ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ရွမ္းျပည္နယ္အစုိးရအဖြဲ႕မွ ေထာက္ပံ့သည့္ ထရန္စေဖာ္မာ (၄)လံုး တပ္ဆင္ျခင္းအား ဒီဇင္ဘာလကုန္တြင္ အၿပီးေဆာင္ရြက္ေနေၾကာင္း သိရသည္။
“ရွမ္းျပည္နယ္အစိုးရအဖဲြ႕က ေထာက္ပ့့ံတဲ့ (၂၀၀)KVA ထရန္စေဖာ္မာ(၃)လုံးနဲ႔ (၁၆၀)KVA ထရန္စေဖာ္မာ (၁)လုံး စုစုေပါင္း(၄)လုံးကို ၿမိဳ႕သစ္၊ မယ္ဆတ္၊ ၀မ္ဟုန္းနဲ႔ ေနာင္ဘိုရြာမွာ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေရးလုပ္ငန္းန႔ဲ ဦးၾကည္သိန္းမိသားစုကုမၸဏီက တပ္ဆင္ေနတာပါ။ ဒီဇင္ဘာလကုန္အၿပီး တပ္ဆင္သြားမွာပါ။ လကုန္ရင္ေတာ့ ေဒသခံျပည္သူေတြ အရင္ကထက္ လွ်ပ္စစ္ဓာတ္အား ပိုမိုျပည့္၀စြာသုံးစဲြႏိုင္ေတာ့မွာပါ”ဟု ၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာမွဴး ဦးသိန္းေဇာ္ထြန္းက ေျပာသည္။
မိုင္းဆတ္ၿမိဳ႕အား မယ္ပန္ေရအားလွ်ပ္စစ္မွ ၆၀၀ ကီလို၀ပ္ စက္(၂)လုံးျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ ျဖန္႔ျဖဴးေပးေနၿပီး မီးသုံးစဲြသည့္ပမာဏမွာ ၁၄၀၀ ကီလို၀ပ္ရိွ၍ ေလးရက္ျခားတစ္ခါ မီးသုံးစဲြမႈမ်ားသည့္ နံနက္(၅) နာရီမွ (၈)နာရီႏွင့္ ညေန(၅)နာရီမွ (၈)နာရီအတြင္း အလွည့္က်မီးျဖတ္သည့္စနစ္ျဖင့္ ေဆာင္ရြက္ေနရေၾကာင္း သိရသည္။
သတင္း - သန္းေဇာ္ဦး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထရန်စဖော်မာ (၄)လုံး တပ်ဆင်ခြင်းအား ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်နေကြောင်း သိရသည်။
“ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့တဲ့ (၂၀၀)KVA ထရန်စဖော်မာ(၃)လုံးနဲ့ (၁၆၀)KVA ထရန်စဖော်မာ (၁)လုံး စုစုပေါင်း(၄)လုံးကို မြို့သစ်၊ မယ်ဆတ်၊ ဝမ်ဟုန်းနဲ့ နောင်ဘိုရွာမှာ ကျွန်တော်တို့ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ဦးကြည်သိန်းမိသားစုကုမ္ပဏီက တပ်ဆင်နေတာပါ။ ဒီဇင်ဘာလကုန်အပြီး တပ်ဆင်သွားမှာပါ။ လကုန်ရင်တော့ ဒေသခံပြည်သူတွေ အရင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာသုံးစွဲနိုင်တော့မှာပါ”ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်းဇော်ထွန်းက ပြောသည်။
မိုင်းဆတ်မြို့အား မယ်ပန်ရေအားလျှပ်စစ်မှ ၆၀၀ ကီလိုဝပ် စက်(၂)လုံးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနပြေီး မီးသုံးစွဲသည့်ပမာဏမှာ ၁၄၀၀ ကီလိုဝပ်ရှိ၍ လေးရက်ခြားတစ်ခါ မီးသုံးစွဲမှုများသည့် နံနက်(၅) နာရီမှ (၈)နာရီနှင့် ညနေ(၅)နာရီမှ (၈)နာရီအတွင်း အလှည့်ကျမီးဖြတ်သည့်စနစ်ဖြင့် ဆောင်ရွက်နေရကြောင်း သိရသည်။
သတင်း - သန်းဇော်ဦး