အဆိုပါ ရေရှားပါးသည့် ကျေးရွာများသို့ တောင်ကြီးမြို့အပါအဝင် အနီးအနားရှိမြို့များရှိ လူမှုရေးအသင်းအဖွဲ့များမှ သောက်သုံးရေများ လာရောက်လှုဒါန်းနေကြကြောင်း သိရသည်။
အလှူရှင်များက လှူဒါန်းသည့်ရေများကို လက်မောင်းကွေးကျောင်းတိုက်ရှိ ရဟန်းသံဃာတော်များ နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စီမံခန့်ခွဲကာ ဒေသခံများသို့ ခွဲဝေပေးနေပြီး ဘုန်းကြီးကျောင်းနှင့် ဝေးသော ရွာများကိုလည်း လိုက်လံ အကြောင်းကြားပေးနေကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး အယ်နီညိုရာသီဥတုနှင့် ကြုံတွေ့ရမည့် ဒေသများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပြီး အယ်နီညိုကြောင့် မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းများ နှစ်မျိုးလုံး ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပြီး၊ မြန်မာနိုင်ငံအတွင်း ရေရှားပါးသည့် ဒေသများတွင်လည်း သောက်သုံးရေကန်များ ခမ်းခြောက်ခြင်းမှာ နှစ်စဉ်ထက် အချိန်စော ဖြစ်ပွားနေခြင်းဖြစ်သည်။
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ရေပြတ်လပ်နိုင်မည့် ဒေသများမှာ ၂၀၁၅ ခုနှစ်ထက် သုံးဆကျော်ပိုများနိုင်ပြီး မြို့နယ်ပေါင်း(၁၇၃)မြို့နယ်၊ ကျေးရွာပေါင်း(၁၇၅၈)ရွာ ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ကျေးလက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သတင်း/ဓာတ်ပုံ ။ ။ မင်းမင်း(တောင်ကြီး)
တောင်ကြီး၊ ဖေဖော်ဝါရီလ(၂၆)။ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှမြေို့နယ် လက်မောင်းကွေးကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာတွင် ဇန်နဝါရီလကတည်းက သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
"ကျွန်တော်တို့ လက်မောင်းကွေးကျေးရွာအုပ်စုထဲမှာ စုစုပေါင်း (၈)ရွာရှိပါတယ်။ အဲဒီ(၈)ရွာထဲမှာ (၅)ရွာက သောက်ရေနဲ့ သုံးရေတော်တော်လေး ရှားနေတယ်။ သောက်ရေက ပိုရှားတယ်။ သုံးရေက ရွာကနေ မိနစ်(၂၀)လောက် လမ်းလျှောက်သွားရင် ရေခပ်တဲ့ နေရာရောက်တယ်။ အဲဒီမှာ သွားခပ်နကြေတော့ သုံးရေက သိပ်မရှားပါဘူး"ဟု ကျောင်းနားကျေးရွာ၏ ရာအိမ်မှူးဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။
ယင်းကျေးရွာများရှိ သောက်သုံးရေလှောင်ကန်များသည် ဇန်နဝါရီလအတွင်း စတင်၍ ရေခမ်းခြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
"ဦးဇင်းတို့ရွာမှာ သောက်ရေနဲ့ သုံးရေလှောင်ကန်တွေရှိတယ်။ ကန်တွေကလည်း ရေလုံးဝမရှိတော့အောင် ခမ်းကုန်ပြီ။ အဲဒီတော့ ရွာသားတွေက သောက်ရေ ရှားတဲ့ပြဿနာ ကြုံနေရတယ်။ နှစ်တိုင်းလိုလို တပေါင်းလဆို ရေစရှားလာပြီ ဒီနှစ်ကတော့ တော်တော်လေး အခြေအနေဆိုးတယ်"ဟု လက်မောင်းကွေးကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒေါကမိန့်သည်။
အဆိုပါ ရေရှားပါးသည့် ကျေးရွာများသို့ တောင်ကြီးမြို့အပါအဝင် အနီးအနားရှိမြို့များရှိ လူမှုရေးအသင်းအဖွဲ့များမှ သောက်သုံးရေများ လာရောက်လှုဒါန်းနကြေကြောင်း သိရသည်။
အလှူရှင်များက လှူဒါန်းသည့်ရေများကို လက်မောင်းကွေးကျောင်းတိုက်ရှိ ရဟန်းသံဃာတော်များ နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စီမံခန့်ခွဲကာ ဒေသခံများသို့ ခွဲဝေပေးနပြေီး ဘုန်းကြီးကျောင်းနှင့် ဝေးသော ရွာများကိုလည်း လိုက်လံ အကြောင်းကြားပေးနေကြောင်း သိရသည်။
သောက်သုံးရေရှားပါးနေသည့် ကျောင်းနားရွာ၊ ကျောင်းရှေ့ရွာ၊ ပန်းတင်ရွာ၊ သရက်ပင်ရွာ နှင့် အိမ်ပဲ့ရွာတို့တွင် အိမ်ခြေပေါင်း (၂၄၀)နှင့် အိမ်ထောင်စုပေါင်း (၂၄၀) ရှိပြီး လူဦးရေ တစ်ထောင့်လေးရာကျော် နေထိုင်လျှက်ရှိသည်ဟု သိရသည်။
၂၀၁၆ ခုနှစ် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး အယ်နီညိုရာသီဥတုနှင့် ကြုံတွေ့ရမည့် ဒေသများတွင် မြန်မာနိုင်ငံလည်း ပါဝင်နပြေီး အယ်နီညိုကြောင့် မိုးခေါင်ခြင်းနှင့် ရကြေီးခြင်းများ နှစ်မျိုးလုံး ကြုံတွေ့ရနို်င်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပြီး၊ မြန်မာနိုင်ငံအတွင်း ရေရှားပါးသည့် ဒေသများတွင်လည်း သောက်သုံးရေကန်များ ခမ်းခြောက်ခြင်းမှာ နှစ်စဉ်ထက် အချိန်စော ဖြစ်ပွားနခြေင်းဖြစ်သည်။
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ရပြေတ်လပ်နိုင်မည့် ဒေသများမှာ ၂၀၁၅ ခုနှစ်ထက် သုံးဆကျော်ပိုများနိုင်ပြီး မြို့နယ်ပေါင်း(၁၇၃)မြို့နယ်၊ ကျေးရွာပေါင်း(၁၇၅၈)ရွာ ရပြေတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ကျေးလက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သတင်း/ဓာတ်ပုံ။ မင်းမင်း(တောင်ကြီး)