တာခ်ီလိတ္၊ ေဖေဖာ္ဝါရီလ (၂၂) ရက္။ ။ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္နယ္စပ္ ထိုင္းႏိုင္ငံဘက္တြင္ ကြမ္းရြက္စိုက္ပ်ိဳးမႈမ်ားရိွလာသျဖင့္ တာခ်ီလိတ္ကြမ္းရြက္ေစ်းကြက္သို႔ ထိုင္းႏိုင္ငံမွ ကြမ္းရြက္မ်ား ဝင္ေရာက္လာမည့္ အေျခအေနရိွေနေၾကာင္း သိရသည္။
"ထိုင္းဘက္မွာလည္း ကြမ္းရြက္စိုက္ေနၿပီ။ အရင္တစ္ပတ္က မွာၿပီးအစမ္းသုံးၾကည့္တယ္။ ဒီဘက္ကလူက သိပ္မႀကိဳက္ဘူး။ ေနာက္ပိုင္းမွာ ထိုင္းဘက္က ထြက္တဲ့ကြမ္းရြက္ေတြ ျမန္မာကြမ္းရြက္နဲ႔ အရည္အေသြး တူရင္ေတာ့ ထိုင္းဘက္ကပဲ မွာယူေတာ့မွာပါ။ ဘာလို႔လဲဆိုေတာ့ ျမန္မာျပည္ဘက္ကယူေတာ့ ခရီးရက္ရွည္ၿပီး ကြမ္းက ႏြမ္းကုန္တယ္။ ကားခလည္းမသက္သာေတာ့ ထိုင္းဘက္ကပဲ မွာယူျဖစ္မွာပါ။"ဟု ကြမ္းရြက္ေရာင္းသူေဒသခံ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ ကြမ္းရြက္ေစ်းကြက္သို႔ မႏၱေလးၿမိဳ႕မွ အဓိက တင္ပို႔ေနျခင္းျဖစ္ၿပီး တစ္လလွ်င္ ကြမ္းရြက္ပိႆာခ်ိန္တစ္ေသာင္းေက်ာ္အထိ တင္းသြင္းလွ်က္ရွိေသာ္လည္း ခရီးေဝးသည့္အတြက္ ကုန္က်စရိတ္မ်ားျခင္းႏွင့္ ကြမ္းရြက္မ်ား အနာအဆာမ်ားျခင္းတို႔ ျဖစ္ေနေၾကာင္း ကြမ္းေစ်းကြက္မွ သိရသည္။
လက္ရိွ တာခ်ီလိတ္ၿမိဳ႕ ကြမ္းရြက္ေစ်းကြက္တြင္ ေဖေဖာ္၀ါရီလ တတိယအပတ္အတြင္း ကြမ္းေစ်း တစ္ပိႆာလွ်င္ ထိုင္းဘတ္(၃၈၀)ဘတ္မွ (၃၄၀)ဘတ္အထိ ေစ်းက်ေနေၾကာင္းသိရသည္။
"အခု မႏၱေလးမွာေတာ့ တစ္ပိႆာ က်ပ္(၇၀၀၀)ေပါက္ၿပီး တာခ်ီလိတ္မွာေတာ့ တစ္ပိႆကို (၃၄၀)ဘတ္ ။ အခုတစ္ပတ္မွာ ကြမ္းရြက္က မလွေတာ့ဘူး။ အနာအဆာေတြနဲ႔။ ဒါေၾကာင့္ ေစ်းခ်ေရာင္းရတယ္"ဟု မိဘေမတၱာ ကြမ္းႏွင့္ ကြမ္းပစၥည္းအေရာင္းဆိုင္မွ ကိုေက်ာ္ေက်ာ္ခ်စ္က ေျပာသည္။
၂၀၁၆ ဇန္န၀ါရီလ(၄)ရက္က ကြမ္းတစ္ပိႆာကို ထိုင္းဘတ္(၄၀၀)ဘတ္ထိျမင့္တက္သြားခဲ့ၿပီး ေဖေဖာ္၀ါရီလ(၁၅)ရက္တြင္ ကြမ္းတစ္ပိႆာ (၃၈၀)ဘတ္မွ ေဖေဖာ္၀ါရီလ (၂၀)ရက္ေန႔တြင္ တစ္ပိႆာ ထိုင္းဘတ္(၃၄၀)အထိ က်ဆင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
**********************
( unicode )
