ(၁၀၀)ခန့်ရှိခဲ့သော်လည်း ယခုလက်ရှိ တစ်တန်လျှင် ဒေါ်လာ(၄၀)ခန့်သာရှိကြောင်း သိရသည်။
မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် သတ္တုတူးဖော်မှုမှာ ၂၀၁၀ ခုနှစ်တွင် တန်ချိန် တစ်သောင်းထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တန်ချိန်(၇၅၀)သာ ထုတ်လုပ်နိုင်ကြောင်း သတ္တုဈေးနှုန်းကျဆင်းနေသဖြင့် ထုတ်လုပ်ပြီးသတ္တုများကို စုပုံထားရကြောင်း၎င်းထံမှ သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တူးဖော်ရရှိသော မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်သတ္တုကို အဆင့်မီ ထုတ်လုပ်နိုင်ရန် သတ္တုသန့်စင်ရေးအတွက် လျှပ်စစ်မီးနှင့် စက်ပစ္စည်းများ၊ ယန္တရားများ လိုအပ်လျှက်ရှိကြောင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များထံမှသိရသည်။