သတင်း။ ။ ဇွဲမြတ်
ဓာတ်ပုံ။ ။ ဦးဘအေး
***************
( unicode )
ကျိုင်းတုံ၊ မတ်လ(၃)ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတက္ကသိုလ်တွင် ကွန်ပျူတာ ဘာသာရပ်သင်ကြားနိုင်ရန် ပထမဆုံး ကွန်ပျူတာဌာနကို ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ကွန်ပျူတာဘာသာရပ် သင်ကြားရေးအတွက် ကွန်ပျူတာဌာနကို ၂၀၁၆ ခုနှစ် မတ်လ (၁)ရက်နေ့က
စတင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျိုင်းတုံတက္ကသိုလ်မှာ ကွန်ပျူတာဌာနကို ဒီစာသင်နှစ်မှ စပြီးတော့ဖွင့်နိုင်တာပါ။ သင်ရိုးညွှန်းတမ်းမှာ
ကွန်ပျူတာ ဘာသာရပ်ပါပေမဲ့ အရင်နှစ်တွေက ကွန်ပျူတာဌာန မရှိတဲ့အတွက် ကျောင်းသားတွေက ကွန်ပျူတာအချိန်ဆို လက်မှတ်ပဲထိုးပြီး ကွန်ပျူတာဘာသာရပ်ကို လေ့လာခွင့်မရခဲ့ကြပါဘူး။"ဟု ကွန်ပျူတာဌာနမှ ဌာနမှူး ဆရာမဒေါ်ချောစုကိုကိုက ပြောသည်။
ကျိုင်းတုံတက္ကသိုလ် ကွန်ပျူတာဌာနတွင် ကွန်ပျူတာ(၃၁)လုံးရှိပြီး ကျောင်းသား၊ကျောင်းသူများကို အချိန်များခွဲ၍ သက်ဆိုင်ရာ သင်တန်းနှစ်အလိုက် ဘာသာရပ်များခွဲ၍ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"အခုလို ကျောင်းမှာ ကွန်ပျူတာဌာန သီးသန့်ထားပြီး ကွန်ပျူတာဘာသာရပ်ကို သင်ရတော့မယ် ဆိုတော့ ကောင်းပါတယ်။ အခုကလည်း ကွန်ပျူတာခေတ်ရောက်နေတဲ့အတွက် ကွန်ပျူတာတော့ သုံးတတ်မှ ဖြစ်မယ်လေ"ဟု ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကပြောသည်။
ကျိုင်းတုံတက္ကသိုလ်တွင် အဓိကဘာသာရပ်ပေါင်း(၁၂)ခုတွင် ကျောင်းသား၊ကျောင်းသူဦးရေ (၁၀၀၀)ခန့် ပညာသင်ကြားနခြေင်းဖြစ်ရာ ကွန်ပျူတာဌာနတွင် ကွန်ပျူတာဘာသာရပ်များကို သင်ကြားပေးရန် ဆရာမ(၁)ဦးသာ ရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ ဦးဘအေး