ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕တြင္ ေဒသခံလူငယ္မ်ား ဦးေဆာင္၍ မိုင္းတံုျပည္သူ႔ေဆး႐ုံတြင္ အေရးေပၚ ေသြးလိုအပ္ပါက လွဴဒါန္းႏုိင္ရန္ နမ့္တြန္ေသြးလွဴရွင္အသင္းအား ဒီဇင္ဘာလ(၁၈)ရက္တြင္ အသင္းသား (၈၀)ေက်ာ္ျဖင့္ စတင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ စတင္လွဳပ္႐ွားလာတာ ၾသဂုတ္လကတည္းကပါ။ ယာယီအသင္းသား (၈၀)ေက်ာ္ရိွပါတယ္။ တပ္ရင္းတပ္ဖြ႔ဲက စစ္သည္ေတြ၊ ဌာနဆိုင္ရာေတြန႔ဲလည္း ဆက္သြယ္ၿပီး ေသြးလွဴ႐ွင္ရရိွေရး ေဆာင္ရြက္ခ့ဲၾကတယ္။ ေသြးလွဴ႐ွင္ေတြအတြက္ အင္အားျဖည့္ေဆးဝါးဓာတ္စာလိုအပ္ခ်က္ေတြ ေဆာင္ရြက္ေပးႏိုင္ဖို႔ ရန္ပံုေငြ အဓိက လိုအပ္တာရယ္၊ စနစ္တက်အသင္းအဖြ႔ဲတစ္ခုအျဖစ္ ရပ္တည္ႏိုင္ၿပီး အခ်ိန္အခါမေရြး ေသြး႐ွာေပးႏိုင္ေအာင္ ေဆာင္ရြက္ၾကဖို႔ ခုလိုေဆြးေႏြးညိႇႏိွဳင္းရျခင္းျဖစ္ပါတယ္"ဟု ၿမိဳ႕နယ္အားကစားနည္းစနစ္မွဴး ဦးေအာင္ကုိကုိက ေျပာသည္။
နမ့္တြန္ေသြးလွဴရွင္အသင္းအား ဥကၠဌ အျဖစ္ ဦးေအာင္၀င္းေဌး၊ ဒုဥကၠဌ(၁)အျဖစ္ ဦးစိုင္းကိုကိုလြင္၊ ဒုဥကၠဌ(၂)အျဖစ္ ေဒၚမိုးသဥၥာဟန္၊ အတြင္းေရးမွဴး(၁)အျဖစ္ ဦးေအာင္ကိုကိုတို႔ပါ၀င္ၿပီး အလုပ္အမႈေဆာင္ (၁၁)ဦးျဖင့္ ဖြဲ႔စည္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေသြးလွဴရွင္အဖြဲ႕အား တရားဝင္အသင္းအဖြဲ႕အျဖစ္ လုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုဦးစီးမွဴးဦးစုိးျမင့္ဦးထံမွ သိရသည္။
အဆိုပါအသင္း ေရရွည္တည္တ့ံေရးအတြက္ လစဥ္ ေထာက္ပံ့ေရး အလွဴရွင္မ်ားအျဖစ္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ အလုပ္အမႈေဆာင္ အဖြဲ႔၀င္ အင္အား (၂၀)ခန္႔က လစဥ္ က်ပ္(၅၀၀၀)စီထည့္၀င္သြားမွာ ျဖစ္ၿပီး၊ ေသြးအလွဳရွင္ တစ္ဦးအတြက္ အသင္းမွ ျပန္လည္၍ ေထာက္ပံ့မႈအျဖစ္ က်ပ္(၅၀၀၀)ႏွင့္ ညီမွ်ေသာ အင္အားျဖည့္ အာဟာရဓာတ္စာမ်ား ေကြ်းေမြးသြားမွာ ျဖစ္ေၾကာင္း ႏွင့္ အသင္း၏ ရန္ပံုေငြမ်ားကို ျမန္မာ့စီးပြားေရးဘဏ္တြင္ စာရင္းတစ္ခု ဖြင့္လွစ္ထားရွိမွာ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
"ကျွန်တော်တို့ စတင်လှုပ်ရှားလာတာ သြဂုတ်လကတည်းကပါ။ ယာယီအသင်းသား (၈၀)ကျော်ရှိပါတယ်။ တပ်ရင်းတပ်ဖွဲ့က စစ်သည်တွေ၊ ဌာနဆိုင်ရာတွေနဲ့လည်း ဆက်သွယ်ပြီး သွေးလှူရှင်ရရှိရေး ဆောင်ရွက်ခဲ့ကြတယ်။ သွေးလှူရှင်တွေအတွက် အင်အားဖြည့်ဆေးဝါးဓာတ်စာလိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ဖို့ ရန်ပုံငွေ အဓိက လိုအပ်တာရယ်၊ စနစ်တကျအသင်းအဖွဲ့တစ်ခုအဖြစ် ရပ်တည်နိုင်ပြီး အချိန်အခါမရွေး သွေးရှာပေးနိုင်အောင် ဆောင်ရွက်ကြဖို့ ခုလိုဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ပါတယ်"ဟု မြို့နယ်အားကစားနည်းစနစ်မှူး ဦးအောင်ကိုကိုက ပြောသည်။
နမ့်တွန်သွေးလှူရှင်အသင်းအား ဥက္ကဌ အဖြစ် ဦးအောင်ဝင်းဌေး၊ ဒုဥက္ကဌ(၁)အဖြစ် ဦးစိုင်းကိုကိုလွင်၊ ဒုဥက္ကဌ(၂)အဖြစ် ဒေါ်မိုးသဉ္စာဟန်၊ အတွင်းရေးမှူး(၁)အဖြစ် ဦးအောင်ကိုကိုတို့ပါဝင်ပြီး အလုပ်အမှုဆောင် (၁၁)ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွေးလှူရှင်အဖွဲ့အား တရားဝင်အသင်းအဖွဲ့အဖြစ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးစိုးမြင့်ဦးထံမှ သိရသည်။
အဆိုပါအသင်း ရေရှည်တည်တံ့ရေးအတွက် လစဉ် ထောက်ပံ့ရေး အလှူရှင်များအဖြစ် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင် အင်အား (၂၀)ခန့်က လစဉ် ကျပ်(၅၀၀၀)စီထည့်ဝင်သွားမှာ ဖြစ်ပြီး၊ သွေးအလှုရှင် တစ်ဦးအတွက် အသင်းမှ ပြန်လည်၍ ထောက်ပံ့မှုအဖြစ် ကျပ်(၅၀၀၀)နှင့် ညီမျှသော အင်အားဖြည့် အာဟာရဓာတ်စာများ ကျွေးမွေးသွားမှာ ဖြစ်ကြောင်း နှင့် အသင်း၏ ရန်ပုံငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းတစ်ခု ဖွင့်လှစ်ထားရှိမှာ ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဇေယျ