ရွမ္း/ေျမာက္ သီေပါၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားအတြက္ ေစာင္ႏွင့္အေႏြးထည္မ်ား လိုအပ္ေန

ရွမ္း/ေျမာက္ သီေပါၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားအတြက္ ေစာင္ႏွင့္အေႏြးထည္မ်ား လိုအပ္ေန
ဒီဇင်ဘာ 15, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊  ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္ ၊ မန္ေကာင္းေက်းရြာရွိ စစ္ေဘးေရွာင္ (၁၁၈) ဦးအတြက္ ေစာင္ႏွင့္အေႏြးထည္မ်ား လိုအပ္မႈ ျမင့္မားေနေၾကာင္း သိရသည္။

“ေလာေလာဆယ္ ဆန္ ေတာ့ အဆင္ေျပေနၿပီ။ ေဆာင္းတြင္းဆိုေတာ့ ေစာင္ေတြ၊ အေႏြးထည္ေတြကေတာ့ အေတာ္ေလး လိုအပ္ေနတယ္”ဟု စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသူ ကိုမ်ဳိး ( One More ) က ေျပာသည္။


ဒီဇင္ဘာလ အစတြင္ မိုင္းေမာနယ္ရွိ ကံုးမံု ၊ ေကာင္းမွဴး၊ ကုန္းေညာင္ ၊ ေမာ္ေန စသည့္ေက်းရြာမ်ားမွ စစ္ေဘးေရွာင္လာသူ( ၁၁၀ )ဦးေရာက္ရွိခ့ဲၿပီး ဒီဇင္ဘာလ ပထမပတ္အတြင္းမွာ စုစုေပါင္း ((၁၁၈) ဦး ေရာက္ရွိေနေၾကာင္း သိရသည္။


စစ္ေဘးေရွာင္လာသူမ်ားတြင္ အသက္ (၁၂) ႏွစ္ေအာက္ ေက်ာင္းသူ/သား (၁၅) ဦးပါဝင္ၿပီး လက္ရွိခိုလံႈေနသည့္ မန္ေကာင္းေက်းရြာရွိ စာသင္ေက်ာင္းတြင္ ဆက္လက္ပညာသင္ၾကား ႏိုင္ရန္ စီစဥ္ေပးေနေၾကာင္း သိရသည္။


“ေငြရည္ပုလဲကုမၸဏီက ဆန္ေတြလာလွဴထားတာရွိတယ္။ လတ္တေလာအတြက္ စားနပ္ရိကၡာ ကေတာ့ အဆင္ေျပပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈလည္း ရွိထားတယ္” ဟု ကိုမိ်ဳးက ေျပာသည္။


စစ္ေဘးေရွာင္မ်ား လတ္တေလာေနထိုင္ရန္အတြက္လည္း ေကာက္ရိုးခင္း မိုးကာထပ္၍ မိုးကာတဲမ်ား တည္ေဆာက္ေပးထားၿပီး အေအးဒဏ္ခံႏိုင္ရန္အတြက္ စီစဥ္ေပးထားေၾကာင္း သိရသည္။


သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မန်ကောင်းကျေးရွာရှိ စစ်ဘေးရှောင် (၁၁၈) ဦးအတွက် စောင်နှင့်အနွေးထည်များ လိုအပ်မှု မြင့်မားနေကြောင်း သိရသည်။

“လောလောဆယ် ဆန် တော့ အဆင်ပြေနပြေီ။ ဆောင်းတွင်းဆိုတော့ စောင်တွေ၊ အနွေးထည်တွေကတော့ အတော်လေး လိုအပ်နေတယ်”ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူ ကိုမျိုး ( One More ) က ပြောသည်။

ဒီဇင်ဘာလ အစတွင် မိုင်းမောနယ်ရှိ ကုံးမုံ၊ ကောင်းမှူး၊ ကုန်းညောင်၊ မော်နေ စသည့်ကျေးရွာများမှ စစ်ဘေးရှောင်လာသူ( ၁၁၀ )ဦးရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းမှာ စုစုပေါင်း ((၁၁၈) ဦး ရောက်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်လာသူများတွင် အသက် (၁၂) နှစ်အောက် ကျောင်းသူ/သား (၁၅) ဦးပါဝင်ပြီး လက်ရှိခိုလှုံနေသည့် မန်ကောင်းကျေးရွာရှိ စာသင်ကျောင်းတွင် ဆက်လက်ပညာသင်ကြား နိုင်ရန် စီစဉ်ပေးနေကြောင်း သိရသည်။

“ငွေရည်ပုလဲကုမ္ပဏီက ဆန်တွေလာလှူထားတာရှိတယ်။ လတ်တလောအတွက် စားနပ်ရိက္ခါ ကတော့ အဆင်ပြေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း ရှိထားတယ်” ဟု ကိုမျိုးက ပြောသည်။

စစ်ဘေးရှောင်များ လတ်တလောနေထိုင်ရန်အတွက်လည်း ကောက်ရိုးခင်း မိုးကာထပ်၍ မိုးကာတဲများ တည်ဆောက်ပေးထားပြီး အအေးဒဏ်ခံနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~