မင္းတုန္းႀကိဳးျပင္ ဆင္စခန္းတြင္ မုန္ယိုေနသည့္ ဆင္၏ သတ္ျဖတ္မႈေၾကာင့္ ဆင္ဦးစီးေသဆံုး

မင္းတုန္းႀကိဳးျပင္ ဆင္စခန္းတြင္ မုန္ယိုေနသည့္ ဆင္၏ သတ္ျဖတ္မႈေၾကာင့္ ဆင္ဦးစီးေသဆံုး
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းတုန္းႀကိဳးျပင္ ႀကိဳးဝိုင္းအကြက္ (၄၈)တန္းေခ်ာင္းရိွ ဆင္စခန္းတြင္ မုန္ယိုေနသည့္ဆင္က အစြယ္ျဖင့္ထိုး၊ ေျချဖင့္နင္း၍ ဆင္ဦးစီး တစ္ဦး  ေသဆံုးသြားေၾကာင္း မင္းတုန္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါ ဆင္စခန္းတြင္ ခ်ည္ထားေသာ ဆင္ထီး၊စံု အမွတ္(၅၈၉၈)ေဇာ္သန္းေမာင္အမည္ရိွ ဆင္က ဆင္ဦး စီး ဦးေက်ာ္လိႈင္ကို ဆင္စြယ္ျဖင္႔ ထိုးသတ္နင္းေျခသျဖင္႔ ေသဆံုးသြားေၾကာင္း သတင္းအရ ဒီဇင္ဘာ(၂)ရက္ေန႔ ညေန (၃) နာရီခဲြ အခ်ိန္ခန္႔တြင္ ရဲအုပ္ၿမိဳ႕ၾကည္ႏွင္႔အဖဲြ႔က စစ္ေဆးရန္သြားေရာက္ခဲ႔ရာ ဒီဇင္ဘာ ၃ရက္ နံနက္ ၃နာရီ အခ်ိန္ခန္႔တြင္ အခင္းျဖစ္အရပ္သို႔ ေရာက္ရိွေၾကာင္း သိရသည္။

“ဆင္ဦးစီး ဦးေက်ာ္လိႈင္က ကၽြန္ေတာ့အေဖပါ။ ကၽြန္ေတာ္တို႔  ဆင္ကို ေနရာေျပာင္းေရႊ႕ဖို႔အတြက္ အေဖက ဆင္လက္တဲြႀကိဳးကို ျဖဳတ္ေနတုန္းမွာ မုန္ယိုေနတဲ႔ဆင္က အစြယ္နဲ႔ထိုးေကာ္ခံလိုက္ရတာ။ အဲဒီေနာက္ ထြက္ေျပးတဲ႔ အေဖ႔ေနာက္ကိုလိုက္ၿပီး တက္နင္းတာ”ဟု ဦးေက်ာ္လိႈင္၏သား ေမာင္သန္းႏိုင္ထြန္းက ေျပာသည္။

ဦးေက်ာ္လိႈင္အား စစ္ေဆးရာတြင္ ဝဲဘက္ပါးေပါက္ၿပဲဒဏ္ရာ၊ ဝမ္းဗိုက္ေပါက္ၿပဲအူထြက္ဒဏ္ရာ၊ ဝဲေျခ ေထာက္လိမ္ေကာက္ဒဏ္ရာ၊ ယာေပါင္ရင္း ေပါက္ၿပဲဒဏ္ရာတို႔ျဖင္႔ ေသဆံုးေနသည္ကို ေတြ႔ရိွရ၍  အေလာင္းကို မင္းတုန္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ ပို႔အပ္ၿပီး ဓမၼတာအတိုင္းေသဆံုးရျခင္း ဟုတ္၊ မဟုတ္စစ္ေဆးႏိုင္ရန္ မင္းတုန္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၁/၂၀၁၆ ျဖင္႔ အမႈေရးဖြင္႔ေဆာင္ရြက္ထားေၾကာင္း အဆိုပါရဲစခန္းမွ သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းတုန်းကြိုးပြင် ကြိုးဝိုင်းအကွက် (၄၈)တန်းချောင်းရှိ ဆင်စခန်းတွင် မုန်ယိုနေသည့်ဆင်က အစွယ်ဖြင့်ထိုး၊ ခြဖြေင့်နင်း၍ ဆင်ဦးစီး တစ်ဦး သေဆုံးသွားကြောင်း မင်းတုန်းမြို့ မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ဆင်စခန်းတွင် ချည်ထားသော ဆင်ထီး၊စုံ အမှတ်(၅၈၉၈)ဇော်သန်းမောင်အမည်ရှိ ဆင်က ဆင်ဦး စီး ဦးကျော်လှိုင်ကို ဆင်စွယ်ဖြင့် ထိုးသတ်နင်းခြေသဖြင့် သေဆုံးသွားကြောင်း သတင်းအရ ဒီဇင်ဘာ(၂)ရက်နေ့ ညနေ (၃) နာရီခွဲ အချိန်ခန့်တွင် ရဲအုပ်မြို့ကြည်နှင့်အဖွဲ့က စစ်ဆေးရန်သွားရောက်ခဲ့ရာ ဒီဇင်ဘာ ၃ရက် နံနက် ၃နာရီ အချိန်ခန့်တွင် အခင်းဖြစ်အရပ်သို့ ရောက်ရှိကြောင်း သိရသည်။

“ဆင်ဦးစီး ဦးကျော်လှိုင်က ကျွန်တော့အဖေပါ။ ကျွန်တော်တို့ ဆင်ကို နေရာပြောင်းရွှေ့ဖို့အတွက် အဖေက ဆင်လက်တွဲကြိုးကို ဖြုတ်နေတုန်းမှာ မုန်ယိုနေတဲ့ဆင်က အစွယ်နဲ့ထိုးကော်ခံလိုက်ရတာ။ အဲဒီနောက် ထွက်ပြေးတဲ့ အဖေ့နောက်ကိုလိုက်ပြီး တက်နင်းတာ”ဟု ဦးကျော်လှိုင်၏သား မောင်သန်းနိုင်ထွန်းက ပြောသည်။

ဦးကျော်လှိုင်အား စစ်ဆေးရာတွင် ဝဲဘက်ပါးပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲအူထွက်ဒဏ်ရာ၊ ဝဲခြေ ထောက်လိမ်ကောက်ဒဏ်ရာ၊ ယာပေါင်ရင်း ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ အလောင်းကို မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန် မင်းတုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~