ဒီဇင္ဘာလ ဒုတိယပတ္အတြင္းက တာခ်ီလိတ္တြင္ က်င္းပခဲ့သည့္ အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ ဆိုင္ကယ္ ကလပ္မ်ားေတြ႕ဆံုပြဲမွ ရရွိသည့္ အက်ဳိးအျမတ္ေငြ အားလံုးကို ပြဲက်င္းပေရး အဖြဲ႔ျဖစ္သည့္ Eastern Eagle Motorcycle Club အဖြဲ႔မွ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္အတြင္း ႏွင့္ က်ဳိင္းတံုခရိုင္အတြင္းရွိ မိဘမဲ့ကေလးမ်ား အတြက္ က်ပ္သိန္း(၁၀၀)တိတိကို ဒီဇင္ဘာလ(၁၉)ရက္ ေန႔လယ္ပိုင္းက လွဴဒါန္းလိုက္ေၾကာင္း သိရသည္။
မိဘမဲ့ကေလးမ်ားအတြက္ က်ပ္သိန္း(၁၀၀)တိတိကို Eastern Eagle Motorcycle Club မွ ဥကၠဌ ဦးစိုင္းဟုမ္ဖ၊ ဒုဥကၠဌ ဦးစိုင္းပိန္းႏွင့္ အဖြဲ႔၀င္မ်ားမွ ေပးအပ္လွဴဒါန္းရာ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြ႔ဲမွဴး ဒုတိယရဲမွဴးႀကီးထိန္၀င္း တို႔မွ လက္ခံေပးခဲ့ၾကသည္။
အဆိုပါ အလွဴေငြေပးအပ္ပြဲတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ဆိုင္ကယ္ ကလပ္မ်ားေတြ႕ဆံုပြဲတြင္ ႏိုင္ငံျခားသား အမ်ားအျပား လာေရာက္သည့္ပြဲ ျဖစ္သည့္အတြက္ လံုၿခံဳေရးရွိေစေရး အတြက္ မိမိတို႔ ဌာနဆိုင္ရာမ်ားမွ ပါ၀င္ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုလို မိဘမဲ့ ကေလးမ်ားအတြက္ လွဴဒါန္းေပးသည့္အတြက္ ၀မ္းေျမာက္ေၾကာင္း ေျပာၾကားသည္။
Eastern Eagle Motorcycle Club က လွဴဒါန္းသည့္ က်ပ္သိန္း(၁၀၀)ထဲမွ က်ပ္သိန္း (၅၀)အား တာခ်ီလိတ္ခရိုင္အတြင္းရွိ မိဘမဲ့ကေလးမ်ားအတြက္ စီစဥ္ထားၿပီး၊ က်န္သိန္း(၅၀)အား က်ဳိင္းတံုခရိုင္ အတြင္းရွိ ေနာင္ဖာ၊ေနာင္ကန္ ႏွင့္ ဗလငါးတန္တို႔အား သြားေရာက္၍ ခြဲေ၀ လွဴဒါန္းေပးမွာျဖစ္ၿပီး ယင္းအျပင္ က်ဳိင္းတံုခရိုင္အတြင္း မိဘမဲ့ ကေလးမ်ားအတြက္ စာေရးကိရိယာမ်ားႏွင့္ အေႏြးထည္ မ်ားကိုလည္း လွဴဒါန္းေပးရန္အတြက္ စီစဥ္ထားေၾကာင္း သိရသည္။
"ဒီဇင္ဘာလ(၂၁)ရက္ေန႔မွာ ကြ်န္ေတာ္တုိ႔အဖြ႔ဲေတြ က်ဳိင္းတံုမွာ သြားေရာက္လွဴဒါန္းဖို႔ စီစဥ္ထားပါတယ္။ ပြဲက ရလာတဲ့ အက်ဳိးအျမတ္အားလံုးကို လွဴလိုက္တာပါ။ ပြဲၿပီးေတာ့ စာရင္းခ်ဳပ္လိုက္တဲ့အခါမွာ က်ပ္သိန္း(၉၀)ေက်ာ္ပဲ ျဖစ္ေနလို႔ က်ပ္သိန္း(၁၀၀)အတိျဖစ္ေအာင္ အဖြဲ႔က ထပ္စိုက္လိုက္ၾကၿပီး အခုလို လွဴဒါန္းဖို႔အတြက္ အားလံုးဆံုးျဖတ္လိုက္တာပါ"ဟု Eastern Eagle Motorcycle Club မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
