လက္နက္မ်ားႏွင့္ က်ပ္သိန္းေပါင္း (၁၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား မိုင္းဖုန္း၌ ဖမ္းမိ

လက္နက္မ်ားႏွင့္ က်ပ္သိန္းေပါင္း (၁၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား မိုင္းဖုန္း၌ ဖမ္းမိ
ဖေဖော်ဝါရီ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေဖေဖာ္၀ါရီလ(၂၄)၊    ။ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္ က်ပ္သိန္းေပါင္း (၁၀၃)သိန္းေက်ာ္ တန္ဖိုးရွိသည့္ မူးယစ္ေဆး၀ါးမ်ားႏွင့္ လက္နက္မ်ားအား ေနအိမ္အတြင္းဝင္ေရာက္ရွာေဖြရာမွ ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ မူးယစ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(က)ေက်းရြာအုပ္စု စံဖူးေက်းရြာရွိ အိုက္ဆီေက်ာက္၏ ေနအိမ္အား ေဖေဖာ္၀ါရီလ( ၂၄)ရက္ေန႔ နံနက္(၁၀)နာရီ မိနစ္(၂၀)ခန္႔က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္တပ္နယ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားအပါအ၀င္ ပူးေပါင္းအဖြ႔႔ဲျဖင့္ ၀င္ေရာက္ ရွာေဖြစစ္ေဆးရာမွ  Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား စုစုေပါင္း (၄၁၅၀)ျပားႏွင့္အတူ ေသနတ္ (၄)လက္ ႏွင့္ ေလေသနတ္(၁)လက္အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းအမႈႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၄၇)ႏွစ္အရြယ္ အိုက္ဆီေက်ာက္နွင့္ ကြင္းဆက္တရားခံျဖစ္သူ ဖမ္းမမိေသးသည့္ အိုက္ေဆာင္တို႔အား ၀မ္ပံုနယ္ေျမ ရဲစခန္းတြင္ မယ(ပ)၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် ကျပ်သိန်းပေါင်း (၁၀၃)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် လက်နက်များအား နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိကြောင်း တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု စံဖူးကျေးရွာရှိ အိုက်ဆီကျောက်၏ နေအိမ်အား ဖေဖော်ဝါရီလ( ၂၄)ရက်နေ့ နံနက်(၁၀)နာရီ မိနစ်(၂၀)ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးရာမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၄၁၅၀)ပြားနှင့်အတူ သေနတ် (၄)လက် နှင့် လေသေနတ်(၁)လက်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၇)နှစ်အရွယ် အိုက်ဆီကျောက်နှင့် ကွင်းဆက်တရားခံဖြစ်သူ ဖမ်းမမိသေးသည့် အိုက်ဆောင်တို့အား ဝမ်ပုံနယ်မြေ ရဲစခန်းတွင် မယ(ပ)၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~