ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ်အဖြစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတို့ ဒီဇင်ဘာလ (၁၉)ရက်နေ့  ညနေ(၃)နာရီတွင် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ ဘောလုံးအသင်းမှ (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အမျိုးသမီးဘောလုံးအသင်းတို့ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးချစ်ပရိသတ်များမှ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ယခုယှဉ်ပြိုင်သည့် ခရိုင်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ၂၀၁၆ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိထားသော အသင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်