အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ အကျိုးအမြတ်များကို မိဘမဲ့ကလေးများနှင့် အနာကြီးရောဂါ ဝေဒနာရှင်များအား ခွဲဝေ လှူဒါန်း

အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ အကျိုးအမြတ်များကို မိဘမဲ့ကလေးများနှင့် အနာကြီးရောဂါ ဝေဒနာရှင်များအား ခွဲဝေ လှူဒါန်း
ဒီဇငျဘာ 21, 2016
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော် ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ်ငွေ အားလုံးကို ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Eastern Eagle Motorcycle Club အဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း နှင့် ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)တိတိ လှူဒါန်းပြီး၊ အဆိုပါ ကျပ်သိန်း(၁၀၀)ထဲမှ ကျိုင်းတုံခရိုင်အတွက် ကျပ်သိန်း(၅၀)အား ဒီဇင်ဘာလ(၂၁)ရက် နေ့တွင် ခွဲဝေလှူဒါန်းလိုက်ကြောင်း သိရသည်။

Eastern Eagle Myanmar Motorcycle Club အဖွဲ့သည် ကျိုင်းတုံမြို့ နောင်ဖာရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းအတွက် ကျပ်(၁၅)သိန်း အပါအ၀င် အနွေးထည်များ နှင့် ဆန်အိတ်(၅)အိတ်၊ နောင်ကန် အနာကြီးရိပ်သာရှိ အနာကြီးရောဂါ ဝေဒနာရှင်များနှင့် ကလေးငယ်များအတွက် ကျပ်(၂၀)သိန်း အပါအ၀င် ဆန်အိတ်(၅)အိတ်၊ စာရေးကိရိယာများနှင့် အနွေးထည်များကို လှူဒါန်းခြင်းဖြစ်ပြီး လွိုင်မွေမြို့ရှိ ဗလငါးတန်ကျောင်းတွင် ကျပ် (၁၅) သိန်း လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင်အခြေစိုက်သည့် Eastern Eagle Myanmar Motorcycle Club မှ စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ -ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော် ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ်ငွေ အားလုံးကို ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့်ျေအြနမညြောူန သြအသမခပခူန ဃူကဘ အဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း နှင့် ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)တိတိ လှူဒါန်းပြီး၊ အဆိုပါ ကျပ်သိန်း(၁၀၀)ထဲမှ ကျိုင်းတုံခရိုင်အတွက် ကျပ်သိန်း(၅၀)အား ဒီဇင်ဘာလ(၂၁)ရက် နေ့တွင် ခွေဲဝလှူဒါန်းလိုက်ကြောင်း သိရသည်။

ျေအြနမညြောူန ပြညောမေ သြအသမခပခူန ဃူကဘ အဖွဲ့သည် ကျိုင်းတုံမြို့ နောင်ဖာရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းအတွက် ကျပ်(၁၅)သိန်း အပါအဝင် အနွေးထည်များ နှင့် ဆန်အိတ်(၅)အိတ်၊ နောင်ကန် အနာကြီးရိပ်သာရှိ အနာကြီးရောဂါေဝဒနာရှင်များနှင့် ကလေးငယ်များအတွက် ကျပ်(၂၀)သိန်း အပါအဝင် ဆန်အိတ်(၅)အိတ်၊ စာရေးကိရိယာများနှင့် အနွေးထည်များကို လှူဒါန်းခြင်းဖြစ်ပြီး လွိုင်မွမြေို့ရှိ ဗလငါးတန်ကျောင်းတွင် ကျပ် (၁၅) သိန်း လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ လှူဒါန်းရာတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြောင်း သိရသည်။
တာချီလိတ်မြို့တွင်အခြေစိုက်သည့်ျေအြနမညြောူန ပြညောမေ သြအသမခပခူန ဃူကဘ မှ စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~