ကျိုင်းတုံ၌ ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်နှင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ပြည်သူများ ပါဝင်ဆင်နွှဲ

ကျိုင်းတုံ၌ ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်နှင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ပြည်သူများ ပါဝင်ဆင်နွှဲ
ဒီဇငျဘာ 10, 2016
By Tachileik News Agency

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်နှင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ လှုပ်ရှားမှု ဒုတိယပတ်အနေဖြင့် ဒီဇင်ဘာလ (၁၀)ရက်၊ စနေနေ့ နံနက် အစောပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးကိုယ်တိုင်ပါဝင် ဆင်နွှဲကြောင်း သိရသည်။



ဆက်လက်၍ ကျိုင်းတုံမြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို  ဒီဇင်ဘာလ(၁၁)ရက်နေ့ တနင်္ဂနွေနေ့ နံနက်(၆)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်သည့်အတွက် မည်သူမဆို ပါဝင်၍ စီးနင်းနိုင်မှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်နှင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ လှုပ်ရှားမှု ဒုတိယပတ်အနဖြေင့် ဒီဇင်ဘာလ (၁၀)ရက်၊ စနေနေ့ နံနက် အစောပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးကိုယ်တိုင်ပါဝင် ဆင်နွှဲကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက် လှုပ်ရှားမှုအဖြစ် ကျိုင်းတုံမြို့ရှိ ကျောက်တိုင်တွင် စုရပ်ပြုလုပ်ကာ နောင်တုံကန်ပတ်လမ်းမှ တစ်ဆင့် မြို့မအားကစားကွင်းသို့ စုပေါင်း လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး အပါအဝင် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ နှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျိုင်းတုံမြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာလ(၁၁)ရက်နေ့ တနင်္ဂေနွနေ့ နံနက်(၆)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်သည့်အတွက် မည်သူမဆို ပါဝင်၍ စီးနင်းနိုင်မှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~