တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း ျပည္နယ္၀န္ႀကီး သြားေရာက္ စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း ျပည္နယ္၀န္ႀကီး သြားေရာက္ စစ္ေဆး
ဒီဇင်ဘာ 19, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳမ(၀မ္ေကာင္း)ေစ်း၏ ပ်ံက်ခံုတန္းမ်ား၊ေစ်းဆိုင္ခန္းမ်ားႏွင့္ ပတ္သက္၍ ျပည္နယ္၀န္ႀကီးမွ ဒီဇင္ဘာလ(၁၉)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့သည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ႏွင့္  ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္တို႔မွ တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္းရွိ ပ်ံက်ေစ်းဆိုင္မ်ားႏွင့္ ပတ္သက္၍ ၾကည့္ရႈစစ္ေဆးရာႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မိုးထြန္း အပါအ၀င္ တာ၀န္ရွိသူမ်ားက လိုက္လံျပသၿပီး ရွင္းလင္းခဲ့ၾကသည္။

အဆိုပါ ေစ်းအတြင္းရွိ ဆိုင္ခန္းေနရာမ်ား၊ အသားငါးေစ်းသည္မ်ား ကိစၥႏွင့္ ပတ္သက္၍ ေစ်းသည္မ်ားမွ ျပည္နယ္၀န္ႀကီးအား ၎တို႔၏ လက္ေတြ႕ျဖစ္ေပၚ ခံစားေနေသာ အခက္အခဲမ်ားကို တင္ျပခဲ့ၾကသည္။

၎တို႔၏ တင္ျပခ်က္မ်ားအေပၚ ျပည္နယ္၀န္ႀကီးမွ စည္ပင္သာယာေရးဌာနႏွင့္ေဆာက္လုပ္ေရးကုမၸဏီ အပါအ၀င္ ေစ်းသည္မ်ား အႀကိမ္ႀကိမ္ေဆြးေႏြးမွသာ အဆိုပါ ကိစၥမ်ား ေျဖလည္ႏိုင္မွာ ျဖစ္သည့္အတြက္ ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေစရန္ ညႇိႏႈိင္းေဆာင္ရြက္ၾကရန္ မွာၾကားသြားသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်းအား အဆင့္ျမႇင့္တင္ ေဆာက္လုပ္ၿပီးေနာက္ ေစ်းသည္မ်ားမွာ ယခင္ကအတိုင္း ေစ်းေရာင္းေကာင္းျခင္းမရွိေတာ့ဘဲ အခက္အခဲမ်ားစြာ ျဖစ္ေပၚလာရသည့္အတြက္ ၀န္ႀကီးထံ တင္ျပျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြိုမ(ဝမ်ကောင်း)ဈေး၏ ပျံကျခုံတန်းများ၊ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးမှ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်တို့မှ တာချီလိတ်မြို့မဈေးအတွင်းရှိ ပျံကျဈေးဆိုင်များနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးရာနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း အပါအဝင် တာဝန်ရှိသူများက လိုက်လံပြသပြီး ရှင်းလင်းခဲ့ကြသည်။

အဆိုပါ ဈေးအတွင်းရှိ ဆိုင်ခန်းနေရာများ၊ အသားငါးဈေးသည်များ ကိစ္စနှင့် ပတ်သက်၍ ဈေးသည်များမှ ပြည်နယ်ဝန်ကြီးအား၎င်းတို့၏ လက်တွေ့ဖြစ်ပေါ် ခံစားနေသော အခက်အခဲများကို တင်ပြခဲ့ကြသည်။

၎င်းတို့၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးမှ စည်ပင်သာယာရေးဌာနနှင့်ဆောက်လုပ်ရေးကုမ္ပဏီ အပါအဝင် ဈေးသည်များ အကြိမ်ကြိမ်ဆွေးနွေးမှသာ အဆိုပါ ကိစ္စများ ဖြေလည်နိုင်မှာ ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသွားသည်။

တာချီလိတ်မြို့မဈေးအား အဆင့်မြှင့်တင် ဆောက်လုပ်ပြီးနောက် ဈေးသည်များမှာ ယခင်ကအတိုင်း ဈေးရောင်းကောင်းခြင်းမရှိတော့ဘဲ အခက်အခဲများစွာ ဖြစ်ပေါ်လာရသည့်အတွက် ဝန်ကြီးထံ တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~