မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ လှူဒါန်းသည့် အလှူငွေများကို တာချီလိတ်ရှိ မိဘမဲ့ကလေးများအတွက် ဘ/က ကျောင်းများသို့ ခွဲဝေလှူဒါန်း

မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ လှူဒါန်းသည့် အလှူငွေများကို တာချီလိတ်ရှိ မိဘမဲ့ကလေးများအတွက် ဘ/က ကျောင်းများသို့ ခွဲဝေလှူဒါန်း
ဒီဇငျဘာ 22, 2016
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော် ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ်ငွေ အားလုံးကို ပွဲကျင်းပရေး အဖွဲ့ဖြစ်သည့် Eastern Eagle Motorcycle Club အဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း နှင့် ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)တိတိ လှူဒါန်းရာ ခရိုင်(၂)ခုတွင် အလှူငွေများ ခွဲဝေလှူဒါန်းပြီးပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများနှင့် အနာကြီးရောဂါသည်များအတွက် ကျောင်းသုံး စာရေးကိရိယာ၊ အ၀တ်အထည် နှင့် ငွေကျပ်သိန်း(၅၀)ကို ဒီဇင်ဘာလ(၂၁)ရက်နေ့က ခွဲဝေလှူဒါန်းခဲ့ပြီး ဒီဇင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်မြို့နယ်အတွင်းရှိ မိဘမဲ့ကလေးများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ကျပ်သိန်း(၅၀)အား ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Eastern Eagle Motorcycle Club အဖွဲ့မှ ကျိုင်းတုံသို့ သွားရောက်၍ လှူဒါန်းခဲ့ကြောင်းနှင့် တာချီလိတ်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံခွဲဝေလှူဒါန်းပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လှူဒါန်းပေးရာမှာ နောင်ခမ်းအောင်ဆုပန် ဘ/ကကျောင်းသို့ ကျပ်(၁၀)သိန်း၊ ရွှေတောင်တန်းပရဟိတကျောင်းတိုက်သို့ ကျပ်(၁၀)သိန်းနှင့် ပရဟိတအောင်မင်္ဂလာတောရကျောင်းသို့ ကျပ်(၁၀)သိန်း ခွဲဝေလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကျန်ရှိသည့် ကျပ်သိန်း(၂၀)အား ဓမ္မသစ္စာ ဘ/ကကျောင်း၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုင်ဂူ ဘ/ကကျောင်း နှင့် ဆမ်ကွမ်း ဘ/ကကျောင်း စသည့် ဘ/ကကျောင်း(၃)ကျောင်းသို့ ခွဲဝေ၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော် ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ်ငွေ အားလုံးကို ပွဲကျင်းပရေး အဖွဲ့ဖြစ်သည့် Eastern Eagle Motorcycle Club အဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း နှင့် ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)တိတိ လှူဒါန်းရာ ခရိုင်(၂)ခုတွင် အလှူငွေများ ခွေဲဝလှူဒါန်းပြီးပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံခရိုင်အတွင်းရှိ မိဘမဲ့ကလေးများနှင့် အနာကြီးရောဂါသည်များအတွက် ကျောင်းသုံး စာရေးကိရိယာ၊ အဝတ်အထည် နှင့် ငွေကျပ်သိန်း(၅၀)ကို ဒီဇင်ဘာလ(၂၁)ရက်နေ့က ခွေဲဝလှူဒါန်းခဲ့ပြီး ဒီဇင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်မြို့နယ်အတွင်းရှိ မိဘမဲ့ကလေးများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ကျပ်သိန်း(၅၀)အား ခွေဲဝလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Eastern Eagle Motorcycle Club အဖွဲ့မှ ကျိုင်းတုံသို့ သွားရောက်၍ လှူဒါန်းခဲ့ကြောင်းနှင့် တာချီလိတ်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံခွေဲဝလှူဒါန်းပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လှူဒါန်းပေးရာမှာ နောင်ခမ်းအောင်ဆုပန် ဘ/ကကျောင်းသို့ ကျပ်(၁၀)သိန်း၊ ရွှေတောင်တန်းပရဟိတကျောင်းတိုက်သို့ ကျပ်(၁၀)သိန်းနှင့် ပရဟိတအောင်မင်္ဂလာတောရကျောင်းသို့ ကျပ်(၁၀)သိန်း ခွေဲဝလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကျန်ရှိသည့် ကျပ်သိန်း(၂၀)အား ဓမ္မသစ္စာ ဘ/ကကျောင်း၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုင်ဂူ ဘ/ကကျောင်း နှင့် ဆမ်ကွမ်း ဘ/ကကျောင်း စသည့် ဘ/ကကျောင်း(၃)ကျောင်းသို့ ခွေဲဝ၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

Eastern Eagle Motorcycle Club မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲကို ဒီဇင်ဘာလ(၁၀)ရက်မှ (၁၁)ရက်နေ့အထိ တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပွဲမှ ရရှိသည့် အကျိုးအမြတ်ငွေများ အားလုံးကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~