တာချီလိတ် ၌ ပဉ္စမအကြိမ်မြောက် စုပေါင်းရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာဆင်နွှဲ

တာချီလိတ် ၌ ပဉ္စမအကြိမ်မြောက် စုပေါင်းရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာဆင်နွှဲ
မတ် 1, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒ န္တဝိရောစန (မဟာဂန္ထဝါစက ပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ)အား အမှူးထား၍ ခရိုင် နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကြီးမှူး ဦးဆောင်ကာ စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် ပဉ္စမအကြိမ်မြောက် စုပေါင်းရှင်ပြုပွဲကို ၁၃၇၇ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၆)ရက်၊ ဖေဖော်ဝါရီလ (၂၉)ရက် ညနေပိုင်းက ကျင်းပရာ ရှင်လောင်းလှည့်ခြင်း၊ ဆံချခြင်း နှင့် သင်္ကန်းစည်းခြင်းကို စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်၊၊

ဆက်လက်၍ ယနေ့ မတ်လ (၁)ရက်နေ့၊ မွန်းလွဲပိုင်းက လှူဒါန်းမှူအစုစုတို့အတွက် ရေစက်ချ အမျှပေး ဝေခြင်းကို အဆိုပါ ကမ္မဋ္ဌာန်းကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပရာ ကျောင်းတိုက်ဆရာတော်ထံမှ တက်ရောက် လာသည့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ နှင့် ဧည့်ပရိတ်သတ်များ က ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်၊၊

ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ကာ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် က သာဓု အနုမောဒနာတရား ဟောကြားသည်။

ယင်းနောက် ဆရာတော် သံဃာတော်အရှင် သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုတို့ အတွက်ရေစက် သွန်းချ အမျှပေးဝေခဲ့သည်၊၊

အဆိုပါ ရှင်ပြုပွဲကို အလှူရှင်စေတနာရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ် ကာ၊ မြို့နယ်တွင်းရှိ သားရတနာ(၂၀)ဦးအား ရှင်သာမဏေအဖြစ်သို့ ချီးမြှောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊၊

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net