တာခ်ီလိတ္၊ ေဖေဖာ္၀ါရီလ(၂၅) ။ ။ ထိုင္းႏိုင္ငံ မယ္က်န္႔ေတာင္ၾကားဂိတ္တြင္ ထိုင္းရဲမ်ား၏ ဖမ္းဆီးျခင္းကို ခံလိုက္ရသည့္ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမား (၁၇)ဦးအား ေဖေဖာ္၀ါရီလ (၂၄)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရး တံတားအမွတ္(၁)တြင္ ျမန္မာဘက္သိုု႔ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။
"အိမ္ေဖာ္အလုပ္ လုပ္တာ (၅)ႏွစ္ရွိၿပီ။ အိမ္ကိုတစ္ေခါက္မွ မျပန္ရေသးလို႔ ခုအိမ္ကိုျပန္တဲ့အခါ လမ္းမွာ ဖမ္းမိတာပါ။ ဖမ္းမိေတာ့ ခ်င္းရိုင္းမွာ ႏွစ္ရက္ေလာက္ အခ်ဳပ္က်တယ္။ ဒဏ္ေငြဆိုၿပီးေတာ့ ဘတ္တစ္ေထာင္ ေတာင္းတယ္။ မယ္ဆိုင္အခ်ဳပ္ခန္းမွာ(၃)ရက္ေလာက္ ထပ္အိပ္ရတယ္။ ေနာက္ၿပီး ဒီဘက္ကူးဖို႔ လက္မွတ္ဖိုး ဘတ္ႏွစ္ရာ ထပ္ေတာင္းတယ္။ စုစုေပါင္း(၁၂၀၀)ဘတ္ေလာက္ေပးရၿပီး အခ်ဳပ္မွာလည္း ငါးရက္ အိပ္ရတယ္။"ဟု ေတာင္ႀကီးၿမိဳ႕မွ အလုပ္သြားလုပ္သူ မနန္းယိန္းက ေျပာသည္။
ထုိင္းႏုိင္ငံဘက္မွ လႊဲေျပာင္းလာေသာ (၁၇)ဦးတြင္ အမ်ိဳးသမီး (၇)ဦးႏွင့္ အမ်ိဳးသား(၁၀)ဦးပါဝင္ၿပီး ၎တို႔မွာ ေနထိုင္ခြင့္ သက္တမ္းကုန္လြန္ျခင္း၊ သတ္မွတ္ထားေသာနယ္မွ နယ္ေျမေက်ာ္သြားေရာက္ျခင္း ၊ တရားမ၀င္ သြားေရာက္ေနထိုင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္က သရက္သီးရုံမွာ အလုပ္လုပ္တာပါ။ တစ္ရက္ကို ဘတ္ႏွစ္ရာ ရတယ္။ ထိုင္းရဲေတြက ဖမ္းၿပီးေတာ့ အခ်ဳပ္ထဲ ထည့္ထားတယ္။ ေနာက္ၿပီး ပိုက္ဆံဘယ္ေလာက္ပါလဲတဲ့။ ကၽြန္ေတာ္ပါလာတဲ့ ပိုက္ဆံအိတ္ထဲကို စစ္တယ္။ အဲဒီထဲမွာပါတဲ့ ဘတ္(၁၅၀၀)ကို ယူသြားတယ္။ ကၽြန္ေတာ့္ကို အလုပ္သမားကတ္ သက္တမ္းကုန္သြားလို႔ ဖမ္းတာပါ။"ဟု ေညာင္ေရႊမွ အလုပ္သြားလုပ္ကိုင္သူ ကိုခင္ေမာင္ျဖဴက ေျပာသည္။
ယခုလႊဲေျပာင္းလာေသာ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား (၁၇)ဦးတြင္ ရွမ္းျပည္နယ္မွ (၁၅)ဦး ၊ ရန္ကုန္တိုင္းေဒသႀကီးမွ (၁)ဦး ၊ ပဲခူးတိုင္းေဒသႀကီးမွ (၁)ဦးတို႔ျဖစ္ၿပီး ထိုင္းရဲမ်ားက တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား ဖမ္းတုိင္း တစ္ဦးလွ်င္ ဒဏ္ေငြအနည္းဆုံး ဘတ္(၈၀၀)မွ (၁၀၀၀)ဘတ္အထိ ေပးေဆာင္ေနရေၾကာင္း ထိုင္းႏုိင္ငံေရာက္ ျမန္မာမ်ားထံမွ သိရသည္။
**************
( unicode )
တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၅)။ ထိုင်းနိုင်ငံ မယ်ကျန့်တောင်ကြားဂိတ်တွင် ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် တရားမဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၁၇)ဦးအား ဖေဖော်ဝါရီလ (၂၄)ရက်နေ့က တာချီလိတ်မြို့ ချစ်ကြည်ရေး တံတားအမှတ်(၁)တွင် မြန်မာဘက်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
"အိမ်ဖော်အလုပ် လုပ်တာ (၅)နှစ်ရှိပြီ။ အိမ်ကိုတစ်ခေါက်မှ မပြန်ရသေးလို့ ခုအိမ်ကိုပြန်တဲ့အခါ လမ်းမှာ ဖမ်းမိတာပါ။ ဖမ်းမိတော့ ချင်းရိုင်းမှာ နှစ်ရက်လောက် အချုပ်ကျတယ်။ ဒဏ်ငွေဆိုပြီးတော့ ဘတ်တစ်ထောင် တောင်းတယ်။ မယ်ဆိုင်အချုပ်ခန်းမှာ(၃)ရက်လောက် ထပ်အိပ်ရတယ်။ နောက်ပြီး ဒီဘက်ကူးဖို့ လက်မှတ်ဖိုး ဘတ်နှစ်ရာ ထပ်တောင်းတယ်။ စုစုပေါင်း(၁၂၀၀)ဘတ်လောက်ပေးရပြီး အချုပ်မှာလည်း ငါးရက် အိပ်ရတယ်။"ဟု တောင်ကြီးမြို့မှ အလုပ်သွားလုပ်သူ မနန်းယိန်းက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသော (၁၇)ဦးတွင် အမျိုးသမီး (၇)ဦးနှင့် အမျိုးသား(၁၀)ဦးပါဝင်ပြီး၎င်းတို့မှာ နေထိုင်ခွင့် သက်တမ်းကုန်လွန်ခြင်း၊ သတ်မှတ်ထားသောနယ်မှ နယ်မြေကျော်သွားရောက်ခြင်း၊ တရားမဝင် သွားရောက်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်က သရက်သီးရုံမှာ အလုပ်လုပ်တာပါ။ တစ်ရက်ကို ဘတ်နှစ်ရာ ရတယ်။ ထိုင်းရဲတွေက ဖမ်းပြီးတော့ အချုပ်ထဲ ထည့်ထားတယ်။ နောက်ပြီး ပိုက်ဆံဘယ်လောက်ပါလဲတဲ့။ ကျွန်တော်ပါလာတဲ့ ပိုက်ဆံအိတ်ထဲကို စစ်တယ်။ အဲဒီထဲမှာပါတဲ့ ဘတ်(၁၅၀၀)ကို ယူသွားတယ်။ ကျွန်တော့်ကို အလုပ်သမားကတ် သက်တမ်းကုန်သွားလို့ ဖမ်းတာပါ။"ဟု ညောင်ရွှေမှ အလုပ်သွားလုပ်ကိုင်သူ ကိုခင်မောင်ဖြူက ပြောသည်။
ယခုလွှဲပြောင်းလာသော တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁၇)ဦးတွင် ရှမ်းပြည်နယ်မှ (၁၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦးတို့ဖြစ်ပြီး ထိုင်းရဲများက တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ဖမ်းတိုင်း တစ်ဦးလျှင် ဒဏ်ငွေအနည်းဆုံး ဘတ်(၈၀၀)မှ (၁၀၀၀)ဘတ်အထိ ပေးဆောင်နေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများထံမှ သိရသည်။