က်ဳိင္းတံုအက်ဥ္းေထာင္အတြင္း အက်ဥ္းသားမ်ားထံမွ မူးယစ္ေဆးဝါး ဖမ္းဆီးရမိ

က်ဳိင္းတံုအက်ဥ္းေထာင္အတြင္း အက်ဥ္းသားမ်ားထံမွ မူးယစ္ေဆးဝါး ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 20, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေဖေဖာ္၀ါရီလ (၂၀)  ။          ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕ အက်ဥ္းဦးစီးရံုးဝန္း အတြင္း မူးယစ္ေဆးဝါး ေရွာင္တခင္စစ္ေဆးမႈ ျပဳလုပ္ရာ ဘိန္းျဖဴဟု ယူဆရေသာ အျဖဴေရာင္ အခဲအေလးခ်ိန္ ( ၃.၇) ဂရမ္ခန္႔ပါ (၁) ထုပ္ႏွင့္ မူးယစ္ေဆးဝါးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ား ရွာေဖြေတြ႔ရိွေၾကာင္း သိရသည္။

က်ဳိင္းတံုအက်ဥ္းဦးစီးဌာနမွ မူးယစ္ေဆးဝါးေရွာင္တခင္စစ္ေဆးရန္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ဳိင္းတံု သို႔ ဖုန္းျဖင့္သတင္းေပးပို႔ အေၾကာင္းၾကားခ်က္အရ မူးယစ္တပ္ဖြဲ႕စုအဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၈)ရက္ နံနက္(၁၀)နာရီ (၄၅)မိနစ္အခ်ိန္ခန္႔က က်ဳိင္းတံု အက်ဥ္းဦးစီး႐ံုးဝန္း အတြင္း ဝင္ေရာက္ စစ္ေဆးခဲ့ရာ အိပ္ေဆာင္အမွတ္ (၂) ရိွ ေလွကားအထက္တြင္ အက်ဥ္းသား ဦးေဇာ္မင္းဦး (ခ) ဦးေအာင္ဘုအား အက်ဥ္းသား ဦးမင္းေဇာ္ေအာင္ (ခ) ဦးအိုက္ေခးမွ အထုပ္တစ္ထုပ္ ေပးအပ္ေနသည္ကို မသကၤာဖြယ္ေတြ႕ရိွရသျဖင့္ ဦးေဇာ္မင္းဦးကို ေခၚယူရွာေဖြစစ္ေဆးရာ ၎ဝတ္ဆင္ ထားသည့္ ESSENTIALS စာတမ္းပါ ေဘာင္းဘီတို၏ ဝဲဘက္ေအာက္ အိတ္ကပ္အတြင္း သတင္းစာ အပိုင္းအစျဖင့္ ထုပ္လွ်က္ အျဖဴေရာင္ ပလတ္စတစ္အိတ္ငယ္အတြင္း ဘိန္းျဖဴဟု ယူဆရေသာ အျဖဴေရာင္အခဲ အေလးခ်ိန္ ( ၃.၇) ဂရမ္ခန္႔ပါ (၁) ထုပ္၊ မူးယစ္ေဆးဝါးသံုးရာတြင္ အသံုးျပဳသည့္ ခဲျပားအပိုင္းအစ (၃) ခုႏွင့္ အျဖဴေရာင္ အေအးစုပ္ပိုက္အေသး (၂) ခုတို႔ကို ရွာေဖြေတြ႕ရိွသျဖင့္ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပံုစံေရးသြင္းဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

သိမ္းဆည္းရမိေသာ မူးယစ္ေဆးမ်ားႏွင့္ ပတ္သက္၍ ဆက္လက္စစ္ေဆးရာ ဦးမင္းေဇာ္ေအာင္သည္ ၎ႏွင့္တစ္ေဆာင္ထဲ အတူေနသူ အက်ဥ္းသား စိုင္းထြန္းလွထံမွ ရရိွျခင္းျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္လာသျဖင့္ မူးယစ္ေဆးဝါးလက္ဝယ္ထားရိွသံုးစြဲသူ အက်ဥ္းသား (၃) ဦးျဖစ္ေသာ ဦးေဇာ္မင္းဦး (ခ) ဦးေအာင္ဘု၊ ဦးမင္းေဇာ္ေအာင္ (ခ) ဦးအိုက္ေခး ႏွင့္ စိုင္းထြန္းလွတို႔အား ေဖေဖာ္ဝါရီလ(၁၈)ရက္ေန႔မွာပင္ က်ဳိင္းတံုၿမိဳ႕မရဲစခန္း၌္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ပုဒ္မ ၁၆/၁၆ (ဂ) /၂၁ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း။  ။ ဇင္ေအာင္
*******************

( unicode )

ကျိုင်းတုံ၊ ဖေဖော်ဝါရီလ (၂၀)။        ။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းဦးစီးရုံးဝန်း အတွင်း မူးယစ်ဆေးဝါး ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ရာ ဘိန်းဖြူဟု ယူဆရသော အဖြူရောင် အခဲအလေးချိန် ( ၃.၇) ဂရမ်ခန့်ပါ (၁) ထုပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းဦးစီးဌာနမှ မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးရန် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ သို့ ဖုန်းဖြင့်သတင်းပေးပို့ အကြောင်းကြားချက်အရ မူးယစ်တပ်ဖွဲ့စုအဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက် နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်က ကျိုင်းတုံ အကျဉ်းဦးစီးရုံးဝန်း အတွင်း ဝင်ရောက် စစ်ဆေးခဲ့ရာ အိပ်ဆောင်အမှတ် (၂) ရှိ လှေကားအထက်တွင် အကျဉ်းသား ဦးဇော်မင်းဦး (ခ) ဦးအောင်ဘုအား အကျဉ်းသား ဦးမင်းဇော်အောင် (ခ) ဦးအိုက်ခေးမှ အထုပ်တစ်ထုပ် ပေးအပ်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဦးဇော်မင်းဦးကို ခေါ်ယူရှာဖွေစစ်ဆေးရာ၎င်းဝတ်ဆင် ထားသည့် ESSENTIALS စာတမ်းပါ ဘောင်းဘီတို၏ ဝဲဘက်အောက် အိတ်ကပ်အတွင်း သတင်းစာ အပိုင်းအစဖြင့် ထုပ်လျှက် အဖြူရောင် ပလတ်စတစ်အိတ်ငယ်အတွင်း ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အခဲ အလေးချိန် ( ၃.၇) ဂရမ်ခန့်ပါ (၁) ထုပ်၊ မူးယစ်ဆေးဝါးသုံးရာတွင် အသုံးပြုသည့် ခဲပြားအပိုင်းအစ (၃) ခုနှင့် အဖြူရောင် အအေးစုပ်ပိုက်အသေး (၂) ခုတို့ကို ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးများနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးရာ ဦးမင်းဇော်အောင်သည်၎င်းနှင့်တစ်ဆောင်ထဲ အတူနေသူ အကျဉ်းသား စိုင်းထွန်းလှထံမှ ရရှိခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်လာသဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသုံးစွဲသူ အကျဉ်းသား (၃) ဦးဖြစ်သော ဦးဇော်မင်းဦး (ခ) ဦးအောင်ဘု၊ ဦးမင်းဇော်အောင် (ခ) ဦးအိုက်ခေး နှင့် စိုင်းထွန်းလှတို့အား ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာပင် ကျိုင်းတုံမြို့မရဲစခန်း၌် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၆/၁၆ (ဂ) /၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~