တာခ်ီလိတ္ၿမိဳ႕ ပန္စလိေက်းရြာတြင္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ပန္စလိေက်းရြာတြင္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
ဒီဇင်ဘာ 15, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဟဲေက်းရြာအုပ္စုအတြင္း၌ စိတ္ၾကြေဆးျပားမ်ားႏွင့္ စိတ္ၾကြေဆးျပားအမႈန္႔မ်ားကို ဒီဇင္ဘာလ(၁၅)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြ႔ဲတို႔မွ မိုင္းဟဲေက်းရြာအုပ္စု၊ ပန္စလိေက်းရြာရွိ ေဒၚနာႏူး၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာမွ ၎အား ေနအိမ္တြင္ အသင့္ေတြ႕ရွိေနရၿပီး အိမ္အတြင္း ဆက္လက္ရွာေဖြရာမွ Wy စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား (၄၄)ျပား ႏွင့္ ပန္းေရာင္(၁၀)ျပား စုစုေပါင္း (၅၄)ျပားအား ရွာေဖြေတြ႕ရွိရ၍ မူးယစ္ေဆး၀ါးႏွင့္ ဖမ္းဆီးရမိသည့္ ေဒၚနာနူးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ မယ(ပ)၁၀၆/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ ပူးေပါင္းအဖြဲ႔သည္ အဆိုပါေက်းရြာအတြင္းရွိ ေဒၚရွီေမြး၏ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာ ေဒၚရွီေမြးအား ေနအိမ္တြင္ အသင့္ေတြ႕ေနရၿပီး ေနအိမ္အတြင္း ဆက္လက္ စစ္ေဆးရွာေဖြရာမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၇၃)ျပား ႏွင့္ ပန္းသီးတံဆိပ္ပါ အစိမ္းေရာင္ စိတ္ၾကြေဆးျပား (၂)ျပား စုစုေပါင္း စိတ္ၾကြေဆးျပား (၇၅)ျပားကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

ယင္းအျပင္ ေနအိမ္အတြင္း အိပ္ယာေခါင္းရင္းဘက္မွ အေလးခ်ိန္(၄၅၀)ဂရမ္ခန္႔ရွိၿပီး ကာလတန္ဖိုးေငြ က်ပ္(၆၇)သိန္းေက်ာ္ တန္ဖိုးရွိသည့္ ပန္းေရာင္စိတ္ၾကြေဆးမႈန္႔ မ်ားကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ေတြ႕ရွိရသည့္ ေဒၚရွီေမြးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၇/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း၌ စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးပြားအမှုန့်များကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ ဒေါ်နာနူး၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ၎င်းအား နေအိမ်တွင် အသင့်တွေ့ရှိနေရပြီး အိမ်အတွင်း ဆက်လက်ရှာဖွေရာမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၄၄)ပြား နှင့် ပန်းရောင်(၁၀)ပြား စုစုပေါင်း (၅၄)ပြားအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့် ဖမ်းဆီးရမိသည့် ဒေါ်နာနူးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် အဆိုပါကျေးရွာအတွင်းရှိ ဒေါ်ရှီမွေး၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ ဒေါ်ရှီမွေးအား နေအိမ်တွင် အသင့်တွေ့နေရပြီး နေအိမ်အတွင်း ဆက်လက် စစ်ဆေးရှာဖွေရာမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၇၃)ပြား နှင့် ပန်းသီးတံဆိပ်ပါ အစိမ်းရောင် စိတ်ကြွဆေးပြား (၂)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၇၅)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ယင်းအပြင် နေအိမ်အတွင်း အိပ်ယာခေါင်းရင်းဘက်မှ အလေးချိန်(၄၅၀)ဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးငွေ ကျပ်(၆၇)သိန်းကျော် တန်ဖိုးရှိသည့် ပန်းရောင်စိတ်ကြွဆေးမှုန့် များကိုလည်း တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် ဒေါ်ရှီမွေးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~