ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နယ်စပ်ကုန်သွယ်မှုလုပ်ဆောင်နေသည့် ကုန်သည်များ အနေဖြင့် လမ်းသွယ်လမ်းကြောင်းတစ်လျှောက် ကုန်သွယ်မှုလုပ်ငန်းလွယ်ကူချောမွေ့ မှု မှန်ကန်ရေးနှင့် လုံခြုံရေးဆိုင်ရာ များအတွက် အခက်အခဲများရှိပါက သတင်းပေးပို့ရန် နယ်စပ်ကုန်သွယ်ရေးစခန်းက တိုက်တွန်းလိုက်သည်။
ကုန်သည်များအနေဖြင့် သတင်းပေးပို့သည့် အချက်အလက်များပေါ် စိစစ်ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများ အနေဖြင့် ကူညီလုပ်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့ခြင်းသည် ဒေသတွင်း ကုန်သွယ်ရေးလုပ်ငန်း ချောမွေ့စေရေးအတွက် အထောက်အကူဖြစ်သည်ဟု ဆိုသည်။
"ကုန်သွယ်မှုတစ်ခုရပ်တန့်သွားရင် ဆက်စပ်နေတဲ့လူတွေအားလုံး စီးပွားရေးအရ ထိခိုက်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုမရပ်တန့်အောင် ကုန်သွယ်မှုပြုရာလမ်းကြောင်းတစ်လျှောက်နဲ့ ဆက်စပ်နယ်မြေတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လုံခြုံရေးအရထိခိုက်မှုတွေမဖြစ်အောင် သတင်းကိုတော့ ရတဲ့နေရာကနေ တတ်နိုင်သမျှ ပေးစေချင်ပါတယ်။ မှန်ခြင်း၊ မှားခြင်း အဓိကမကျပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဆက်စပ်သတင်းများနဲ့ မှန်ခြင်း၊ မှားခြင်းကို အတည်ပြုဖို့က ကျွန်တော်တို့ သက်ဆိုင်ရာဌာနများရဲ့ အလုပ်ဖြစ်ပါတယ်။"ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။
ကုန်သည်များအနဖြေင့် သတင်းပေးပို့သည့် အချက်အလက်များပေါ် စိစစ်ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများ အနဖြေင့် ကူညီလုပ်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့ခြင်းသည် ဒေသတွင်း ကုန်သွယ်ရေးလုပ်ငန်း ချောမွေ့စေရေးအတွက် အထောက်အကူဖြစ်သည်ဟု ဆိုသည်။
"မြပြေင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သတင်းပေးလာပြီဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာ လုံခြုံရေးဌာနများကို ဆင့်ကဲဆင့်ကဲ သတင်းပေးသွားပြီးတော့ ကုန်သွယ်မှုလုပ်ငန်း လွယ်ကူချောမွေ့အောင် တစ်နည်းအားဖြင့် အများစီးပွားမထိခိုက်အောင် လုပ်ဆောင်သွားမှာပါ။"ဟု ဦးတင်ရဲဝင်းက ပြောသည်။
ထိုင်း - မြန်မာကုန်သွယ်ရေးတွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၈.၄၄၅)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၉.၃၉၄)မီလီယံရှိပြီး ထိုင်းနိုင်ငံမှ သွင်းကုန်တန်ဖိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၉၃.၅၂၀)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် (၅၇.၃၅၃)မီလီယံရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်း၏ စာရင်းအရ သိရသည်။
သတင်း - ဇွဲမြတ်