ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္၊ ၿမိဳ႕မရပ္ကြက္ရွိ ၿမိဳ႕လယ္ဓမၼာ႐ုံဇရပ္အနီး ဒီဇင္ဘာလ (၁၆)ရက္ ညေန (၇)နာရီခြဲခန္႔တြင္ လမ္းေလ်ွာက္လာသူတစ္ဦးအား ေနာက္မွဆိုင္ကယ္ျဖင့္ ဝင္တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ စံုစမ္းေဖၚထုတ္ေနေၾကာင္း သိရသည္။
"ကြၽန္ေတာ္ထမင္းစားၿပီး အေမ့အိမ္ကုိသြားမလို႔ အိမ္ကထြက္လာတာ။ ဆိုင္ကယ္ အျပင္းေမာင္းလာသံၾကားလို႔ လွည့္ၾကည့္ခ်ိန္မွာပဲ ေျခေထာက္ကုိ ျဖတ္တိုက္ခံရၿပီး လြင့္သြားတာ။ တိုက္တ့ဲသူက ခ်က္ခ်င္းေမာင္းေျပးသြားတယ္"ဟု ဆိုင္ကယ္ျဖင့္တိုက္ခံရသူ ဦးစိုင္းဟတ္ေခးက ဆိုသည္။
ဆိုင္ကယ္ျဖင့္ တိုက္ခံရမွဳေၾကာင့္ ဦးစုိင္းဟတ္ေခး၏ ဝဲဖက္ေျခက်င္းဝတ္အ႐ုိးက်ိဳးသြားသျဖင့္ မိုင္းတံုျပည္သူ႔ေဆး႐ုံသုိ႔ တင္ပုိ႔ကုသခံေနရေၾကာင္း သိရသည္။
"အခင္းျဖစ္ေနရာက ေမွာင္ေနေတာ့ တိုက္သြားတ့ဲလူနဲ႔ ဆိုင္ကယ္ကုိ ႐ုတ္တရက္ဘယ္သူမွ မျမင္လိုက္ၾကဘူး။ အတိုက္ခံရသူကလည္း မမွတ္မိလိုက္ဘူး။ ျပစ္မွဳက်ဴးလြန္သူကုိ ဆက္လက္ စုံစမ္းေဖာ္ထုတ္ၿပီး တရားဥပေဒအတိုင္း အေရးယူႏိုင္ေအာင္ ေဆာင္ရြက္သြားမွာပါ"ဟု မိုင္းတံု ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းမွ စခန္းမွဴး ဒုရဲမွဴးသန္းလြင္က ဆိုသည္။
ဆိုင္ကယ္ျဖင့္ အတိုက္ခံရသူ ဦးစုိင္းဟတ္ေခးမွာ ေဖေဖာ္ဝါရီလကလည္း ယခုက့ဲသုိ႔ အေနာက္မွ ဆိုင္ကယ္ျဖင့္ အတိုက္ခံခ့ဲရဘူးေၾကာင္း သိရသည္။
မိုင္းတံုၿမိဳ႕တြင္ ညဦးပုိင္း၌ ဆိုင္ကယ္မ်ားအၿပိဳင္အဆိုင္ ေမာင္းႏွင္ျခင္းမ်ား ရိွေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျပစ္မွဳက်ဴးလြန္သူ ဆိုင္ကယ္ေမာင္းသူအား မိုင္းတံုၿမိဳ႕မရဲစခန္းမွ (ပ)၅/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/ ၃၃၇/ ၃၃၈ တို႔အရ အမွဳဖြင့္စုံစမ္းစစ္ေဆးလ်ွက္ရိွေၾကာငး္ သိရသည္။
သတင္း - ေအာင္ေဇယ်
"ကျွန်တော်ထမင်းစားပြီး အမေ့အိမ်ကိုသွားမလို့ အိမ်ကထွက်လာတာ။ ဆိုင်ကယ် အပြင်းမောင်းလာသံကြားလို့ လှည့်ကြည့်ချိန်မှာပဲ ခြေထောက်ကို ဖြတ်တိုက်ခံရပြီး လွင့်သွားတာ။ တိုက်တဲ့သူက ချက်ချင်းမောင်းပြေးသွားတယ်"ဟု ဆိုင်ကယ်ဖြင့်တိုက်ခံရသူ ဦးစိုင်းဟတ်ခေးက ဆိုသည်။
ဆိုင်ကယ်ဖြင့် တိုက်ခံရမှုကြောင့် ဦးစိုင်းဟတ်ခေး၏ ဝဲဖက်ခြေကျင်းဝတ်အရိုးကျိုးသွားသဖြင့် မိုင်းတုံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခံနေရကြောင်း သိရသည်။
"အခင်းဖြစ်နေရာက မှောင်နေတော့ တိုက်သွားတဲ့လူနဲ့ ဆိုင်ကယ်ကို ရုတ်တရက်ဘယ်သူမှ မမြင်လိုက်ကြဘူး။ အတိုက်ခံရသူကလည်း မမှတ်မိလိုက်ဘူး။ ပြစ်မှုကျူးလွန်သူကို ဆက်လက် စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေအတိုင်း အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာပါ"ဟု မိုင်းတုံ မြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးသန်းလွင်က ဆိုသည်။
ဆိုင်ကယ်ဖြင့် အတိုက်ခံရသူ ဦးစိုင်းဟတ်ခေးမှာ ဖေဖော်ဝါရီလကလည်း ယခုကဲ့သို့ အနောက်မှ ဆိုင်ကယ်ဖြင့် အတိုက်ခံခဲ့ရဘူးကြောင်း သိရသည်။
မိုင်းတုံမြို့တွင် ညဦးပိုင်း၌ ဆိုင်ကယ်များအပြိုင်အဆိုင် မောင်းနှင်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ ဆိုင်ကယ်မောင်းသူအား မိုင်းတုံမြို့မရဲစခန်းမှ (ပ)၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ တို့အရ အမှုဖွင့်စုံစမ်းစစ်ဆေးလျှက်ရှိကြောငး် သိရသည်။
သတင်း - အောင်ဇေယျ