တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသား ႏွစ္ဦးေမာင္းလာသည့္ ယာဥ္ အရွိန္လြန္ တိမ္းေမွာက္ရာမွ တစ္ဦးေသဆံုး

တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသား ႏွစ္ဦးေမာင္းလာသည့္ ယာဥ္ အရွိန္လြန္ တိမ္းေမွာက္ရာမွ တစ္ဦးေသဆံုး
ဒီဇင်ဘာ 19, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၉)ရက္ေန႔ မနက္ (၂)နာရီခြဲ အခ်ိန္ခန္႔က ထိုင္းႏိုင္ငံသားႏွစ္ဦး ေမာင္းလာေသာ ကားမွာ အရိွန္မထိန္းႏိုင္ပဲ ေ၀့ခိုက္ဘုန္းႀကီးေက်ာင္းလမ္းအေရွ႕ လမ္းေဘး သစ္ပင္ကို ၀င္တိုက္ၿပီး ယာဥ္တိမ္းေမွာက္ကာ ယာဥ္ေမာင္းသူ အခင္းျဖစ္ရာတြင္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

“ထိုင္းလူမ်ိဳး လင္မယားႏွစ္ဦး မယ္ယန္းဖက္ဦးတည္ၿပီးေမာင္းလာတဲ့ကားက အရွိန္မထိန္းႏိုင္ဘဲ လမ္းယာဘက္ေဘးမွာရွိတဲ့ သစ္ပင္ကို ၀င္တိုက္မိတာပါ။ ကားေမာင္းသူျဖစ္တဲ့ ခင္ပြန္းက အဲ့ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးသြားၿပီးေတာ့ ဒဏ္ရာရတဲ့ သူ႕ဇနီးကိုေတာ့ ေဆးရုံၾကီးမွာ ေဆးစာႏွင့္ အတူ ပို႔ထားပါတယ္။”ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္ တစ္ဦးကေျပာသည္။

ထိုင္းႏိုင္ငံသား ခင္ပြန္းျဖစ္သူ Mr.Ltthinet ႏွင့္ ဇနီး Miss.Aphon Padd တို႔စီးလာေသVigo ကားသည္ တာခ်ီလိတ္ၿမိဳ႕ ၊ ၀မ္းလုံေက်းရြာအုပ္စု ၊ ေဟြခိုက္ရြာ ဘုန္းႀကီးေက်ာင္း လမ္းေရွ႕အေကြ႕မွာ အခင္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 ေသဆုံးသြားေသာ ယာဥ္ေမာင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)အမွတ္ပုဒ္မ ယာဥ္(ပ)၅၀/၂၀၁၆ ၊ရာဇသတ္ၾကီးပုဒ္မ ၃၀၄-က/၃၃၈ အရအမႈဖြင့္ေဆာင္ရြက္ထားေၾကာင္းသိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၉)ရက်နေ့ မနက် (၂)နာရီခွဲ အချိန်ခန့်က ထိုင်းနိုင်ငံသားနှစ်ဦး မောင်းလာသော ကားမှာ အရှိန်မထိန်းနိုင်ပဲေဝ့ခိုက်ဘုန်းကြီးကျောင်းလမ်းအရှေ့ လမ်းဘေး သစ်ပင်ကို ဝင်တိုက်ပြီး ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသူ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

“ထိုင်းလူမျိုး လင်မယားနှစ်ဦး မယ်ယန်းဖက်ဦးတည်ပြီးမောင်းလာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးမှာရှိတဲ့ သစ်ပင်ကို ဝင်တိုက်မိတာပါ။ ကားမောင်းသူဖြစ်တဲ့ ခင်ပွန်းက အဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ ဒဏ်ရာရတဲ့ သူ့ဇနီးကိုတော့ ဆေးရုံကြီးမှာ ဆေးစာနှင့် အတူ ပို့ထားပါတယ်။”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသား ခင်ပွန်းဖြစ်သူ Mr.Ltthinet နှင့် ဇနီး Miss.Aphon Padd တို့စီးလာသေVigo ကားသည် တာချီလိတ်မြို့၊ ဝမ်းလုံကျေးရွာအုပ်စု၊ ဟွေခိုက်ရွာ ဘုန်းကြီးကျောင်း လမ်းရှေ့အကွေ့မှာ အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

 သေဆုံးသွားသော ယာဉ်မောင်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)အမှတ်ပုဒ်မ ယာဉ်(ပ)၅၀/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ အရအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~