ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ခွင့်ပြု ဧရိယာကျော်လွန်သည့် မြန်မာများအား ထိုင်းလဝကဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း နယ်ခြားအစည်းအဝေးတွင် ထိုင်းဘက်မှ တင်ပြ
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ခွင့်ပြု ဧရိယာကျော်လွန်သည့် မြန်မာများအား ထိုင်းလဝကဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း နယ်ခြားအစည်းအဝေးတွင် ထိုင်းဘက်မှ တင်ပြ
ဖေဖော်ဝါရီ 24, 2016
By Tachileik News Agency
( ၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးပြုလုပ်နေစဉ် 
တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ကျင်းပသည့် (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်မှ ယင်းကဲ့သို့ အသိပေး ဆွေးနွေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ဘက်မှ နယ်စပ်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ မယ်ဆိုင်သို့သွားမည့် မြန်မာနိုင်ငံသားများ အနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(သို့မဟုတ်) နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်၌ ချင်းရိုင်းမြို့သို့ သွားသည့်လမ်းရှိ ဟွေခိုက်အထိ၊ ကျင်းဆဲန်မြို့ဘက်သို့ သွားသည့် လမ်းတွင် အမှတ်(၂)တံတား အနီး မီးပွိုင့်အကျော် ရဲဂိတ်နားအထိသာ ခွင့်ပြုထားရှိပြီး မယ်ဆိုင်မြို့ ဧရိယာပြင်ပသို့ ရောက်ရှိပါက အရေးယူနိုင်ကြောင်း ထိုင်းနိုင်ငံဘက် TBC မှ သိရသည်။
မြန်မာနံပါတ်ပါရှိသည့် မော်တော်ယာဉ်များ အနေဖြင့် ချင်းရိုင်းသို့ သွားသည့် လမ်းတွင် ဟွေခိုက်အထိ သွားခွင့် မရှိဘဲ၊ ပါထန်ဂိတ်အထိသာ သွားခွင့်ရှိမှာ ဖြစ်ကြောင်းနှင့် လူများသာ ဟွေခိုက်အထိ သွားခွင့်ရှိမှာ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
မြန်မာနိုင်ငံဘက်တွင် နိုင်ငံခြားသားများအား မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူပြီး ပြစ်ဒဏ်ချမှတ်ပါက တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ခိုးဝင်သည်များအတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိချမှတ်နိုင်ပြီး၊ ထိုင်းနိုင်ငံဘက်တွင် ထိုင်းနိုင်ငံ လ၀က ဥပဒေဖြင့် ထောင်ဒဏ်(၂)နှစ် (သို့မဟုတ်) ငွေဒဏ် ဘတ်(၂၀၀၀၀) (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။
*******************
တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၄)။ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ လာရောက်သည့် မြန်မာနိုင်ငံသားများအား ခွင့်ပြုထားသည့် သတ်မှတ် ဧရိယာကျော်လွန်ပါက ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် ထောင်ဒဏ်(၂)နှစ်အထိ ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက တင်ပြလိုက်သည်။
တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ကျင်းပသည့် (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအေဝးတွင် ထိုင်းနိုင်ငံဘက်မှ ယင်းကဲ့သို့ အသိပေး ဆွေးနွေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံ အတွင်း/ပြင်ပသို့ ဝင်/ထွက်ကြမည့် မြန်မာနိုင်ငံသားများ အနဖြေင့် ထိုင်းနိုင်ငံ လဝက (လူဝင်မှုကြီးကြပ်ရေး) ဥပဒေ (၁၉၇၉)ပါ ပုဒ်မ-၁၁ (ဖြတ်သန်းခွင့်ပြုနေရာနှင့် အချိန်အတိုင်း)နှင့် အညီ လိုက်နာစေရေးနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(သို့) နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သတ်မှတ်နယ်မြေထက် ကျော်လွန်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ခရိုင်များအထိ ကျော်လွန်သွားရောက်ပါက နိုင်ငံအတွင်း နေထိုင်ခွင့်ကုန်ဆုံးသည့် ပြစ်ဒဏ်မြောက်ပြီး ထောင်ဒဏ်(၂)နှစ် (သို့) ငွေဒဏ် ဘတ်နှစ်သောင်း (သို့) ဒဏ်နှစ်ရပ်လုံးချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများသို့ အသိပေးဆော်သြပေးပါရန် မေတ္တာရပ်ခံ ဆွေးနွေးလိုပါသည်။"ဟု ထိုင်းဘက်မှ တင်ပြသွားခြင်းဖြစ်သည်။
တာချီလိတ်မြို့ဘက်မှ နယ်စပ်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ မယ်ဆိုင်သို့သွားမည့် မြန်မာနိုင်ငံသားများ အနဖြေင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(သို့မဟုတ်) နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်၌ ချင်းရိုင်းမြို့သို့ သွားသည့်လမ်းရှိ ဟွေခိုက်အထိ၊ ကျင်းဆဲန်မြို့ဘက်သို့ သွားသည့် လမ်းတွင် အမှတ်(၂)တံတား အနီး မီးပွိုင့်အကျော် ရဲဂိတ်နားအထိသာ ခွင့်ပြုထားရှိပြီး မယ်ဆိုင်မြို့ ဧရိယာပြင်ပသို့ ရောက်ရှိပါက အရေးယူနိုင်ကြောင်း ထိုင်းနို်င်ငံဘက် TBC မှ သိရသည်။
"ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(သို့မဟုတ်) နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ မယ်ဆိုင်ကို သွားမယ်ဆိုရင် မယ်ဆိုင်မြို့ဧရိယာထဲပဲ သွားလာလို့ ရလိမ့်မယ်။ ချင်းရိုင်းမြို့ကို သွားမယ်ဆိုရင်တော့ ထိုင်းလဝကရုံး နဲ့ ထိုင်းဘက် TBC ရုံးတို့မှာ လက်မှတ် သတ်သတ်လုပ်ရပါတယ်။"ဟု မြန်မာဘက် TBC မှ ကိုသန်းထွန်းအောင်က ပြောသည်။
မြန်မာနံပါတ်ပါရှိသည့် မော်တော်ယာဉ်များ အနဖြေင့် ချင်းရိုင်းသို့ သွားသည့် လမ်းတွင် ဟွေခိုက်အထိ သွားခွင့် မရှိဘဲ၊ ပါထန်ဂိတ်အထိသာ သွားခွင့်ရှိမှာ ဖြစ်ကြောင်းနှင့် လူများသာ ဟွေခိုက်အထိ သွားခွင့်ရှိမှာ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"တာချီလိတ်ဘက် အနေနဲ့ကတော့ ထိုင်းနိုင်ငံသား အပါအဝင် နိုင်ငံခြားသားတွေကို တားမြစ်ချက်အနေနဲ့ လွယ်တော်ခမ်းဂိတ်နဲ့ မယ်ယန်းဂိတ်ကို ပေးမကျော်ဘူး။ ကျော်တာနဲ့ ဖမ်းလို့ရတယ်။ ဗီဇာနဲ့ဝင်တာမျိုး ဆိုရင်တော့ တစ်မျိုးပေါ့"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံဘက်တွင် နိုင်ငံခြားသားများအား မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အရေးယူပြီး ပြစ်ဒဏ်ချမှတ်ပါက တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ခိုးဝင်သည်များအတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိချမှတ်နိုင်ပြီး၊ ထိုင်းနိုင်ငံဘက်တွင် ထိုင်းနိုင်ငံ လဝက ဥပဒဖြေင့် ထောင်ဒဏ်(၂)နှစ် (သို့မဟုတ်) ငွေဒဏ် ဘတ်(၂၀၀၀၀) (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~