တာချီလိတ်မြို့မဈေးကို အဆင့်မြှင့်တင်ဆောက်လုပ်လိုက်ပြီးနောက်မှာ ပျံကျဈေးသည်များနဲ့ အခြားဈေးသည်များရဲ့ အခက်အခဲများစွာ ဖြစ်ပေါ်နေရမှုများနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးက ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီးအချို့ဈေးသည်များရဲ့ ပြောဆိုမှုများကို နားထောင်ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မဈေးကို အဆင့်မြှင့်တင်ဆောက်လုပ်လိုက်ပြီးနောက်မှာ ပျံကျဈေးသည်များနဲ့သားငါးဈေးသည်များ အပါအဝင် ဈေးသည်တော်တော်များများဟာ ယခင် ထက် ဈေးရောင်းချမှု လျော့ကျသွားပြီး အကြွေးများတင်တဲ့အထိ အခက်အခဲများ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။