မီးဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးတွင် ကူညီပေးနိုင်ရန် တာချီလိတ်စေတနာရှင်များ ကိုယ်စား အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ အလှူငွေကောက်ခံလျှက်ရှိရာ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းက Tachileik Allure Resort မှ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင်ရှိ အလှူခံဌာနသို့ ဘတ်(၅)သောင်း လာရောက်လှူဒါန်းကြောင်း သိရသည်။
Tachileik Allure Resort မှ Mr Charkris Kardkhumjohndej မိသားစုက ကျပ်(၁၇)သိန်းကျော်နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ (၅၀၀၀၀)တိတိအား လှူဒါန်းခြင်းဖြစ်ရာ အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။
ဖေဖော်ဝါရီလ (၈)ရက်နေ့က အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ တာချီလိတ်စေတနာရှင်များ ကိုယ်စားပြုကာ တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ဦးစီးပြီး နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူ(၂၀၀၀)ခန့်အား ကျပ်သိန်း (၄၀၀)ကျော်တန်ဖိုးရှိ အ၀တ်အစားများနှင့် အိမ်အသုံးဆောင်ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။