စစ္ေတြ၊ မတ္လ (၁၆) ရက္ ။ ။ ရခုိင္ျပည္နယ္အစိုးရအဖြဲ႔၏ ျပည္နယ္ဝန္ႀကီး (၅)ေနရာအား ရခိုင္အမ်ိဳးသားပါတီ (ANP) မွေရြးခ်ယ္မည္ဆိုပါက ANP ပါတီ၏ ဆံုးျဖတ္ခ်က္ အေပၚသာ မူတည္မည္ ျဖစ္ေၾကာင္း ေျမပံုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ဝင္းက ေျပာၾကားလိုက္သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)အေနျဖင့္ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ အႏုိင္ရရိွထားျခင္း ျဖစ္ေသာ္လည္း ရခိုင္အမ်ိဳးသားပါတီ (ANP)သည္ ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္ ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ (၂၂) ဦးႏွင့္ ပူးေပါင္းကိုယ္စားလွယ္တစ္ဦးျဖစ္သည့္ တစ္သီးပုဂၢလကိုယ္စားလွယ္တစ္ဦး စုစုေပါင္း (၈၂၃) ဦးအႏုိင္ရရွိထားကာ ျပည္နယ္လႊတ္ေတာ္၏ ထက္ဝက္ေက်ာ္ အႏုိင္ရရွိထားျခင္း ျဖစ္သည္။
“ဒီတစ္ေခါက္ အသစ္ျပန္ဖြဲ႔မယ့္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔မွာေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ NLD ပါတီက ဦးညီပုပဲ ဝန္ႀကီးခ်ဳပ္ျဖစ္လာမွာ ျဖစ္ပါတယ္။ ဦးညီပုကို ဝန္ႀကီးခ်ဳပ္ခန္႔အပ္တဲ့ အေပၚမွာလည္း ေျပာစရာ ထူးထူးျခားျခား မရွိပါဘူး။ ကၽြန္ေတာ္တို႔ပါတီကေန ျပည္နယ္ဝန္ႀကီးအျဖစ္ (၅)ေနရာ ေပးမယ္ ဆိုတာကိုေတာ့ မသိေသးဘူး။ တကယ္ေပးလာမယ္ဆိုရင္လည္းပဲ ပါတီရဲ႕ဆံုးျဖတ္ခ်က္ လိုအပ္ပါတယ္။ NLD ပါတီအေနနဲ႔ လည္း ANP ဘက္က ပါတီအႀကီးအကဲေတြနဲ႔ ေဆြးေႏြးမႈေတြလုပ္ဖို႔လိုအပ္မွာပါ။”ဟု ဦးေအာင္ဝင္းက ေျပာသည္။
ရခိုင္အမ်ိဳးသားပါတီ(ANP)မွ ျပည္နယ္၀န္ႀကီး(၅)ေနရာအတြက္ ခန္႔အပ္ေပးသြားမည္ဟူေသာ သတင္းမ်ား ထြက္ေပၚျခင္းႏွင့္ ပတ္သက္၍ NLD ပါတီမွ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ေရပန္းစားေနသူ ဂြၿမိဳ႕နယ္ မဲဆႏၵနယ္ ျပည္သူ႔လြတ္ေတာ္ကိုယ္စားလွယ္ ဦးညီပုက အဆိုပါသတင္းမ်ားႏွင့္ပတ္သက္၍ ျငင္းဆိုလိုက္သည္။
"၀န္ႀကီး(၅)ေနရာအတြက္ သတင္းေတြထြက္ေပၚေနတာကို ကၽြန္ေတာ္တို႔ NLD ပါတီအေနနဲ႔ အတည္မျပဳႏိုင္ပါဘူး။ ကၽြန္ေတာ့္ကို ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္မယ္ဆိုတာလည္း ေသခ်ာ မသိေသးဘူး။ ဒီတစ္ပတ္ အတြင္းမွာ NLD ပါတီအေနနဲ႔ CEC အစည္းအေ၀းကို ျပဳလုပ္မွာပါ။ အဲဒီအစည္းအေ၀းၿပီးမွ ျပည္နယ္အစိုးရ အခင္းအက်င္း ဘယ္လိုရွိမယ္ဆိုတာသိရပါမယ္။ "ဟု NLD ပါတီမွ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ေရပန္းစားသူ ဦးညီပုက ေျပာသည္။
ရခုိင္ျပည္နယ္လႊတ္ေတာ္တြင္ လႊတ္ေတာ္ဥကၠဌႏွင့္ ဒုတိယလႊတ္ေတာ္ဥကၠဌေနရာမ်ားကို ANP မွ ရရွိထားၿပီးျဖစ္ရာ ရခိုင္ျပည္နယ္္ အစိုးရအဖြဲ႔ကို ျပည္နယ္အတြင္း အမ်ားဆံုးအႏုိင္ရရွိထားသည့္ ၎တို႔ပါတီမွ ဦးေဆာင္ေရြးခ်ယ္ခြင့္ မရရွိပါက အစိုးရအဖြဲ႔တြင္ပါဝင္မည္မဟုတ္ဘဲ အတိုက္အခံအျဖစ္ လႊတ္ေတာ္တြင္ ရပ္တည္သြားမည္ျဖစ္ေၾကာင္း ANP ေၾကညာခ်က္တစ္ေစာင္ကိုလည္း ထုတ္ျပန္ထားျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္လႊတ္ေတာ္၏ ဒုတိယအႀကိမ္ေျမာက္ ပထမပံုမွန္အစည္းအေဝးကို ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၈)ရက္ေန႔က စတင္က်င္းပခဲ့ၿပီး ဒုတိယပံုမွန္အစည္းအေဝးကို မတ္လ (၁၄) ရက္ေန႔မွစတင္ က်င္းပေနျခင္း ျဖစ္သည္။
