အေရးေပၚမီးၿငႇိမ္းသတ္ျခင္းႏွင့္ အေရးေပၚထြက္ေပါက္အသုံးခ် မီးေဘးအနၱရာယ္ေ႐ွာင္႐ွားျခင္း၊ ကနဦးမီးၿငႇိမ္းသတ္နည္းမ်ားကုိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ဒီဇင္ဘာလ (၁၄) ရက္ေန႔ နံနက္ပိုင္းက သရုပ္ျပ ပို႔ခ်ေၾကာင္း သိရသည္။
"စာသင္ေက်ာင္းေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မီးေဘးအနၱရာယ္ႀကဳံလာခ့ဲရင္ အေရးေပၚမီးၿငိႇမ္းသတ္ေရးနဲ႔ ကယ္ဆယ္ေရးေဆာင္ရြက္တတ္ဖို႔၊ မီးခိုးလံုးအနၱရာယ္ကုိ ေ႐ွာင္႐ွားတတ္ဖို႔ ကနဦး မီးလွန္႔မွဳျဖစ္စဥ္ေတြမွာ အေရးေပၚၿငိႇမ္းသတ္တတ္ေစဖို႔ ေဟာေျပာၿပီး တပ္ဖြဲ႔ဝင္ေတြက လက္ေတြ႔သ႐ုပ္ျပသတာပါ"ဟု မိုင္းတံုၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွဒု-ဦးစီးမွဴး ဦးေက်ာ္သူလြင္က ဆိုသည္။
လက္ေတြ႔သ႐ုပ္ျပသရာတြင္ လ်ွပ္စစ္မီး၊ ေလာင္စာဆီမီး၊ သဘာဝမီးေဘးအနၱရာယ္မ်ားၾကဳံေတြ႔လာရပါက မီးသတ္ေဆးဘူးအသုံးျပဳကာကြယ္ျခင္းႏွင့္ ေအာက္စီဂ်င္ျဖတ္ေတာက္ကာ မီးၿငိႇမ္းသတ္နည္းစနစ္မ်ားကုိ အလွည့္က်လက္ေတြ႔သ႐ုပ္ျပသ လုပ္ေဆာင္ေစခ့ဲေၾကာင္း သိရသည္။
အဆိုပါ မီးသတ္သရုပ္ျပမႈအား ေက်ာင္းသားေက်ာင္းသူမ်ား ၁၅၀ ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
"စာသင်ကျောင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မီးဘေးအန္တရာယ်ကြုံလာခဲ့ရင် အရေးပေါ်မီးငြှိမ်းသတ်ရေးနဲ့ ကယ်ဆယ်ရေးဆောင်ရွက်တတ်ဖို့၊ မီးခိုးလုံးအန္တရာယ်ကို ရှောင်ရှားတတ်ဖို့ ကနဦး မီးလှန့်မှုဖြစ်စဉ်တွေမှာ အရေးပေါ်ငြှိမ်းသတ်တတ်စေဖို့ ဟောပြောပြီး တပ်ဖွဲ့ဝင်တွေက လက်တွေ့သရုပ်ပြသတာပါ"ဟု မိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့မှဒု-ဦးစီးမှူး ဦးကျော်သူလွင်က ဆိုသည်။
လက်တွေ့သရုပ်ပြသရာတွင် လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝမီးဘေးအန္တရာယ်များကြုံတွေ့လာရပါက မီးသတ်ဆေးဘူးအသုံးပြုကာကွယ်ခြင်းနှင့် အောက်စီဂျင်ဖြတ်တောက်ကာ မီးငြှိမ်းသတ်နည်းစနစ်များကို အလှည့်ကျလက်တွေ့သရုပ်ပြသ လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသတ်သရုပ်ပြမှုအား ကျောင်းသားကျောင်းသူများ ၁၅၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်း - အောင်ဇေယျ