အေျခခံအိမ္တြင္းမႈသင္တန္း အဆင့္ျမင့္စက္ခ်ဳပ္သင္တန္းႏွင့္ ကယား႐ိုးရာဂ်ပ္ခုတ္သင္တန္းဖြင့္လွစ္

အေျခခံအိမ္တြင္းမႈသင္တန္း အဆင့္ျမင့္စက္ခ်ဳပ္သင္တန္းႏွင့္ ကယား႐ိုးရာဂ်ပ္ခုတ္သင္တန္းဖြင့္လွစ္
ဒီဇင်ဘာ 20, 2016
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမဳိ႕ အမ်ိဳးသမီးအိမ္တြင္းမႈ သက္ေမြးလုပ္ငန္း ပညာသင္တန္းေက်ာင္းမွ ေဒသခံမ်ားအား အေျခခံ အိ္မ္တြင္းမႈသင္တန္း အဆင့္ျမင့္စက္ခ်ဳပ္သင္တန္းႏွင့္ ကယား႐ိုးရာ ဂ်ပ္ခုတ္သင္တန္းမ်ားကို ၁၄ ပတ္ၾကာ ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္းသိရသည္။

ျပည္နယ္တြင္း အလုပ္ကိုင္အခြင့္လမ္းမ်ား ရရွိေစရန္ႏွင့္ အမ်ိဳးသမီးမ်ား အတြက္ အသက္ေမြးဝမ္းေၾကာင္း ျပဳႏိုင္သည္ထိ အာမခံခ်က္မ်ား ရရွိႏိုင္ေစရန္ ရည္ရြယ္၍ ႏိုင္ငံေတာ္မွ ဖြင့္လွစ္သင္ၾကားေပးရျခင္း ျဖစ္ေၾကာင္း ျပည္နယ္လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးေဇာ္မ်ိဳးတင္က သင္တန္းဖြင့္ပြဲတြင္ ေျပာၾကားခဲ့သည္။

"ယခုသင္တန္းမွာဆိုရင္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ကယားျပည္နယ္ ခရီးစဥ္ ပန္ပက္သို႔သြားျပီး ေဒသခံ ကယန္း(ပေဒါင္)လူမ်ိဳးမ်ားႏွင့္ေတြ႕ဆံုစဥ္ ေဒသခံေတြက အိမ္တြင္းမႈ သက္ေမြးလုပ္ငန္းျဖစ္တဲ႔ ႐ိုးရာဂ်ပ္ခုတ္ သင္တန္းလက္မႈလုပ္ငန္းေတြကို စနစ္တက် သင္ၾကားလိုေၾကာင္း ေျပာၾကားခဲ့တဲ့အတြက္ အခုသင္တန္းမွာ တိုင္းရင္းသားမ်ားအနက္ ပန္ပက္ေက်းရြာမွ ကယန္း(ပေဒါင္)လူမ်ိဳးမ်ားပါ၀င္ၿပီး တက္ေရာက္လာသည့္ အတြက္ မ်ားစြာ၀မ္းသာမိတယ္" ဟု ျပည္နယ္လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးေဇာ္မ်ိဳးတင္က ေျပာၾကားသည္။

ယခုသင္တန္းတြင္ အေျခခံအိမ္တြင္းမႈ သင္တန္းသူ(၃၃)ဦး၊ အဆင့္ျမင့္စက္ခ်ဳပ္ သင္တန္းသူ(၁၈)ဦးႏွင့္ ကယား႐ိုးရာဂ်ပ္ခုတ္ သင္တန္းသူ(၅)ဦး စုစုေပါင္း (၅၆)ဦး တက္ေရာက္ၾကၿပီး ဒီဇင္ဘာလ ၁၉ ရက္ေန႔မွစ၍ ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဒေသခံများအား အခြေခံ အိ်မ်တွင်းမှုသင်တန်း အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ကယားရိုးရာ ဂျပ်ခုတ်သင်တန်းများကို ၁၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်းသိရသည်။

ပြည်နယ်တွင်း အလုပ်ကိုင်အခွင့်လမ်းများ ရရှိစေရန်နှင့် အမျိုးသမီးများ အတွက် အသက်မွေးဝမ်းကြောင်း ပြုနိုင်သည်ထိ အာမခံချက်များ ရရှိနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးတင်က သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

"ယခုသင်တန်းမှာဆိုရင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကယားပြည်နယ် ခရီးစဉ် ပန်ပက်သို့သွားပြီး ဒေသခံ ကယန်း(ပဒေါင်)လူမျိုးများနှင့်တွေ့ဆုံစဉ် ဒေသခံတွေက အိမ်တွင်းမှု သက်မွေးလုပ်ငန်းဖြစ်တဲ့ ရိုးရာဂျပ်ခုတ် သင်တန်းလက်မှုလုပ်ငန်းတွေကို စနစ်တကျ သင်ကြားလိုကြောင်း ပြောကြားခဲ့တဲ့အတွက် အခုသင်တန်းမှာ တိုင်းရင်းသားများအနက် ပန်ပက်ကျေးရွာမှ ကယန်း(ပဒေါင်)လူမျိုးများပါဝင်ပြီး တက်ရောက်လာသည့် အတွက် များစွာဝမ်းသာမိတယ်" ဟု ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးတင်က ပြောကြားသည်။

ယခုသင်တန်းတွင် အခြေခံအိမ်တွင်းမှု သင်တန်းသူ(၃၃)ဦး၊ အဆင့်မြင့်စက်ချုပ် သင်တန်းသူ(၁၈)ဦးနှင့် ကယားရိုးရာဂျပ်ခုတ် သင်တန်းသူ(၅)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက်ကြပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~