တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလမြေို့ မိုက်ဟွန်ဆံခါကျေးရွာမှာ ရွာသူရွာသားများ သောက်သုံးရေနဲ့ လယ်ယာစိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုနေတဲ့ သဘာဝစမ်းရေ ရယူတဲ့ နေရာမှာ လူအချို့ဟာ အလုပ်သမားများ စက်ယန္တရားများဖြင့် လာရောက်ပြီး နယ်မြေကျူးကျော် လုပ်ဆောင်နေတယ်ဟု ဆိုကာ ရွာသားများ သွားရောက်ဖြေရှင်းရာမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများနဲ့ ကြုံတွေ့နေရတဲ့အတွက် ရှမ်းပြည်နယ်ဝန်ကြီးရဲ့ ဒီဇင်ဘာတတိယပတ် တာချီလိတ်ခရီးမှာ ရွာသူရွာသားများက တိုင်ကြားလိုက်ကြောင်း သိရပါတယ်။
ဖြစ်စဉ်များနဲ့ ပတ်သက်ပြီးတော့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ပြည်နယ်ဝန်ကြီးတို့က ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန်အတွက်
အဆင့်ဆင့်ညွှန်ကြားထားလိုက်ပြီး ဖြစ်စဉ်အကြောင်းအရာများနဲ့ ပတ်သက်ပြီး ထပ်မံ အသေးစိတ်သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တာလမြေို့အုပ်ချုပ်ရေးမှူးကို ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ရွာသူရွာသားများနဲ့အတူ သွားရောက်စစ်ဆေးဖို့ အတွက် ညွှန်ကြားထားလိုက်တယ်လို့ သိရပါတယ်။