ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၅) ။ ။ တရုတ္ႏုိင္ငံ ဟြမ္ေဘးျပည္နယ္အလယ္ပိုင္း ရွန္ေဇာင္းၿမိဳ႕မွာ ကမၻာ့အံ့ဖြယ္တစ္ပါးျဖစ္လာမယ့္ ရုပ္တုႀကီး တစ္ခုကို တည္ေဆာက္ေနမႈကို စီစီတီဗြီသတင္းဌာနက ေဖာ္ျပထားပါတယ္။
(၂၂၀ -၂၈၀)ကာလအတြင္းက မင္း(၃)ဆက္ တိုင္တိုင္ စစ္ဘုရင္တစ္ပါးျဖစ္လာခဲ့တဲ့ စစ္သူႀကီး ဂြမ္ယုရဲ႕ ရုပ္တုကို ေၾကးျပားေပါင္း (၄,၀၀၀) ေက်ာ္နဲ႔ သံုးစြဲၿပီး အျမင့္(၅၈)မီတာ တည္ေဆာက္ေနတာ ျဖစ္ပါတယ္။
ဒီအံ့ဖြယ္ရုပ္တုုႀကီးဟာ တန္ခ်ိန္ (၁,၂၀၀) အေလးခ်ိန္ရိွၿပီးေတာ့ ကုန္က်စရိတ္ဟာ ယြမ္ေငြ (၁.၅)ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ (၂၂၉.၆ )မီလီယံ)ေက်ာ္ ကုန္က်မယ္လို႔ သိရပါတယ္။
ဒီရုပ္တုတည္ေဆာက္မႈဟာ ၂၀၁၆ခုႏွစ္ရဲ႕ ဧၿပီလမွာ လံုးဝၿပီးစီးႏိုင္ၿပီး ဇြန္လမွာ ဖြင့္လွစ္ႏုိင္မယ္လို႔ ခန္႔မွန္းထားေၾကာင္း သိရပါတယ္။
ဘာသာျပန္။ ။ ဇာႏွင္းထိုက္
Ref; CCTVNews
Photo: CCTVNews
******************
( unicode )
ဘာသာပြန်၊ ဖေဖော်ဝါရီလ(၂၅)။ တရုတ်နိုင်ငံ ဟွမ်ဘေးပြည်နယ်အလယ်ပိုင်း ရှန်ဇောင်းမြို့မှာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်လာမယ့် ရုပ်တုကြီး တစ်ခုကို တည်ဆောက်နေမှုကို စီစီတီဗွီသတင်းဌာနက ဖော်ပြထားပါတယ်။
(၂၂၀ -၂၈၀)ကာလအတွင်းက မင်း(၃)ဆက် တိုင်တိုင် စစ်ဘုရင်တစ်ပါးဖြစ်လာခဲ့တဲ့ စစ်သူကြီး ဂွမ်ယုရဲ့ ရုပ်တုကို ကြေးပြားပေါင်း (၄,ဝဝဝ) ကျော်နဲ့ သုံးစွဲပြီး အမြင့်(၅၈)မီတာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ဒီအံ့ဖွယ်ရုပ်တုကြီးဟာ တန်ချိန် (၁,၂၀၀) အလေးချိန်ရှိပြီးတော့ ကုန်ကျစရိတ်ဟာ ယွမ်ငွေ (၁.၅)ဘီလီယံ (အမေရိကန်ဒေါ်လာ (၂၂၉.၆ )မီလီယံ) ကုန်ကျမယ်လို့ သိရပါတယ်။
ဒီရုပ်တုတည်ဆောက်မှုဟာ ၂၀၁၆ခုနှစ်ရဲ့ ဧပြီလမှာ လုံးဝပြီးစီးနိုင်ပြီး ဇွန်လမှာ ဖွင့်လှစ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CCTVNews
Photo: CCTVNews