သတင္း။ ။ RiA
*****************
စစ်တွေ၊ မတ်လ (၁၆) ရက်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဝန်ကြီး (၅)နေရာအား ရခိုင်အမျိုးသားပါတီ (ANP) မှရွေးချယ်မည်ဆိုပါက ANP ပါတီ၏ ဆုံးဖြတ်ချက် အပေါ်သာ မူတည်မည် ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အနဖြေင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိထားခြင်း ဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ (ANP)သည် ရခိုင်ပြည်နယ်လွှတ်တော်တွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ် (၂၂) ဦးနှင့် ပူးပေါင်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၈၂၃) ဦးအနိုင်ရရှိထားကာ ပြည်နယ်လွှတ်တော်၏ ထက်ဝက်ကျော် အနိုင်ရရှိထားခြင်း ဖြစ်သည်။
“ဒီတစ်ခေါက် အသစ်ပြန်ဖွဲ့မယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ပါတီက ဦးညီပုပဲ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဦးညီပုကို ဝန်ကြီးချုပ်ခန့်အပ်တဲ့ အပေါ်မှာလည်း ပြောစရာ ထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့ပါတီကနေ ပြည်နယ်ဝန်ကြီးအဖြစ် (၅)နေရာ ပေးမယ် ဆိုတာကိုတော့ မသိသေးဘူး။ တကယ်ပေးလာမယ်ဆိုရင်လည်းပဲ ပါတီရဲ့ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ NLD ပါတီအနေနဲ့ လည်း ANP ဘက်က ပါတီအကြီးအကဲတွေနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့လိုအပ်မှာပါ။”ဟု ဦးအောင်ဝင်းက ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်နယ်ဝန်ကြီး(၅)နေရာအတွက် ခန့်အပ်ပေးသွားမည်ဟူသော သတင်းများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ NLD ပါတီမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ဂွမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးညီပုက အဆိုပါသတင်းများနှင့်ပတ်သက်၍ ငြင်းဆိုလိုက်သည်။
"ဝန်ကြီး(၅)နေရာအတွက် သတင်းတွေထွက်ပေါ်နေတာကို ကျွန်တော်တို့ NLD ပါတီအနေနဲ့ အတည်မပြုနိုင်ပါဘူး။ ကျွန်တော့်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်ဆိုတာလည်း သေချာ မသိသေးဘူး။ ဒီတစ်ပတ် အတွင်းမှာ NLD ပါတီအနေနဲ့ CEC အစည်းအေဝးကို ပြုလုပ်မှာပါ။ အဲဒီအစည်းအေဝးပြီးမှ ပြည်နယ်အစိုးရ အခင်းအကျင်း ဘယ်လိုရှိမယ်ဆိုတာသိရပါမယ်။ "ဟု NLD ပါတီမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားသူ ဦးညီပုက ပြောသည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယလွှတ်တော်ဥက္ကဌနေရာများကို ANP မှ ရရှိထားပြီးဖြစ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ်အတွင်း အများဆုံးအနိုင်ရရှိထားသည့်၎င်းတို့ပါတီမှ ဦးဆောင်ရွေးချယ်ခွင့် မရရှိပါက အစိုးရအဖွဲ့တွင်ပါဝင်မည်မဟုတ်ဘဲ အတိုက်အခံအဖြစ် လွှတ်တော်တွင် ရပ်တည်သွားမည်ဖြစ်ကြောင်း ANP ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ်မြောက် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဒုတိယပုံမှန်အစည်းအဝေးကို မတ်လ (၁၄) ရက်နေ့မှစတင် ကျင်းပနခြေင်း ဖြစ်သည်။
သတင်း။ RiA