ႏိုင္ငံအတြင္း မူးယစ္ေဆးဝါး ျပႆနာျမင့္လာသည့္အတြက္ မူးယစ္ေဆးဝါးေရာင္းခ်မႈ ဦးေဆာင္သူမ်ားကို ဖမ္းဆီးႏုိင္ေရးကို သက္ဆိုင္ရာဌာနမ်ားႏွင့္ အတူ ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္ၾကရန္ ႏုိင္ငံေတာ္သမၼတ၏ ကယားျပည္နယ္ခရီးစဥ္တြင္ တိုက္တြန္းခဲ့သည္။
“အခု ကၽြန္ေတာ္တို႔ ေတြ႔ေနရတယ္။ ဖမ္းမိတဲ့အထဲမွာ ေအာက္ကအေသးေလးေတြပဲ။ အႀကီးထိ ေရာက္လာတာ မေတြ႕ရဘူး။ အဓိက ဦးေဆာင္တဲ့ ပုဂိၢဳလ္ေတြက အမ်ားႀကီးပါ။ တစ္ဦးျဖစ္ျဖစ္ ႏွစ္ဦးျဖစ္ျဖစ္ သက္ေသ အေထာက္အထား ျပည့္ျပည့္စုံစုံနဲ႔ ျပစ္ဒဏ္ အျပည့္အဝေပးရမယ္။ ကၽြန္ေတာ္ထင္တယ္ အထိုက္အေလ်ာက္ေတာ့ ေလ်ာ့နည္းသြားလိမ့္မယ္”ဟု ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ႏိုဝင္ဘာလ (၃) ရက္ လိြဳင္ေကာ္ၿမိဳ႕နယ္ေဒသခံမ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားလုိက္ျခင္း ျဖစ္သည္။
လက္ရွိအေျခေနတြင္ မူးယစ္ေဆးဝါးႏွင့္ ပက္သက္၍ ဖမ္းဆီးအေရးယူမႈ အမ်ားစုမွာ မူးယစ္ေဆးဝါး သုံးစြဲသည့္ လူငယ္မ်ားကို ဖမ္းဆီး အေရးယူမႈမ်ားေနသည္ကို ေတြ႔ရျဖင့္ ထိေရာက္သည့္လုပ္ေဆာင္မႈ မဟုတ္ေၾကာင္း သမၼတက ေဝဖန္လိုက္သည္။
ကယားျပည္နယ္အတြင္း မူးယစ္ေဆးဝါးမ်ားမွာ ေဈးေပါေပါျဖင့္ ေနရာတိုင္းတြင္ ေရာင္းခ်ေနမႈအမ်ားအျပား ရိွလာသျဖင့္ သံုးစြဲသူမ်ားလာျခင္းကို ႏိုင္ငံေတာ္အစိုးရ အေနျဖင့္ ထိေရာက္စြာ ေျဖရွင္းေပးရန္ လိြဳင္ေကာ္ၿမိဳ႕နယ္ ႏြားလဝိုးေက်းရြာအုပ္စုမွ ေဒသခံတစ္ဦးက ႏုိင္ငံေတာ္သမၼတအား တင္ျပခဲ့သည္။
ႏိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္သည္ ကယားျပည္နယ္၏ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးရန္ လိြဳင္ေကာ္ၿမိဳ႕သို႔ ႏိုဝင္ဘာလ (၃)ရက္ေန႔က ေရာက္ရွိလာျခင္းျဖစ္ၿပီး လိြဳင္ေကာ္ၿမိဳ႕ လင္ဖုံေလးေက်းရြာ အုပ္စုတြင္ ေတာင္သူမ်ားႏွင့္ ေတြ႕ဆုံစဥ္ တိုက္တြန္းေျပာဆိုလုိက္ျခင္းျဖစ္သည္။
သတင္း - ဆန္းၿဖဳိးထြန္း
“အခု ကျွန်တော်တို့ တွေ့နေရတယ်။ ဖမ်းမိတဲ့အထဲမှာ အောက်ကအသေးလေးတွေပဲ။ အကြီးထိ ရောက်လာတာ မတွေ့ရဘူး။ အဓိက ဦးဆောင်တဲ့ ပုဂိ္ဂုလ်တွေက အများကြီးပါ။ တစ်ဦးဖြစ်ဖြစ် နှစ်ဦးဖြစ်ဖြစ် သက်သေ အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ ပြစ်ဒဏ် အပြည့်အဝပေးရမယ်။ ကျွန်တော်ထင်တယ် အထိုက်အလျောက်တော့ လျော့နည်းသွားလိမ့်မယ်”ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုဝင်ဘာလ (၃) ရက် လွိုင်ကော်မြို့နယ်ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိအခြေနေတွင် မူးယစ်ဆေးဝါးနှင့် ပက်သက်၍ ဖမ်းဆီးအရေးယူမှု အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသည့် လူငယ်များကို ဖမ်းဆီး အရေးယူမှုများနေသည်ကို တွေ့ရဖြင့် ထိရောက်သည့်လုပ်ဆောင်မှု မဟုတ်ကြောင်း သမ္မတက ဝေဖန်လိုက်သည်။
ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးများမှာ ဈေးပေါပေါဖြင့် နေရာတိုင်းတွင် ရောင်းချနေမှုအများအပြား ရှိလာသဖြင့် သုံးစွဲသူများလာခြင်းကို နိုင်ငံတော်အစိုးရ အနဖြေင့် ထိရောက်စွာ ဖြေရှင်းပေးရန် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက နိုင်ငံတော်သမ္မတအား တင်ပြခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် လွိုင်ကော်မြို့သို့ နိုဝင်ဘာလ (၃)ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာ အုပ်စုတွင် တောင်သူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း