ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၁)။ ။ ရင္သားကင္ဆာ ေရာဂါကို ခံစားခဲ့ရၿပီးေနာက္ ရင္သားဆံုးရံႈးခဲ့သည့္ အမ်ဳိးသမီးတစ္ဦးအား ဝက္အေရျပားျဖင့္ အစားထိုး ကုသမႈ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
ၿဗိတိန္နိုင္ငံမွ အသက္ (၃၅)ႏွစ္အရြယ္ ကလာရာ ဘာရယ္သည္ ညာဖက္ရင္သား ျဖတ္ေတာက္ပစ္ခဲ့ရၿပီး ခြဲစိတ္မႈ သံုးႀကိမ္ခံယူခဲ့ရသည္။
သူမက တင္းနစ္ကို အလြန္ဝါသနာပါၿပီး ပခံုးလႈပ္ရွားမႈမ်ားကို ကန္႔သတ္မႈ ျဖစ္ေနျခင္းအား စိတ္ပ်က္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ The Sun သတင္းစာက သူမသည္ မူလက ဆီလီကြန္ျဖင့္ အစားထိုးရန္ ရည္ရြယ္ခဲ့ေသာ္လည္း အတုအပ ပစၥည္းမ်ားကို ခနၶာကိုယ္အတြင္း ထည့္သြင္းရန္
စိတ္ညစ္မိေသာေၾကာင့္ အျခားနည္းလမ္းကို ရွာႀကံခဲ့ေႀကာင္း ေဖာ္ျပသြားသည္။
ကလာရာအား ဝက္၏ တစ္သွ်ဴးသည္ လူ႔ခႏၶာကိုယ္ႏွင့္ အလြယ္တကူ ေပါင္းစပ္နိုင္ၿပီး သဘာဝ အသားအေရကဲ့သို႔ အျပည့္အ၀ ခံစားႏိုင္ေစမည္ဟု ဆရာဝန္မ်ားက ရွင္းျပၿပီးေနာက္ ထိုနည္းလမ္းကို လက္ခံခဲ့ျခင္းျဖစ္သည္။
သူမသည္ ၿဗိတိန္တြင္ ဒုတိယေျမာက္ ဝက္အေရျပား အစားထိုး ကုသခံေသာ အမ်ဳိးသမီး ျဖစ္လာၿပီး
ခြဲစိတ္ကုသမႈ ကုန္က်စရိတ္မွာ ေပါင္စတာလင္ ၃၅၀၀၀ ခန္႔ က်သင့္ခဲ့သည္။ စီးပြားေရး အႀကံေပး တစ္ဦးျဖစ္ေသာ ကလာရာအတြက္ အစားထိုးေပးမည့္ ဝက္အေရျပားကို အေမရိကန္ရွိ ကုမၸဏီတစ္ခုမွ အထူးေရြးခ်ယ္ မွာယူေပးခဲ့ျခင္းျဖစ္သည္။
ယခုအခါ ကလာရာ၏ အေျခအေနမွာ တိုးတက္ေကာင္းမြန္လာေနၿပီျဖစ္သည္။ ယခုအစားထိုး ကုသမႈသည္ ကမၻာေပၚတြင္ အမ်ဳိးသမီး အမ်ားစုကို အႀကီးအက်ယ္ ၿခိမ္းေျခာက္လ်က္ရွိသည့္ ရင္သားကင္ဆာ ေရာဂါကို တိုက္ဖ်က္နိုင္ေရးအတြက္ အလြန္ေကာင္းမြန္ေသာ ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္လာေစေျကာင္း သိရွိရသည္။
Ref; dailymail
**********************
( unicode )
ရင်သားကင်ဆာ ရောဂါကို ခံစားခဲ့ရပြီးနောက် ရင်သားဆုံးရှုံးခဲ့သည့် အမျိုးသမီးတစ်ဦးအား ဝက်အရပြေားဖြင့် အစားထိုး ကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံမှ အသက် (၃၅)နှစ်အရွယ် ကလာရာ ဘာရယ်သည် ညာဖက်ရင်သား ဖြတ်တောက်ပစ်ခဲ့ရပြီး ခွဲစိတ်မှု သုံးကြိမ်ခံယူခဲ့ရသည်။
သူမက တင်းနစ်ကို အလွန်ဝါသနာပါပြီး ပခုံးလှုပ်ရှားမှုများကို ကန့်သတ်မှု ဖြစ်နခြေင်းအား စိတ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ The Sun သတင်းစာက သူမသည် မူလက ဆီလီကွန်ဖြင့် အစားထိုးရန် ရည်ရွယ်ခဲ့သော်လည်း အတုအပ ပစ္စည်းများကို ခန္ဓာကိုယ်အတွင်း ထည့်သွင်းရန်
စိတ်ညစ်မိသောကြောင့် အခြားနည်းလမ်းကို ရှာကြံခဲ့ကြောင်း ဖော်ပြသွားသည်။
ကလာရာအား ဝက်၏ တစ်သျှူးသည် လူ့ခန္ဓာကိုယ်နှင့် အလွယ်တကူ ပေါင်းစပ်နိုင်ပြီး သဘာဝ အသားအရေကဲ့သို့ အပြည့်အဝ ခံစားနိုင်စေမည်ဟု ဆရာဝန်များက ရှင်းပြပြီးနောက် ထိုနည်းလမ်းကို လက်ခံခဲ့ခြင်းဖြစ်သည်။
သူမသည် ဗြိတိန်တွင် ဒုတိယမြောက် ဝက်အရပြေား အစားထိုး ကုသခံသော အမျိုးသမီး ဖြစ်လာပြီး
ခွဲစိတ်ကုသမှု ကုန်ကျစရိတ်မှာ ပေါင်စတာလင် ၃၅၀၀၀ ခန့် ကျသင့်ခဲ့သည်။ စီးပွားရေး အကြံပေး တစ်ဦးဖြစ်သော ကလာရာအတွက် အစားထိုးပေးမည့် ဝက်အရပြေားကို အမေရိကန်ရှိ ကုမ္ပဏီတစ်ခုမှ အထူးရွေးချယ် မှာယူပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကလာရာ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာနပြေီဖြစ်သည်။ ယခုအစားထိုး ကုသမှုသည် ကမ္ဘာပေါ်တွင် အမျိုးသမီး အများစုကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသည့် ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် အလွန်ကောင်းမွန်သော မျှော်လင့်ချက်တစ်ခု ဖြစ်လာစေကြောင်း သိရှိရသည်။
Ref; dailymail