မန္တလေး - မြစ်ကြီးနား ပြေးဆွဲလျှက်ရှိသော ကုန်တင်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲဇာချောင်းအနီး မိုင်တိုင် ၅၆၇/၂၀ နှင့် ၂၁ ကြား၌ နိုဝင်ဘာလ (၆) ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်ခန့်က သံလမ်းဘီးချော်မှုဖြစ်ပွားကြောင်း နမ်းခမ်းဘူတာရုံ တာဝန်ရှိသူများထံမှ သိရသည်။
သတင်း - ရန်နိုင်စိုး
"မီးရထားတွဲတွေကို ဂျိုက်နဲ့မတင်ပြီး ပြုပြင်နေရတယ်။ လူအသေအပျောက်နဲ့ ဒါဏ်ရသူတော့ မရှိပါဘူး။ ခရီးစဉ်တော့ ခေတ္တနားလိုက်ရတယ်။ အားလုံးပြုပြင်ပြီးရင် ပြန်လည်ပြေးဆွဲသွားမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့် အခုလိုဖြစ်တယ်ဆိုတာကတော့ သေချာစစ်ဆေးရအုံးမှာပါ " ဟု နမ်းခမ်းဘူတာရုံမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အဆိုပါ ကုန်တင်ရထားတွဲ (၃) တွဲမှ ဘီး (၁၆) ဘီးခန့် သံလမ်းအပြင်သို့ လမ်းချော်သွားကြောင်း သိရသည်။
သံလမ်းဘီးချော်မှု ဖြစ်ပွားသည့်နေရာသို့ ကောလင်းဘူတာမှ အထူးရထားဖြင့် ရထားပိုင်းမှ လက်ထောက်တိုင်း မန်နေဂျာ အပါအဝင် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါစစ်ဆေးကာ ရထားနှင့် သံလမ်းကြောကို ပြုပြင်မပြီးခင်ထိ ခေတ္တပိတ်ထားရကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး