ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားသို႔ ျပည္နယ္၀န္ႀကီးႏွင့္အဖြဲ႔မွ ဒီဇင္ဘာလ(၁၉)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ၿပီး နယ္စပ္ေခ်ာင္းေပၚ(ျမန္မာဘက္)အေျခအေနမ်ား ႏွင့္ ခ်စ္ၾကည္ေရးတံတားႏွင့္ အနီးကပ္ဆံုးျဖစ္သည့္ ေရႊနန္းေတာ္ကုန္တိုက္ အေဆာက္အဦ ျပာသာဒ္မွာ ပ်က္စီးယိုယြင္းေနသည့္ အေျခအေန ႏွင့္ အဆိုပါ တံတားေပၚ အေျခအေနမ်ားကို သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္တို႔မွ သြားေရာက္ ၾကည့္ရႈရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းျပသသည္။
ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚမွ ႏိုင္ငံျခားသား ခရီးသြားမ်ားေန႔စဥ္ ၀င္ထြက္ သြားလာေနသည့္အတြက္ တံတားအနီးရွိ အေဆာက္အဦမ်ား ပ်က္စီးယိုယြင္းမႈမ်ားသည္ အျမင္မသင့္ေတာ္သျဖင့္အျမန္ဆံုးျပဳျပင္ႏိုင္ရန္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္မွ ျပည္နယ္၀န္ႀကီးအား တင္ျပလိုက္ေၾကာင္း သိရသည္။
ဓာတ္ပံု - #ေဇာင္းညီ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားသို့ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့မှ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက သွားရောက်ပြီး နယ်စပ်ချောင်းပေါ်(မြန်မာဘက်)အခြေအနေများ နှင့် ချစ်ကြည်ရေးတံတားနှင့် အနီးကပ်ဆုံးဖြစ်သည့် ရွှေနန်းတော်ကုန်တိုက် အဆောက်အဦ ပြာသာဒ်မှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေ နှင့် အဆိုပါ တံတားပေါ် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်တို့မှ သွားရောက် ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။
ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှ နိုင်ငံခြားသား ခရီးသွားများနေ့စဉ် ဝင်ထွက် သွားလာနေသည့်အတွက် တံတားအနီးရှိ အဆောက်အဦများ ပျက်စီးယိုယွင်းမှုများသည် အမြင်မသင့်တော်သဖြင့်အမြန်ဆုံးပြုပြင်နိုင်ရန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်မှ ပြည်နယ်ဝန်ကြီးအား တင်ပြလိုက်ကြောင်း သိရသည်။
ဓာတ်ပုံ - #ဇောင်းညီ