ရန်ကုန်မြို့တွင် ဆောက်လုပ်ပြီးစီးသော Golden City Condo မိတ်ဆက်ပွဲ နှင့် Luxury Car Brand အထူးအရောင်းပြပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ပြီး ဒီဇင်ဘာလ(၁၄)ရက်နေ့မှ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ သိရှိလိုသူများ နှင့် ၀ယ်ယူလိုသူများကို ရှင်းလင်းပြသ
တာချီလိတ်မြို့ အောင်မြတ်ခန်းမအတွင်းပြသနေလျှက်ရှိသည့် တိုက်ခန်းများနှင့်ကားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည့်အတွက် အရစ်ကျစနစ်ဖြင့် ၀ယ်ယူလိုသူများအနေဖြင့် ပြခန်းသို့ ပြသချိန်အတွင်း လာရောက်၍ စုံစမ်းနိုင်ကြောင်း နှင့် အောင်မြတ်ခန်းမတွင် ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်မှ ညနေ(၅)နာရီအချိန်ထိ ရှင်းလင်ပြသသွားမှာ ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးနေကြောင်း သိရသည်။
Golden City Condo ကို Golden Land Real Estate Development Company က ဆောင်ရွက်ပြီး၊ ရုံးခန်းများ၊ လူနေကွန်ဒိုများ အပါအဝင် နိုင်ငံတကာအဆင့်မီ အရောင်းစင်တာများကို စင်္ကာပူနိုင်ငံမှ အရည်အသွေးအတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ပန်းခြံဖွဲ့စည်းပုံမှာ ဩစတြေးလျနည်းပညာဖြင့်ဆောင်ရွက်ပြီး အဆောက်အဦမှာ အထပ်ပေါင်း (၃၃)ထပ်ရှိကာ အဆောင်(၉)ဆောင်နှင့် အခန်းပေါင်း (၁၁၀၀)ကျော်ပါဝင်၍ အခန်းတစ်ခန်းလျှင် ဈေးနှုန်းအမျိုးအစားအလိုက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ အောင်မြတ်ခန်းမအတွင်းပြသနေလျှက်ရှိသည့် တိုက်ခန်းများနှင့်ကားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည့်အတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအနဖြေင့် ပြခန်းသို့ ပြသချိန်အတွင်း လာရောက်၍ စုံစမ်းနိုင်ကြောင်း နှင့် အောင်မြတ်ခန်းမတွင် ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်မှ ညနေ(၅)နာရီအချိန်ထိ ရှင်းလင်ပြသသွားမှာ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်