တာချီလိတ်၊ ဖေဖော်ဝါရီလ (၂၀) ရက်။ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့်နယ်စပ် ထိုင်းနိုင်ငံဘက်တွင် ကွမ်းရွက်စိုက်ပျိုးမှုများရှိလာသဖြင့် တာချီလိတ်ကွမ်းရွက်ဈေးကွက်သို့ ထိုင်းနိုင်ငံမှ ကွမ်းရွက်များ ဝင်ရောက်လာမည့် အခြေအနေရှိနေကြောင်း သိရသည်။
"ထိုင်းဘက်မှာလည်း ကွမ်းရွက်စိုက်နပြေီ။ အရင်တစ်ပတ်က မှာပြီးအစမ်းသုံးကြည့်တယ်။ ဒီဘက်ကလူက သိပ်မကြိုက်ဘူး။ နောက်ပိုင်းမှာ ထိုင်းဘက်က ထွက်တဲ့ကွမ်းရွက်တွေ မြန်မာကွမ်းရွက်နဲ့ အရည်အသွေး တူရင်တော့ ထိုင်းဘက်ကပဲ မှာယူတော့မှာပါ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ဘက်ကယူတော့ ခရီးရက်ရှည်ပြီး ကွမ်းက နွမ်းကုန်တယ်။ ကားခလည်းမသက်သာတော့ ထိုင်းဘက်ကပဲ မှာယူဖြစ်မှာပါ။"ဟု ကွမ်းရွက်ရောင်းသူဒေသခံ ဦးအောင်မျိုးဝင်းက ပြောသည်။
တာချီလိတ်မြို့ ကွမ်းရွက်ဈေးကွက်သို့ မန္တလေးမြို့မှ အဓိက တင်ပို့နခြေင်းဖြစ်ပြီး တစ်လလျှင် ကွမ်းရွက်ပိဿါချိန်တစ်သောင်းကျော်အထိ တင်းသွင်းလျှက်ရှိသော်လည်း ခရီးဝေးသည့်အတွက် ကုန်ကျစရိတ်များခြင်းနှင့် ကွမ်းရွက်များ အနာအဆာများခြင်းတို့ ဖြစ်နေကြောင်း ကွမ်းဈေးကွက်မှ သိရသည်။
လက်ရှိ တာချီလိတ်မြို့ ကွမ်းရွက်ဈေးကွက်တွင် ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ကွမ်းဈေးတစ်ပိဿါလျှင် ထိုင်းဘတ်(၃၈၀)ဘတ်မှ (၃၄၀)ဘတ်အထိ ဈေးကျနေကြောင်းသိရသည်။
"အခု မန္တလေးမှာတော့ တစ်ပိဿါ ကျပ်(၇၀၀၀)ပေါက်ပြီး တာချီလိတ်မှာတော့ တစ်ပိဿကို (၃၄၀)ဘတ် ။ အခုတစ်ပတ်မှာ ကွမ်းရွက်က မလှတော့ဘူး။ အနာအဆာတွေနဲ့။ ဒါကြောင့် ဈေးချရောင်းရတယ်"ဟု မိဘမေတ္တာ ကွမ်းနှင့် ကွမ်းပစ္စည်းအရောင်းဆိုင်မှ ကိုကျော်ကျော်ချစ်က ပြောသည်။
၂၀၁၆ ဇန်နဝါရီလ(၄)ရက်က ကွမ်းတစ်ပိဿါကို ထိုင်းဘတ်(၄၀၀)ဘတ်ထိမြင့်တက်သွားခဲ့ပြီး ဖေဖော်ဝါရီလ(၁၅)ရက်တွင် ကွမ်းတစ်ပိဿါ (၃၈၀)ဘတ်မှ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် တစ်ပိဿါ ထိုင်းဘတ်(၃၄၀)အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။