UWSA နှင့် မိုင်းလား အခြေအနေကြောင့် ထိုင်းဘက်သို့ ထွက်ခွာသွားသည့် ပုံပါကျင်မှ လူဦး(၅၀)ခန့်အား ပြန်လာရန်တွန်းအားပေး
UWSA နှင့် မိုင်းလား အခြေအနေကြောင့် ထိုင်းဘက်သို့ ထွက်ခွာသွားသည့် ပုံပါကျင်မှ လူဦး(၅၀)ခန့်အား ပြန်လာရန်တွန်းအားပေး
နိုဝငျဘာ 9, 2016
By Tachileik News Agency
အောက်တိုဘာလ၏ နောက်ဆုံးပတ်ကစ၍ မိုင်းလားဒေသမှ (UWSA) ဝ တပ်ဖွဲ့များ ထွက်ခွာရန်ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အခြေအနေ တင်းမာနေချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသရှိ ကျေးရွာ(၅)ရွာမှ ၀ လူမျိုးလူဦးရေ(၅၀)ခန့်သည် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သွားကြောင်း သိရသည်။
တပ်မတော်နှင့် ဝ တပ်ဖွဲ့ကြား အခြေအနေတင်းမာနေချိန်တွင် နမ့်ယွန်းရွာဟောင်း၊ နမ့်ယွန်း"ဝ"ရွာ၊ နမ့်ဖိုင်ရွာ၊ ဝမ်မိုင်ရွာနှင့် နောင်ယန်းကျေးရွာများမှ ဝ လူမျိုး မိသားစုအချို့က ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
အောက်တိုဘာလ (၂၇)ရက်နေ့က မိုင်းလားဒေသမှ (UWSA) ဝ တပ်ဖွဲ့များ ထွက်ခွာရန်ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အခြေအနေ တင်းမာနေချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသရှိ ကျေးရွာ(၅)ရွာမှ လူဦးရေ(၅၀)ခန့်သည် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြောင်း သိရသည်။
ဝ အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ ကျေးရွာများမှ လူဦးရေ စာရင်း စစ်ရာတွင် လျော့နေသည့်အတွက် ပြန်လည်ခေါ်ယူရန် အုပ်ချုပ်ရေးမှူးများအား တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"နိုဝင်ဘာလ(၃)ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မုံးကျွတ်ကိုခေါ်ပြီး လူဦးရေစာရင်းတွေ တောင်းတော့ အရင်စာရင်းတင်ပြထားတာထက် အင်အား(၅၀)လောက် လျော့နေလို့ ပြန်ဆက်သွယ်ခေါ်ယူခိုင်းတယ်။ မရ ရအောင် ပြန်ခေါ်ရမယ်လို့မှာတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
တပ်မတော်နှင့် ဝ တပ်ဖွဲ့ကြား အခြေအနေ တင်းမာနေချိန်တွင် နမ့်ယွန်းရွာဟောင်း၊ နမ့်ယွန်း"ဝ"ရွာ၊ နမ့်ဖိုင်ရွာ၊ ဝမ်မိုင်ရွာနှင့် နောင်ယန်းကျေးရွာများမှ လူဦးရေ (၅၀)ခန့်က ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြခြင်း ဖြစ်ကြောင်း သိရသည်။
 "စပါးရိတ်သိမ်းချိန်ရောက်ပြီဖြစ်လို့ စပါးတွေ ရိတ်သိမ်းခိုင်းတယ်။ ထိုင်းကိုထွက်သွားသူတွေ ဆက်သွယ်ပြီး ပြန်ခေါ်ခိုင်းတယ်။"ဟု ဝ ဒေသ ဟွေအောဆက်ဆံရေးရုံးမှ ဦးလော်မိန်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖြကြေားသည်။
လက်ရှိတွင် အဆိုပါဒေသတွင်း တပ်မတော်နှင့် ဝ တပ်ဖွဲ့တို့ ပုံမှန်သွားလာမှုများသာရှိပြီး ဒေသတွင်း တည်ငြိမ်နေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~