တာခ်ီလိတ္တြင္ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္းထုတ္လုပ္မႈ နည္းပညာသင္တန္း အခမဲ့ သင္ေပးမည္၊ မည္သူမဆို စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္တြင္ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္းထုတ္လုပ္မႈ နည္းပညာသင္တန္း အခမဲ့ သင္ေပးမည္၊ မည္သူမဆို စာရင္းေပးသြင္းႏိုင္
ဒီဇင်ဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈ နည္းပညာ သင္တန္းကို အခမဲ့အျဖစ္ (၇)ရက္တိုင္တိုင္ သင္ၾကားေပးရန္အတြက္ သင္တန္းသား အကန္႔အသတ္ျဖင့္ ဒီဇင္ဘာလ (၁၇)ရက္ေန႔ ေနာက္ဆံုးထားကာ စာရင္းေပးႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

"သင္တန္းကို ဒီဇင္ဘာလ(၁၈)ရက္ေန႔မွာ စမွာပါ၊ ေနရာကေတာ့ တာခ်ီလိတ္ၿမိဳ႕နယ္ NLD ရံုးေဘးနားက လႊတ္ေတာ္ကိုယ္စားလွယ္ရံုးမွာပဲ လုပ္မွာပါ၊ လူဦးေရက အေယာက္(၂၀)သတ္မွတ္ထားတဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္တို႔ရံုးကို လာၿပီး စာရင္းေပးလို႔ရသလို ဖုန္းဆက္ၿပီးေတာ့လည္း ေမးႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

သင္တန္းအား ဒီဇင္ဘာလ(၁၈)ရက္ေန႔မွစ၍ (၇)ရက္တိတိ ေန႔စဥ္ နံနက္(၉)နာရီခြဲမွ ညေန(၅)နာရီအခ်ိန္ထိ ပို႔ခ်ေပးသြားမွာ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

သင္တန္းသို႔ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ကြ်မ္းက်င္နည္းျပမ်ားကိုယ္တိုင္ လာေရာက္ကာ အလွကုန္ ထုတ္လုပ္နည္းပညာမ်ားအေၾကာင္း၊ သနပ္ခါးအေျခခံ Cream, Make-up , Lotion ထုတ္လုပ္ျခင္း၊ Skin Tonic ထုတ္လုပ္ျခင္း၊ အလွကုန္ လုပ္ငန္းသံုး ဓာဒုေဗဒပစၥည္းမ်ားအေၾကာင္း၊ Hair Cream ထုတ္လုပ္ျခင္း၊ ကိုယ္တိုက္ဆပ္ျပာထုတ္လုပ္ျခင္း၊ ေခါင္းေလွ်ာ္ရည္ ထုတ္လုပ္ျခင္း၊ သြားတိုက္ေဆး ထုတ္လုပ္ျခင္း၊ ဆပ္ျပာခရင္မ္ ထုတ္လုပ္ျခင္း၊ ဆပ္ျပာရည္ထုတ္လုပ္ျခင္း၊ Face Powder,Body Powder ထုတ္လုပ္ျခင္း စသည္အေၾကာင္းမ်ားကို အခမဲ့ သင္ၾကားေပးမွာျဖစ္သည့္အတြက္ အမည္စာရင္းေပးသြင္းမႈကို ဒီဇင္ဘာလ(၁၇)ရက္ေန႔ ေနာက္ဆံုးထားကာ ေပးသြင္းရမွာျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေရႊတိဂံုေစတီေျခရင္းရွိ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ရံုးေဘးရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရံုး ေနရာတြင္ အခမဲ့ ပို႔ခ်ေပးသြားမွာ ျဖစ္ၿပီး သင္တန္းသား (၂၀)ဦးသာ သတ္မွတ္ထားသည့္အတြက္ စိတ္၀င္စားသူမ်ား မည္သူမဆို ဖုန္းနံပါတ္ 092-5496-6883 ၊ 062-6308-9433 သို႔ဆက္သြယ္၍ လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ရံုးသို႔လည္းေကာင္း စာရင္းလာေရာက္ေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းကို အခမဲ့အဖြစ် (၇)ရက်တိုင်တိုင် သင်ကြားပေးရန်အတွက် သင်တန်းသား အကန့်အသတ်ဖြင့် ဒီဇင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

"သင်တန်းကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ စမှာပါ၊ နေရာကတော့ တာချီလိတ်မြို့နယ် NLD ရုံးဘေးနားက လွှတ်တော်ကိုယ်စားလှယ်ရုံးမှာပဲ လုပ်မှာပါ၊ လူဦးရေက အယောက်(၂၀)သတ်မှတ်ထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ရုံးကို လာပြီး စာရင်းပေးလို့ရသလို ဖုန်းဆက်ပြီးတော့လည်း မေးနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

သင်တန်းအား ဒီဇင်ဘာလ(၁၈)ရက်နေ့မှစ၍ (၇)ရက်တိတိ နေ့စဉ် နံနက်(၉)နာရီခွဲမှ ညနေ(၅)နာရီအချိန်ထိ ပို့ချပေးသွားမှာ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

သင်တန်းသို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများကိုယ်တိုင် လာရောက်ကာ အလှကုန် ထုတ်လုပ်နည်းပညာများအကြောင်း၊ သနပ်ခါးအခြေခံ Cream, Make-up , Lotion ထုတ်လုပ်ခြင်း၊ Skin Tonic ထုတ်လုပ်ခြင်း၊ အလှကုန် လုပ်ငန်းသုံး ဓာဒုဗေဒပစ္စည်းများအကြောင်း၊ Hair Cream ထုတ်လုပ်ခြင်း၊ ကိုယ်တိုက်ဆပ်ပြာထုတ်လုပ်ခြင်း၊ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်း၊ သွားတိုက်ဆေး ထုတ်လုပ်ခြင်း၊ ဆပ်ပြာခရင်မ် ထုတ်လုပ်ခြင်း၊ ဆပ်ပြာရည်ထုတ်လုပ်ခြင်း၊ Face Powder,Body Powder ထုတ်လုပ်ခြင်း စသည်အကြောင်းများကို အခမဲ့ သင်ကြားပေးမှာဖြစ်သည့်အတွက် အမည်စာရင်းပေးသွင်းမှုကို ဒီဇင်ဘာလ(၁၇)ရက်နေ့ နောက်ဆုံးထားကာ ပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံစေတီခြေရင်းရှိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးဘေးရှိ လွှတ်တော်ကိုယ်စားလှယ်များရုံး နေရာတွင် အခမဲ့ ပို့ချပေးသွားမှာ ဖြစ်ပြီး သင်တန်းသား (၂၀)ဦးသာ သတ်မှတ်ထားသည့်အတွက် စိတ်ဝင်စားသူများ မည်သူမဆို ဖုန်းနံပါတ် 092-5496-6883၊ 062-6308-9433 သို့ဆက်သွယ်၍ လည်းကောင်း၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးသို့လည်းကောင်း စာရင်းလာရောက်ပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~