ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ တန်ဆောင်တိုင်ပွဲတွင် လူငယ်များ ပရဟိတ လုပ်ဆောင်လိုသူများ အတွက် အသင်းအဖွဲ့များ ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်အား ဂီတအစည်းအရုံးနှင့် ကျိုင်းတုံလူငယ်ကွန်ယက်တို့မှ ဦးစီး၍ (၃)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လူငယ်များအနေဖြင့် မူးယစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ပရဟိတ လုပ်ငန်းများတွင် ပိုမိုပါဝင် ဆောင်ရွက်လာနိုင်ရန် တိုက်တွန်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကျိုင်းတုံမြို့တွင် တရားဝင် မှတ်ပုံတင်ထားသော လူမှုရေးအသင်းအဖွဲ့ ပေါင်း (၁၀)ခုကျော်ရှိပြီး မှတ်ပုံတင်ထားခြင်းမရှိသေးဘဲ လူငယ်များစု၍ ဆောင်ရွက်နေကြသူများရှိသော်လည်း ချိတ်ဆက်ဆောင်ရွက်မှု နည်းပါးကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
"ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ဒေသအတွင်းမှာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နကြေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးသွားမဲ့ အစီအစဉ်လေးကိုလည်း ထည့်သွင်းပေးထားပါတယ်။"ဟု ကျိုင်းတုံလူငယ်ကွန်ယက်မှ ကိုစိုင်းလင်းထွန်းက Tachileik News Agency သို့ ပြောသည်။
တန်ဆောင်တိုင်ပွဲတော်အား ဂီတအစည်းအရုံးနှင့် ကျိုင်းတုံလူငယ်ကွန်ယက်တို့မှ ဦးစီး၍ (၃)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လူငယ်များအနဖြေင့် မူးယစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ပရဟိတ လုပ်ငန်းများတွင် ပိုမိုပါဝင် ဆောင်ရွက်လာနိုင်ရန် တိုက်တွန်းခြင်းဖြစ်သည်ဟု၎င်းက ဆိုသည်။
"အခုနောက်ပိုင်းတော့ ပရဟိတအသင်းအဖွဲ့လေးတွေ ဖြည်းဖြည်းချင်းဆီတော့ များလာတယ်။ ပညာရေးအတွက် အကူအညီအပေးတဲ့အဖွဲ့တွေ ဘာသာရေးအတွက် လုပ်ကြသူတွေဆိုပြီးတော့ တဖြည်းဖြည်း ပေါ်လာနေပါပြီ။ ဘာဘဲပြောပြော ပရဟိတ အသင်းအဖွဲ့တွေ များများ ပေါ်လာလေလေ မြို့အတွက် ကောင်းလေလေပါပဲ။ ကျွန်တော်တို့မြို့မှာ ပရဟိတလုပ်ငန်း လုပ်သူတွေ များများ လိုပါတယ်။"ဟု အဖွဲ့ဝင် (၂၀၀၀)ခန့်ရှိသည့် နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုရေးကူညီမှုအသင်းမှ ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။
ကျိုင်းတုံမြို့တွင် တရားဝင် မှတ်ပုံတင်ထားသော လူမှုရေးအသင်းအဖွဲ့ပေါင်း (၁၀)ခုကျော်ရှိပြီး မှတ်ပုံတင်ထားခြင်းမရှိသေးဘဲ လူငယ်များစု၍ ဆောင်ရွက်နကြေသူများရှိသော်လည်း ချိတ်ဆက်ဆောင်ရွက်မှု နည်းပါးကြောင်း သိရသည်။
သတင်း - ဇွဲမြတ်