တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာတွင် ဖွင့်လှစ်ထားသော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင် မှ သွားရောက်ကြည့်ရှု အားပေးစကားပြောကာ ထောက်ပံ့ငွေ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအ၀င် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူတို့မှ ယင်းရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးစခန်းသို့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးစခန်းတွင် ကျေးရွာအနီးနားမှ ဆေးလာရောက်ဖြတ်သူ (၅၀)ဦးရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒီဇင်ဘာလ (၁၄)ရက်နေ့က စ၍ (၃၅)ရက်ကြာ ပြန်လည်ထူထောင်ရေးအတွက် သင်တန်းပို့ချနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက တစ်နှစ်ကို နှစ်ကြိမ် ဆေးဖြတ်စခန်းများတွင် ပြန်လည်ထူထောင်ရေးအတွက် စီမံချက်အနေဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူတို့မှ ယင်းရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးစခန်းသို့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ စခန်းအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ကျပ်(၁)သိန်းနှင့် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီဖွဲ့အချုပ်က ကျပ်(၁)သိန်း စုစုပေါင်း ကျပ်ငွေ(၂)သိန်းအား လှူဒါန်းထောက်ပံခဲ့ကြသည်။
အဆိုပါ ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးစခန်းတွင် ကျေးရွာအနီးနားမှ ဆေးလာရောက်ဖြတ်သူ (၅၀)ဦးရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒီဇင်ဘာလ (၁၄)ရက်နေ့က စ၍ (၃၅)ရက်ကြာ ပြန်လည်ထူထောင်ရေးအတွက် သင်တန်းပို့ချနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက တစ်နှစ်ကို နှစ်ကြိမ် ဆေးဖြတ်စခန်းများတွင် ပြန်လည်ထူထောင်ရေးအတွက် စီမံချက်အနဖြေင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