တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၂) ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္က ေထာ္လာဂ်ီ ႏွင့္ ခရီးသည္တင္ယာဥ္ငယ္တို႔ မေတာ္တဆ တိုက္မိမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မိုင္းျဖတ္ၿမိဳ႕မွ တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမ မိုင္းျဖတ္ရဲစခန္းႏွင့္ (၆)ဖာလံုခန္႔အကြာတြင္ ယာဥ္ေမာင္း အိုက္လက ေထာ္လာဂ်ီယာဥ္အား အရွိန္ျပင္းစြာျဖင့္ လမ္းေကြ႕လိုက္သျဖင့္ တဖက္ယာဥ္ေၾကာမွ ဦးနန္ေကာင္ခမ္း ေမာင္းႏွင္လာေသာ ေရႊမိုင္းေယာင္း ခရီးသည္တင္ယာဥ္ငယ္အား မေတာ္တဆ တိုက္မိသြားသျဖင့္ ခရီးသည္တင္ယာဥ္မွ လူမ်ားမွာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိေသာ္လည္း ေထာ္လာဂ်ီေမာင္းနွင္လာသည့္ အုိက္လႏွင့္ ေထာ္လာဂ်ီတြင္ လိုက္ပါလာသည့္ ဇနီးျဖစ္သူ မလူးထတို႔ ႏွစ္ဦးတြင္ ဒဏ္ရာမ်ားရသြားသျဖင့္ မုိင္းျဖတ္ေဆးရံုသို႔ ပို႔ေဆာင္လိုက္ရေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္အားမဆင္မျခင္ေမာင္းႏွင္သူ ေထာ္လာဂ်ီ ယာဥ္ေမာင္း အိုက္လအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၃/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ အမရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ကိုသာ
ဓာတ္ပံု - မိုင္းျဖတ္ရဲစခန္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မိုင်းဖြတ်မြို့မှ တာချီလိတ် ပြည်ထောင်စုလမ်းမ မိုင်းဖြတ်ရဲစခန်းနှင့် (၆)ဖာလုံခန့်အကွာတွင် ယာဉ်မောင်း အိုက်လက ထော်လာဂျီယာဉ်အား အရှိန်ပြင်းစွာဖြင့် လမ်းကွေ့လိုက်သဖြင့် တဖက်ယာဉ်ကြောမှ ဦးနန်ကောင်ခမ်း မောင်းနှင်လာသော ရွှေမိုင်းယောင်း ခရီးသည်တင်ယာဉ်ငယ်အား မတော်တဆ တိုက်မိသွားသဖြင့် ခရီးသည်တင်ယာဉ်မှ လူများမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ထော်လာဂျီမောင်းနှင်လာသည့် အိုက်လနှင့် ထော်လာဂျီတွင် လိုက်ပါလာသည့် ဇနီးဖြစ်သူ မလူးထတို့ နှစ်ဦးတွင် ဒဏ်ရာများရသွားသဖြင့် မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ထော်လာဂျီ ယာဉ်မောင်း အိုက်လအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ အမရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုသာ
ဓာတ်ပုံ - မိုင်းဖြတ်ရဲစခန်း