ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက်အတွင်း ဖြတ်သန်း၍ နမ့်တုံချောင်းအတွင်းသို့ စီးဝင်သည့် ဟွေခန့်ချောင်းပေါ်တွင် ကျောက်ရိုးစီသစ်သားတံတားတစ်စင်းအား ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ်သိန်းငါးဆယ်ဖြင့် ဒီဇင်ဘာလ ၁၇ ရက်တွင် တည်ဆောက်ပြီးစီးကြောင်း သိရသည်။
"ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ဆောက်ခဲ့တာ တစ်လကြာပါတယ်။ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေကျောက်ရိုးစီ သစ်သားတံတားပါ။ နှစ်စဉ်တောင်ကျရေဆင်းလို့ ယခင်က သစ်သားတံတားငယ်ကို အစားထိုးတည်ဆောက်ခဲ့ရတာပါ။ မိုးတွင်းမှာ ရေကြီးရင် ကလေးတွေ ကျောင်းပျက်ရတယ်။ ဒါကြောင့်လွှတ်တော်ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောက်လုပ်ခဲ့ရတာ" ဟု နောင်ပါရင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းမတ်က ဆိုသည်။
ဟွေခန့်ချောင်းသည် အကျယ် ၆ ပေခန့်ရှိပြီး မိုးရာသီတွင် တောင်ကျရေထိုးဆင်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပါက သွားလာရေးအခက်တွေ့လေ့ရှိကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