ထိုင္းႏိုင္ငံတြင္ ေထာပတ္သီးထြက္သည့္ ရာသီမဟုတ္၍ ေတာင္ႀကီး ေထာပတ္သီးမ်ား တာခ်ီလိတ္မွတဆင့္ တင္ပို႔

ထိုင္းႏိုင္ငံတြင္ ေထာပတ္သီးထြက္သည့္ ရာသီမဟုတ္၍ ေတာင္ႀကီး ေထာပတ္သီးမ်ား တာခ်ီလိတ္မွတဆင့္ တင္ပို႔
ဖေဖော်ဝါရီ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေဖေဖာ္၀ါရီလ(၂၄) ။     ။ ထိုင္းႏုိင္ငံတြင္ ေထာပတ္သီးထြက္သည့္ ရာသီမဟုတ္သျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ေတာင္ႀကီးေထာပတ္သီးမ်ားကို တင္ပို႔ေနရေၾကာင္း သိရသည္။

"ေထာပတ္သီးကို ေတာင္ႀကီးကေန သယ္ရတယ္။ ကြ်န္မတို႔ အေနနဲ႔ ႏွစ္ရက္တစ္ခါေလာက္ (၃၅)ကီလိုပါတဲ႔ အိတ္ (၂၀)(၃၀)အိတ္ေလာက္ သယ္လာျဖစ္တယ္။ ေနာက္ၿပီး အခုခ်ိန္က ထိုင္းဘက္မွာ မေပၚေသးေတာ့ ဟိုဘက္ကမ္းကိုလည္း လက္လီအျဖစ္ တစ္ေခါက္ကို (၄၀)ကီလိုပါတဲ့ အိတ္ (၆၀)ေလာက္တင္ပို႔ျဖစ္တယ္။ ရက္ေတြကေတာ ့ပုံမွန္မရွိဘူး။"ဟု ေထာပတ္သီးလက္လီလက္ကားေရာင္း၀ယ္သူ မသန္းသန္းစိုးက ေျပာသည္။

ထိုင္းႏုိင္ငံတြင္ မိုးတြင္းအခ်ိန္ကာလေရာက္မွ ေထာပတ္သီးထြက္ျခင္းျဖစ္ၿပီး ေတာင္ႀကီးတြင္ ေဆာင္းတြင္း ကာလမွာ ထြက္ေသာေၾကာင့္ ထိုင္းႏုိင္ငံ နယ္စပ္ၿမိဳ႕မ်ားတြင္ ျမန္မာဘက္မွ ေထာပတ္သီးကို ျပန္လည္ဝယ္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ေစ်းကြက္သို႔ တင္ပို႔ေနသည့္ ေတာင္ႀကီးၿမိဳ႕၌ ေထာပတ္သီး ဆြတ္ခူးခ်ိန္ ကုန္ဆံုးခါနီးျဖစ္သျဖင့္ ေဖေဖာ္၀ါရီလ ေနာက္ဆုံးအပတ္အတြင္း ေစ်းအနည္းငယ္ တက္လာေနၿပီျဖစ္ေၾကာင္း သိရသည္။

"ေစ်းႏႈန္းျမင့္လာတယ္ဆိုေပမဲ့ မသိမသာေလးဘဲ ျမင့္လာတာပါ။ ဒိုင္ေတြဆီကေတာ့ (၂၃)ဘတ္နဲ႔ ၀ယ္ရတယ္။ လက္လီျပန္ေရာင္းတာေတာ့ တစ္ကီလို (၃၅)ဘတ္ကေန (၄၀)ဘတ္ထိေရာင္းတယ္။ " ဟုေထာပတ္သီး လက္လီေရာင္းသူ ေဒၚနန္းတစ္က ေျပာသည္။

ေထာပတ္သီးေစ်းႏႈန္းမ်ားမွာ ဇန္န၀ါရီလက တစ္ကီလို (၂၀)ဘတ္ျဖစ္ၿပီး ေဖေဖာ္၀ါရီလအတြင္း တစ္ကီလို (၂၃)ဘတ္ျဖင့္ ဒိုင္မ်ားမွ ျပန္ဝယ္ရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေတာင္ႀကီးၿမိဳ႕၌ ေထာပတ္သီးကုန္ဆံုးခ်ိန္ျဖစ္သည့္ မိုးရာသီအတြင္း ထိုင္းႏိုင္ငံဘက္မွ ေထာပတ္သီးကို ျပန္လည္ တင္သြင္းေရာင္းခ်ၾကေၾကာင္း သိရသည္။
***************

( unicode )
တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၄)။ ထိုင်းနိုင်ငံတွင် ထောပတ်သီးထွက်သည့် ရာသီမဟုတ်သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတစ်ဆင့် တောင်ကြီးထောပတ်သီးများကို တင်ပို့နေရကြောင်း သိရသည်။

"ထောပတ်သီးကို တောင်ကြီးကနေ သယ်ရတယ်။ ကျွန်မတို့ အနေနဲ့ နှစ်ရက်တစ်ခါလောက် (၃၅)ကီလိုပါတဲ့ အိတ် (၂၀)(၃၀)အိတ်လောက် သယ်လာဖြစ်တယ်။ နောက်ပြီး အခုချိန်က ထိုင်းဘက်မှာ မပေါ်သေးတော့ ဟိုဘက်ကမ်းကိုလည်း လက်လီအဖြစ် တစ်ခေါက်ကို (၄၀)ကီလိုပါတဲ့ အိတ် (၆၀)လောက်တင်ပို့ဖြစ်တယ်။ ရက်တွေကတော့ပုံမှန်မရှိဘူး။"ဟု ထောပတ်သီးလက်လီလက်ကားရောင်းဝယ်သူ မသန်းသန်းစိုးက ပြောသည်။

ထိုင်းနိုင်ငံတွင် မိုးတွင်းအချိန်ကာလရောက်မှ ထောပတ်သီးထွက်ခြင်းဖြစ်ပြီး တောင်ကြီးတွင် ဆောင်းတွင်း ကာလမှာ ထွက်သောကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့များတွင် မြန်မာဘက်မှ ထောပတ်သီးကို ပြန်လည်ဝယ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဈေးကွက်သို့ တင်ပို့နေသည့် တောင်ကြီးမြို့၌ ထောပတ်သီး ဆွတ်ခူးချိန် ကုန်ဆုံးခါနီးဖြစ်သဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ဈေးအနည်းငယ် တက်လာနပြေီဖြစ်ကြောင်း သိရသည်။

"ဈေးနှုန်းမြင့်လာတယ်ဆိုပေမဲ့ မသိမသာလေးဘဲ မြင့်လာတာပါ။ ဒိုင်တွေဆီကတော့ (၂၃)ဘတ်နဲ့ ဝယ်ရတယ်။ လက်လီပြန်ရောင်းတာတော့ တစ်ကီလို (၃၅)ဘတ်ကနေ (၄၀)ဘတ်ထိရောင်းတယ်။ " ဟုထောပတ်သီး လက်လီရောင်းသူ ဒေါ်နန်းတစ်က ပြောသည်။

ထောပတ်သီးဈေးနှုန်းများမှာ ဇန်နဝါရီလက တစ်ကီလို (၂၀)ဘတ်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း တစ်ကီလို (၂၃)ဘတ်ဖြင့် ဒိုင်များမှ ပြန်ဝယ်ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် တောင်ကြီးမြို့၌ ထောပတ်သီးကုန်ဆုံးချိန်ဖြစ်သည့် မိုးရာသီအတွင်း ထိုင်းနိုင်ငံဘက်မှ ထောပတ်သီးကို ပြန်လည် တင်သွင်းရောင်းချကြကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~