၂၀၁၄ခုႏွစ္က ပထမအႀကိမ္အျဖစ္ က်င္းပျပဳလုပ္ခဲ့သည့္ အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ဆိုင္ကယ္ ကလပ္မ်ား ေတြ႔ဆံုပြဲမွ ရရွိလာသည့္ အက်ဳိးအျမတ္မ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ားမွ စုေပါင္းပါ၀င္ လွဴဒါန္းလာၾကသည့္ စုစုေပါင္းမွာ ထိုင္းဘတ္(၁၂၂,၈၅၀)ဘတ္ အျပင္ ျမန္မာေငြ (၁၀၄၅၀)က်ပ္ ႏွင့္ အင္ဒိုနီးရွားရူပီးေငြ တစ္သိန္း တို႔ကို လွဴဒါန္းခဲ့ေၾကာင္းႏွင့္ ယခု ဒုတိယအႀကိမ္တြင္ လွဴဒါန္းေငြမ်ားမွာ ပထမအႀကိမ္ထက္ ပိုမ်ားေႀကာင္း Eastern Eagle MC မွ သိရသည္။
မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)တိတိကို Eastern Eagle Motorcycle Club မှ ဥက္ကဌ ဦးစိုင်းဟုမ်ဖ၊ ဒုဥက္ကဌ ဦးစိုင်းပိန်းနှင့် အဖွဲ့ဝင်များမှ ပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း တို့မှ လက်ခံပေးခဲ့ကြသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲတွင် နိုင်ငံခြားသား အများအပြား လာရောက်သည့်ပွဲ ဖြစ်သည့်အတွက် လုံခြုံရေးရှိစေရေး အတွက် မိမိတို့ ဌာနဆိုင်ရာများမှ ပါဝင်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို မိဘမဲ့ ကလေးများအတွက် လှူဒါန်းပေးသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။
Eastern Eagle Motorcycle Club က လှူဒါန်းသည့် ကျပ်သိန်း(၁၀၀)ထဲမှ ကျပ်သိန်း (၅၀)အား တာချီလိတ်ခရိုင်အတွင်းရှိ မိဘမဲ့ကလေးများအတွက် စီစဉ်ထားပြီး၊ ကျန်သိန်း(၅၀)အား ကျိုင်းတုံခရိုင် အတွင်းရှိ နောင်ဖာ၊နောင်ကန် နှင့် ဗလငါးတန်တို့အား သွားရောက်၍ ခွေဲဝ လှူဒါန်းပေးမှာဖြစ်ပြီး ယင်းအပြင် ကျိုင်းတုံခရိုင်အတွင်း မိဘမဲ့ ကလေးများအတွက် စာရေးကိရိယာများနှင့် အနွေးထည် များကိုလည်း လှူဒါန်းပေးရန်အတွက် စီစဉ်ထားကြောင်း သိရသည်။
"ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့တွေ ကျိုင်းတုံမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ပွဲက ရလာတဲ့ အကျိုးအမြတ်အားလုံးကို လှူလိုက်တာပါ။ ပွဲပြီးတော့ စာရင်းချုပ်လိုက်တဲ့အခါမှာ ကျပ်သိန်း(၉၀)ကျော်ပဲ ဖြစ်နေလို့ ကျပ်သိန်း(၁၀၀)အတိဖြစ်အောင် အဖွဲ့က ထပ်စိုက်လိုက်ကြပြီး အခုလို လှူဒါန်းဖို့အတွက် အားလုံးဆုံးဖြတ်လိုက်တာပါ"ဟု Eastern Eagle Motorcycle Club မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၁၄ခုနှစ်က ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲမှ ရရှိလာသည့် အကျိုးအမြတ်များနှင့် မော်တော်ဆိုင်ကယ်ကလပ်များမှ စုပေါင်းပါဝင် လှူဒါန်းလာကြသည့် စုစုပေါင်းမှာ ထိုင်းဘတ်(၁၂၂,၈၅၀)ဘတ် အပြင် မြန်မာငွေ (၁၀၄၅၀)ကျပ် နှင့် အင်ဒိုနီးရှားရူပီးငွေ တစ်သိန်း တို့ကို လှူဒါန်းခဲ့ကြောင်းနှင့် ယခု ဒုတိယအကြိမ်တွင် လှူဒါန်းငွေများမှာ ပထမအကြိမ်ထက် ပိုများကြောင်း Eastern Eagle MC မှ သိရသည်။