ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၁)။ ။ တရုတ္ႏုိင္ငံ ဆန္းတုန္းၿမိဳ႕က အသက္(၆၆)ႏွစ္အရြယ္ တစ္ကုိယ္တည္းေနတဲ့ အဘိုးအိုတစ္ေယာက္ဟာ သူ႔အေပၚလူေတြ ဘယ္ေလာက္ ခင္မင္သလဲဆိုတာကို မေသခင္မွာပဲ အသုဘအခမ္းအနား က်င္းပၿပီး စမ္းသပ္ခဲ့ပါတယ္။
အဆိုပါ အဘိုးအိုဟာ က်န္းေတရန္လို႔ ေခၚတဲ့ ေရွးေဟာင္းပစၥည္းေတြ အေရာင္းအဝယ္ လုပ္ေနတဲ့သူျဖစ္ၿပီး ခ်မ္းသာၾကြယ္ဝသူလည္းျဖစ္ပါတယ္။
သူဟာ ေဒသအက်ိဳးကိုလည္း ကူညီတတ္သူျဖစ္တာေၾကာင့္ ၂၀၁၅ ခုႏွစ္တုန္းကဆို ရြာထဲလမ္းခင္းဖို႔ အတြက္ ရန္ပံုေငြ (၂၆,၀၀၀) ယြမ္ေပးလွဴခဲ့တာပါ။
သူ႔မွာ ဝမ္းနည္းစရာေကာင္းတာကေတာ့ မ်ိဳး႐ိုးဆက္ခံဖို႔သားသမီးေတြမရွိဘဲ တစ္ေယာက္ထဲ ေနရတာပါ။ ဒါေပမဲ့လည္း ရြာသားေတြကေတာ့ အဘိုးကို ေလးစားၿပီး သေဘာက်ၾကပါတယ္။
ဒါေပမဲ့ အဘိုးကေတာ့ ရြာသားေတြ သူ႔ကို အမွန္တကယ္ခ်စ္ခင္ၾကတာလား ပိုက္ဆံကိုပဲ မက္ေမာၾကတာလားလို႔ သူ႕စိတ္ထဲမွာ သံသယျဖစ္ေနတာပါ။
ဒါေၾကာင့္ အဘိုးက အမွန္တကယ္ မေသဆံုးခင္မွာ အသုဘ အခမ္းအနားကို အစမ္းက်င္းပဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဒီအခမ္းအနားရဲ႕ ရလဒ္က ေတာ့ အဘိုးကို ပီတိျဖစ္ေစပါတယ္။ ရြာသားအေယာက္(၄၀)ေက်ာ္ဟာ အစမ္းေလ့က်င့္တဲ့ အသုဘအခမ္းအနားကို ပါဝင္တက္ေရာက္ခဲ့ၾကပါတယ္။
ဒီအသုဘအခမ္းအနားကို အဘိုးနဲ႔တစ္ရြာထဲေနတဲ့ ရြာသားေတြသာမက အျခားရြာသားေတြလည္း လာေရာက္ဂါရဝျပဳခဲ့ၾကပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; NetEase
*****************
( unicode )
ဘာသာပြန်၊ ဖေဖော်ဝါရီလ(၂၁)။ တရုတ်နိုင်ငံ ဆန်းတုန်းမြို့က အသက်(၆၆)နှစ်အရွယ် တစ်ကိုယ်တည်းနေတဲ့ အဘိုးအိုတစ်ယောက်ဟာ သူ့အပေါ်လူတွေ ဘယ်လောက် ခင်မင်သလဲဆိုတာကို မသေခင်မှာပဲ အသုဘအခမ်းအနား ကျင်းပပြီး စမ်းသပ်ခဲ့ပါတယ်။
အဆိုပါ အဘိုးအိုဟာ ကျန်းတေရန်လို့ ခေါ်တဲ့ ရှေးဟောင်းပစ္စည်းတွေ အရောင်းအဝယ် လုပ်နေတဲ့သူဖြစ်ပြီး ချမ်းသာကြွယ်ဝသူလည်းဖြစ်ပါတယ်။
သူဟာ ဒေသအကျိုးကိုလည်း ကူညီတတ်သူဖြစ်တာကြောင့် ၂၀၁၅ ခုနှစ်တုန်းကဆို ရွာထဲလမ်းခင်းဖို့ အတွက် ရန်ပုံငွေ (၂၆,ဝဝဝ) ယွမ်ပေးလှူခဲ့တာပါ။
သူ့မှာ ဝမ်းနည်းစရာကောင်းတာကတော့ မျိုးရိုးဆက်ခံဖို့သားသမီးတွေမရှိဘဲ တစ်ယောက်ထဲ နေရတာပါ။ ဒါပေမဲ့လည်း ရွာသားတွေကတော့ အဘိုးကို လေးစားပြီး သဘောကျကြပါတယ်။
ဒါပေမဲ့ အဘိုးကတော့ ရွာသားတွေ သူ့ကို အမှန်တကယ်ချစ်ခင်ကြတာလား ပိုက်ဆံကိုပဲ မက်မောကြတာလားလို့ သူ့စိတ်ထဲမှာ သံသယဖြစ်နေတာပါ။
ဒါကြောင့် အဘိုးက အမှန်တကယ် မသေဆုံးခင်မှာ အသုဘ အခမ်းအနားကို အစမ်းကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားရဲ့ ရလဒ်က တော့ အဘိုးကို ပီတိဖြစ်စေပါတယ်။ ရွာသားအယောက်(၄၀)ကျော်ဟာ အစမ်းလေ့ကျင့်တဲ့ အသုဘအခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ဒီအသုဘအခမ်းအနားကို အဘိုးနဲ့တစ်ရွာထဲနေတဲ့ ရွာသားတွေသာမက အခြားရွာသားတွေလည်း လာရောက်ဂါရဝပြုခဲ့ကြပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; NetEase