ထိုင္းႏိုင္ငံအတြင္း ျပည္သူမ်ားအား ေဆးလိပ္ေလွ်ာ့ေသာက္ေစရန္အတြက္ ေဆးလိပ္ေရာင္းခ်ေငြ အေပၚ အခြန္ (၉၀)ရာခုိင္ႏႈန္းတိုးျမႇင့္ေကာက္ခံျခင္းအား (၂၀၁၆)ခုႏွစ္ ေဖေဖာ္ဝါရီလဒုတိယအပတ္တြင္းက စတင္ခဲ့ၿပီး သတ္မွတ္ထားရွိၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခြန္စည္းၾကပ္မႈအသစ္ေၾကာင့္ ေဆးလိပ္ တစ္ဘူးလွ်င္ လက္ရိွေစ်းႏႈန္းထက္ ငါးဘတ္မွ ဆယ္ဘတ္အထိ တိုးလာမည္ျဖစ္ၿပီး အဆိုပါ အခြန္ႏႈန္းထားသစ္ကို ေဖေဖာ္ဝါရီလ (၉) ရက္ေန႔က ထိုင္းႏိုင္ငံ ဘ႑ာေရးဝန္ႀကီးဌာန အစည္းအေဝးတြင္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း ထိုင္းအစိုးရက သတင္းထုတ္ျပန္ထားသည္။
ေဆးလိပ္အေပၚတြင္ ေကာက္ခံမည့္ အခြန္ႏႈန္းထားမွာ ႏွစ္မ်ိဳးရိွၿပီး ေဆးလိပ္ေရာင္းခ်သည့္ ေစ်းႏႈန္းအေပၚတြင္ (၉၀)ရာခိုင္ႏႈန္း စည္းၾကပ္မည့္အခြန္ႏွင့္ ေဆးလိပ္ေရာင္းခ်မႈ ပမာဏအေပၚ တစ္ကီလိုလွ်င္(၁.၁)အထိ ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က ထိုင္းအစိုးရ၏ ေဆးလိပ္အေပၚစည္းၾကပ္သည့္ အခြန္ႏႈန္းထားမ်ားမွာ ေဆးလိပ္ေရာင္းခ်မႈ အေပၚတြင္ (၈၀)ရာခိုင္ႏႈန္းႏွင့္ ေဆးလိပ္ေရာင္းခ်မႈ ပမာဏအေပၚတြင္ တစ္ကီလိုလွ်င္ (၁)ရာခိုင္ႏႈန္းသာ ေကာက္ခံခဲ့ျခင္းျဖစ္သည္။
ယခုလို အခြန္ႏႈန္းထားတိုးျမႇင့္လိုက္ျခင္းေၾကာင့္ ထိုင္းအစိုးရအေနျဖင့္ ျပည္သူမ်ားအား ေဆးလိပ္ေလွ်ာ့ေသာက္ေစရန္ တြန္းအားေပးျခင္းျဖစ္သည့္အျပင္ ဘ႑ာႏွစ္ တစ္ႏွစ္အတြင္း အခြန္ေငြ တိုးျမင့္ရရိွလာမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ ဘ႑ာေရးဝန္ႀကီးဌာနက ခန္႔မွန္းထားရွိေၾကာင္း သိရသည္။
သတင္း။ ။ နန္းေမာက္ကြမ္
**************
ထိုင်းနိုင်ငံအတွင်း ပြည်သူများအား ဆေးလိပ်လျှော့သောက်စေရန်အတွက် ဆေးလိပ်ရောင်းချငွေ အပေါ် အခွန် (၉၀)ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းအား (၂၀၁၆)ခုနှစ် ဖေဖော်ဝါရီလဒုတိယအပတ်တွင်းက စတင်ခဲ့ပြီး သတ်မှတ်ထားရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခွန်စည်းကြပ်မှုအသစ်ကြောင့် ဆေးလိပ် တစ်ဘူးလျှင် လက်ရှိဈေးနှုန်းထက် ငါးဘတ်မှ ဆယ်ဘတ်အထိ တိုးလာမည်ဖြစ်ပြီး အဆိုပါ အခွန်နှုန်းထားသစ်ကို ဖေဖော်ဝါရီလ (၉) ရက်နေ့က ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
ဆေးလိပ်အပေါ်တွင် ကောက်ခံမည့် အခွန်နှုန်းထားမှာ နှစ်မျိုးရှိပြီး ဆေးလိပ်ရောင်းချသည့် ဈေးနှုန်းအပေါ်တွင် (၉၀)ရာခိုင်နှုန်း စည်းကြပ်မည့်အခွန်နှင့် ဆေးလိပ်ရောင်းချမှု ပမာဏအပေါ် တစ်ကီလိုလျှင်(၁.၁)အထိ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းအစိုးရ၏ ဆေးလိပ်အပေါ်စည်းကြပ်သည့် အခွန်နှုန်းထားများမှာ ဆေးလိပ်ရောင်းချမှု အပေါ်တွင် (၈၀)ရာခိုင်နှုန်းနှင့် ဆေးလိပ်ရောင်းချမှု ပမာဏအပေါ်တွင် တစ်ကီလိုလျှင် (၁)ရာခိုင်နှုန်းသာ ကောက်ခံခဲ့ခြင်းဖြစ်သည်။
ယခုလို အခွန်နှုန်းထားတိုးမြှင့်လိုက်ခြင်းကြောင့် ထိုင်းအစိုးရအနဖြေင့် ပြည်သူများအား ဆေးလိပ်လျှော့သောက်စေရန် တွန်းအားပေးခြင်းဖြစ်သည့်အပြင် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း အခွန်ငွေ တိုးမြင့်ရရှိလာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားရှိကြောင်း သိရသည်။
သတင်း။ နန်းမောက်ကွမ်