တိုင်းစည်ပင်ကသိမ်းယူထားသည့် မြိတ်မြို့ ပြည်သူပိုင်ပန်းခြံအဖြစ် ပြန်လည်ပြောင်းလဲ

တိုင်းစည်ပင်ကသိမ်းယူထားသည့် မြိတ်မြို့ ပြည်သူပိုင်ပန်းခြံအဖြစ် ပြန်လည်ပြောင်းလဲ
နိုဝင်ဘာ 8, 2016
By Tachileik News Agency

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆယ်စုနှစ်တစ်ခုကျော်အထိ တိုင်းစည်ပင်ရုံးဝင်းအဖြစ် အသုံးပြုခဲ့သည့် ဦးမြတ်လေးပန်းခြံကို အများပြည်သူ အပန်းဖြေနားနေနိုင်ရန်နှင့် ကလေးကစားကွင်း ပစ္စည်းများကိုစတင် တပ်ဆင်နေပြီဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“လက်ရှိမှာတော့ ဦးမြတ်လေးပန်းခြံကို အများသူငါ အပန်းဖြေနားနေနိုင်ဖို့အတွက် ကလေးကစားကွင်း ဆက်စပ်ပစ္စည်းများနဲ့ ကျန်းမာရေး လေ့ကျင့်ခန်းပစ္စည်းတွေကို စတင်တပ်ဆင်နေပါတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဦးဟန်နိုင်ထွန်းက ပြောသည်။
အဆိုပါပန်းခြံအား ပြည်သူပိုင်ပန်းခြံအဖြစ် ပြန်လည်အသုံးပြုခွင့်ပေးရန် မြို့ခံတချို့က တောင်းဆိုခဲ့ရာမှ ပြန်လည် အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖြစ်ရသည်။
“မြိတ်မြို့မှာ ပြည်သူပိုင်ပန်းခြံဆိုတာ  အစိုးရကသိမ်းလိုက်ပြီးနောက် ဘယ်နေရာမှာမှ  မရှိတော့တာ။ အခုထိပဲ လက်ရှိ မြို့ပေါ်မှာ ရှိနေတာတွေကလည်း ပုဂ္ဂလိကပိုင် ဖွင့်လှစ်ထားတဲ့ ကစားကွင်းတွေက အခြေခံလူတန်းစား တွေကတော့ အခကြေးငွေတွေကြောင့် အချိန်ပေးပြီး မကစားနိုင်ကြဘူး။ အခုလို ပြည်သူပိုင် ဦးမြတ်လေး ပန်းခြံအတွင်းမှာ ကလေးကစားကွင်းမှာ မြို့ခံတွေ အခမဲ့ကစားနိုင်ပြီးဆိုတော့ ဒီမြို့အတွက် ၀မ်းသာဂုဏ်ယူစရာ တစ်ခုပဲ”ဟု မြို့သစ်ရပ်ကွက်မှ ဦးအေးကိုက ပြောသည်။
အဆိုပါပန်းခြံအတွင်း ကလေးကစားကွင်းပစ္စည်းများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပစ္စည်းများတပ်ဆင်ရန် မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (MFD)မှ ပံ့ပိုးကူညီလှူဒါန်းပေးကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~