ရွမ္းဂီတ FC ႏွင့္ က်ဳိင္းတံု Old Star ေဘာလံုးအသင္းတို႔ ခ်စ္ၾကည္ေရး ေဘာလံုးကန္

ရွမ္းဂီတ FC ႏွင့္ က်ဳိင္းတံု Old Star ေဘာလံုးအသင္းတို႔ ခ်စ္ၾကည္ေရး ေဘာလံုးကန္
ဒီဇင်ဘာ 14, 2016
By Tachileik News Agency

ရွွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕မအားကစားကြင္းတြင္ က်ဳိင္းတံု Old Star ေဘာလံုးအသင္း ႏွင့္ အဆိုေတာ္ဟန္ထြန္း ဦးစီးသည့္ ရွမ္းဂီတ ေဘာလံုးအသင္းတို႔ ခ်စ္ၾကည္ေရးေဘာလံုးၿပိဳင္ပြဲကို ဒီဇင္ဘာလ(၁၄)ရက္ေန႔ ညေနပိုင္းက က်င္းပျပဳလုပ္ရာ ရွမ္းဂီတေဘာလံုးအသင္းမွ က်ဳိင္းတံု Old Star ေဘာလံုးအသင္းကုိ  (၂)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိသြားေၾကာင္း သိရသည္။

ၿပိဳင္ပြဲ၏ ပထမပိုင္းတြင္ ႏွစ္သင္းစလုံးမွ အျပန္အလွန္ တိုက္စစ္ဆင္ ကစားခဲ့ၾကေသာ္လည္း ဂိုးသြင္းႏိုင္ၾကျခင္းမရိွဘဲ ဒုတိယပိုင္း ပြဲစၿပီး (၁၀)မိနစ္ခန္႔အၾကာတြင္ ရွမ္းဂီတအသင္းမွ ပထမဆုံး ဦးေဆာင္ဂိုးကို အဆိုေတာ္ ဟန္ထြန္းမွ သြင္းယူေပးခဲ့ျပီး ဒုတိယဂိုးကို က်ိဳင္းတုံOld Starအသင္းသား အခ်င္းခ်င္း နားလည္မႈလြဲကာ ကိုယ့္ဂိုးကိုယ္ ျပန္သြင္းမိရာမွ ရွမ္းဂီတ အသင္းက ဒုတိယဂိုးကို ရရိွခဲ့ျခင္းျဖစ္သည္။

ရွမ္းဂီတ အသင္းမွ ဒုတိယဂိုး ရရိွျပီးေနာက္ပိုင္း ႏွစ္သင္းစလုံး ေဘာလုံးကို ထိန္းကစားခဲ့ၾကျပီး ပြဲျပီးခါနီးတြင္ ရွမ္းဂီတအသင္း၏ ေနာက္တန္းကစားသမားမွ တစ္ဆင့္ က်ိဳင္းတုံ Old Starအသင္း ဂိုးရရိွခဲ့ျပီး ေနာက္ဆုံးတြင္ (၂)ဂိုး (၁)ဂိုးျဖင့္ ရွမ္းဂီတ အသင္းမွ အႏိုင္ရရိွခဲ့သည္။

အဆိုေတာ္ဟန္ထြန္း ဦးစီးသည့္ ရွမ္းဂီတေဘာလံုးအသင္းသည္ ဒီဇင္ဘာလ(၁၁)ရက္ေန႔က တာခ်ီလိတ္ Old Star ေဘာလံုးအသင္း ႏွင့္လည္း ခ်စ္ၾကည္ေရးအျဖစ္ တာခ်ီလိတ္၌ ေဘာလံုးကစားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့ရှိ မြို့မအားကစားကွင်းတွင် ကျိုင်းတုံ Old Star ဘောလုံးအသင်း နှင့် အဆိုတော်ဟန်ထွန်း ဦးစီးသည့် ရှမ်းဂီတ ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာ ရှမ်းဂီတဘောလုံးအသင်းမှ ကျိုင်းတုံ Old Star ဘောလုံးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ပြိုင်ပွဲ၏ ပထမပိုင်းတွင် နှစ်သင်းစလုံးမှ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြသော်လည်း ဂိုးသွင်းနိုင်ကြခြင်းမရှိဘဲ ဒုတိယပိုင်း ပွဲစပြီး (၁၀)မိနစ်ခန့်အကြာတွင် ရှမ်းဂီတအသင်းမှ ပထမဆုံး ဦးဆောင်ဂိုးကို အဆိုတော် ဟန်ထွန်းမှ သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ကျိုင်းတုံOld Starအသင်းသား အချင်းချင်း နားလည်မှုလွဲကာ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိရာမှ ရှမ်းဂီတ အသင်းက ဒုတိယဂိုးကို ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းဂီတ အသင်းမှ ဒုတိယဂိုး ရရှိပြီးနောက်ပိုင်း နှစ်သင်းစလုံး ဘောလုံးကို ထိန်းကစားခဲ့ကြပြီး ပွဲပြီးခါနီးတွင် ရှမ်းဂီတအသင်း၏ နောက်တန်းကစားသမားမှ တစ်ဆင့် ကျိုင်းတုံ Old Starအသင်း ဂိုးရရှိခဲ့ပြီး နောက်ဆုံးတွင် (၂)ဂိုး (၁)ဂိုးဖြင့် ရှမ်းဂီတ အသင်းမှ အနိုင်ရရှိခဲ့သည်။

အဆိုတော်ဟန်ထွန်း ဦးစီးသည့် ရှမ်းဂီတဘောလုံးအသင်းသည် ဒီဇင်ဘာလ(၁၁)ရက်နေ့က တာချီလိတ် Old Star ဘောလုံးအသင်း နှင့်လည်း ချစ်ကြည်ရေးအဖြစ် တာချီလိတ်၌ ဘောလုံးကစားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~