ရွမ္း(အေရွ႕)၌ ႏိုင္ငံျခားခရီးသြား တိုးလာေသာ္လည္း ရိုးရာပစၥည္းေစ်းကြက္ ေရာင္းအားက်

ရွမ္း(အေရွ႕)၌ ႏိုင္ငံျခားခရီးသြား တိုးလာေသာ္လည္း ရိုးရာပစၥည္းေစ်းကြက္ ေရာင္းအားက်
ဖေဖော်ဝါရီ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္၂၀၁၅ - ၂၀၁၆ဘ႑ာနွစ္အတြင္း ႏိုင္ငံျခားသား ခရီးသြားဝင္ေရာက္မႈ တိုးလာေသာ္လည္း ရိုးရာပစၥည္းမ်ား ေရာင္းခ်သည့္ ေစ်းကြက္တြင္ ျပည္ပခရီးသြားမ်ား အဝယ္ က်ဆင္းသြားၿပီး ျပည္တြင္းအဝယ္မ်ားကိုသာ ေရာင္းခ်ေနရေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း ႏုိင္ငံျခားခရီးသြားမ်ား အမ်ားဆံုး လည္ပတ္ေလ့ရိွသည့္ က်ိဳင္းတံုၿမိဳ႕၏ ရိုုးရာပစၥည္းေစ်းကြက္တြင္ အဓိကေရာင္းခ်ေနရသည့္ အာခါ႐ိုးရာ လက္လုပ္ အထည္မ်ားကို ယခုႏွစ္အတြင္း ျပည္ပခရီးသြားမ်ားထက္ ျပည္တြင္းကသာ ၀ယ္ယူမႈမ်ားျပားေၾကာင္း အာခါ႐ိုးရာ လက္မႈအထည္လုပ္ငန္းမ်ားမွ သိရသည္။

"အာခါ႐ိုးရာ အထည္ေတြကို အရင္တုန္းကေတာ့ ႏိုင္ငံျခားသားေတြက ဝယ္ဝယ္ၿပီးျပန္ၾကတယ္။ အခုေနာက္ပိုင္းက်ေတာ့ သူတို႔က ဓာတ္ပုံ႐ိုက္ၿပီးပဲ ျပန္ၾကတယ္။ ၀ယ္ရင္လည္း လက္ပတ္နဲ႔ လြယ္အိတ္ေလာက္ပဲ ၀ယ္ၾကတယ္။ သိပ္မ၀ယ္ၾကေတာ့ဘူး။"ဟု Akha Handicrafts Centre မွ ေဒၚခင္ေထြးက ေျပာသည္။

အာခါ႐ိုးရာ လက္မႈထည္မ်ားအတြက္ ကုန္ၾကမ္းမ်ားကို တ႐ုတ္၊ ထိုင္း စသည့္ႏိုင္ငံမ်ားမွ တင္သြင္းကာ က်ိဳင္းတုံၿမိဳ႕တြင္ ယက္လုပ္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔ ခရီးသြားဝင္ေရာက္မႈတြင္ တာခ်ီလိတ္ - က်ိဳင္းတုံ - မိုင္းလားႏွင့္ မိုင္းလား - က်ိဳင္းတုံ - တာခ်ီလိတ္ ခရီးစဥ္မ်ားျဖင့္ ထိုင္းႏိုင္ငံနယ္စပ္ တာခ်ီလိတ္ ဝင္ေပါက္ႏွင့္ တ႐ုတ္ႏိုင္ငံ နယ္စပ္ မိုင္းလားၿမိဳ႕ဝင္ေပါက္မ်ားမွ လာေရာက္သူ ပိုမိုမ်ားျပားၿပီး ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္အတြင္း ႏိုင္ငံျခားသား ခရီးသြား (၁.၄)သန္းဝင္ေရာက္ခဲ့ကာ အဆိုပါ ဘ႑ာႏွစ္၏ ဇန္နဝါရီလအထိ ႏိုင္ငံျခားသားခရီးသြား (၁.၆)သန္းအထိ ဝင္ေရာက္ခဲ့ေၾကာင္း က်ိဳင္းတံုၿမိဳ႕ ဟိုတယ္ႏွင့္ ခရီးသြားလာေရးညႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ဇြဲျမတ္
***********************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်၂၀၁၅ - ၂၀၁၆ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု တိုးလာသော်လည်း ရိုးရာပစ္စည်းများ ရောင်းချသည့် ဈေးကွက်တွင် ပြည်ပခရီးသွားများ အဝယ် ကျဆင်းသွားပြီး ပြည်တွင်းအဝယ်များကိုသာ ရောင်းချနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နိုင်ငံခြားခရီးသွားများ အများဆုံး လည်ပတ်လေ့ရှိသည့် ကျိုင်းတုံမြို့၏ ရိုးရာပစ္စည်းဈေးကွက်တွင် အဓိကရောင်းချနေရသည့် အာခါရိုးရာ လက်လုပ် အထည်များကို ယခုနှစ်အတွင်း ပြည်ပခရီးသွားများထက် ပြည်တွင်းကသာ ဝယ်ယူမှုများပြားကြောင်း အာခါရိုးရာ လက်မှုအထည်လုပ်ငန်းများမှ သိရသည်။

"အာခါရိုးရာ အထည်တွေကို အရင်တုန်းကတော့ နိုင်ငံခြားသားတွေက ဝယ်ဝယ်ပြီးပြန်ကြတယ်။ အခုနောက်ပိုင်းကျတော့ သူတို့က ဓာတ်ပုံရိုက်ပြီးပဲ ပြန်ကြတယ်။ ဝယ်ရင်လည်း လက်ပတ်နဲ့ လွယ်အိတ်လောက်ပဲ ဝယ်ကြတယ်။ သိပ်မဝယ်ကြတော့ဘူး။"ဟု Akha Handicrafts Centre မှ ဒေါ်ခင်ထွေးက ပြောသည်။

အာခါရိုးရာ လက်မှုထည်များအတွက် ကုန်ကြမ်းများကို တရုတ်၊ ထိုင်း စသည့်နိုင်ငံများမှ တင်သွင်းကာ ကျိုင်းတုံမြို့တွင် ယက်လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ခရီးသွားဝင်ရောက်မှုတွင် တာချီလိတ် - ကျိုင်းတုံ - မိုင်းလားနှင့် မိုင်းလား - ကျိုင်းတုံ - တာချီလိတ် ခရီးစဉ်များဖြင့် ထိုင်းနိုင်ငံနယ်စပ် တာချီလိတ် ဝင်ပေါက်နှင့် တရုတ်နိုင်ငံ နယ်စပ် မိုင်းလားမြို့ဝင်ပေါက်များမှ လာရောက်သူ ပိုမိုများပြားပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား (၁.၄)သန်းဝင်ရောက်ခဲ့ကာ အဆိုပါ ဘဏ္ဍာနှစ်၏ ဇန်နဝါရီလအထိ နိုင်ငံခြားသားခရီးသွား (၁.၆)သန်းအထိ ဝင်ရောက်ခဲ့ကြောင်း ကျိုင်းတုံမြို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~